Connect with us

Hi, what are you looking for?

သတင်း

အင်းတော် မဲဇာရဲစခန်းကို PDF တိုက်ခိုက်၊ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် တုံ့ပြန်ပစ်ခတ်

မဲဇာရဲစခန်းတွင် စစ်သားနှင့်ရဲများအပြင် ပျူ​စောထီးများလည်းရှိပြီး ဇွန်လ ၉ရက်မှစ၍ PDFပူးပေါင်းတပ်ဖွဲ့က ​ပြောက်ကျားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အခြားPDFတစ်ဦးက​ပြောသည်။

(အင်း​တော် PDF တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-IR)
(အင်း​တော် PDF တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-IR)

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မဲဇာရဲစခန်းကိုပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း အင်းတော် PDF ရဲဘော်တစ်ဦးက ပြောသည်။

ဇွန်လ ၁၁ရက် နံနက်အစော ၂နာရီခန့်တွင် ရဲစခန်းကို PDFက ပြောက်ကျားနည်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

“မဲဇာဖြစ်စဉ်က ဒီအတိုင်း ရဲစခန်းကို သွားပစ်တာပါ။ ​ေ-တွေဘက်က လက်နက်ကြီးနဲ့ မြို့ထဲကရော အထဲ(ရဲစခန်း)ကရော သူတို့ လက်နက်ကြီးနဲ့ လှမ်းပစ်တာ” ဟု အင်းတော် PDF ရဲဘော်က ပြောသည်။

မဲဇာရဲစခန်းတွင် စစ်သားနှင့်ရဲများအပြင် ပျူ​စောထီးများလည်းရှိပြီး ဇွန်လ ၉ရက်မှစ၍ PDFပူးပေါင်းတပ်ဖွဲ့က ​ပြောက်ကျားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အခြားPDFတစ်ဦးက​ပြောသည်။

Public Service Announcement

Public Service Announcement

” စခန်းသိမ်းနိုင်တဲ့အဆင့်အထိတော့ မရောက်ခဲ့ပါဘူး။ တိုက်ပွဲကတော့ တော်တော်လေး ပြင်းပါတယ်။ မဲဇာစခန်းက စစ်တပ်နဲ့ပျူပေါင်းပြီးတပ်စွဲထားတာ။ “ဟုအင်းတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

စစ်​ကောင်စီဘက်မှ ထိခိုက်​သေဆုံးမှုများရှိနိုင်ပြီး PDFများဘက်မှ ဒဏ်ရာရသူအချို့ရှိသော်လည်း စိုးရိမ်စရာမရှိဟုအထက်ပါရဲ​ဘော်က​ပြောသည်။

အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်ပြီးလူမှုကွန်ရက်၌ မဲဇာရဲစခန်းကို KIA/PDF က စီးနင်း ပြီး စခန်းကို မီးရှို့ခဲ့သည်ဆိုသည့် ရေးသားမှုအချို့ရှိခဲ့သည်။

ယင်းနှင့်ပတ်သက်ပြီး အင်းတော် PDFက “အင်းတော် PDF တစ်ခုတည်း။ ကျနော်တို့ ဆီမှာ ရှိတဲ့ ရင်း(၆)တို့ ၊ ABSDF တို့မပါဘူး။ ညကိုသွားပစ်တာ။ ည၂နာရီလောက်ကို သွားပစ်တာ။ သွားပစ်တော့ စစ်ကောင်စီ အင်းတော်ရိက္ခာကုန်းက လက်နက်ကြီးနဲ့လှမ်းထုတာ မဲဇာဘက်ကို။မဲဇာရဲစခန်းပဲ။ မဲဇာရဲစခန်းဆိုပေမယ့်အဲဒီမှာ နည်းနည်းတော့ တပ်ဖျောက်ထားတာပေါ့ ကတုတ်ကျင်းတွေ ဘန်ကာတွေ အခိုင်အမာတူးပြီးတော့ တပ်ဖျောက်ထားတဲ့နေရာပေါ့။ အင်အားများတယ်” ဟု ပြောသည်။

အဆိုပါ စစ်ကောင်စီရဲစခန်းသည် ၂၀၂၂ ဇူလိုင်အတွင်းက တစ်ကြိမ်တိုက်ခိုက်ခံခဲ့ရသည်။ ထိုစဉ်က KIAနှင့် PDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကသေဆုံးထိခိုက်ရှိခဲ့သည်။

ယခုရက်ပိုင်းတွင် အင်းတော်၊ ကသာ၊ ထီးချိုင့် ထိစပ်ဒေသများ၌ စစ်ကောင်စီက စစ်ကြောင်းအချို့ရောက်ရှိနေပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများမကြာခဏ ဖြစ်ပွားနေကြောင်း ​ဒေသခံများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။