Connect with us

Hi, what are you looking for?

သတင်း

မယ်စဲ့တွင် စစ်ကောင်စီတပ်စခန်းလေးခုကို တစ်ပြိုင်တည်း တိုက်ခိုက်သိမ်းပိုက်၊ ရဲစခန်းတိုက်ပွဲတွင် မြို့နယ်စခန်းမှူးသေဆုံး

စစ်တပ်အာဏာသိမ်းပြီးနောက် မယ်စဲ့မြို့ရှိ စစ်ကောင်စီတပ်စခန်းကို ပထမဆုံးအကြိမ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ မယ်စဲမြို့သည် လူဦးရေထောင်ကျော်သာရှိသည့် မြို့ငယ်လေးဖြစ်ပြီး ရဲစခန်း၌လည်း အင်အားအနည်းငယ်သာရှိကြောင်း၊ လက်ရှိတွင် စစ်ကောင်စီတပ်စခန်းတစ်ခု မြို့ပေါ်၌ ကျန်ရှိနေကြောင်း သတင်းရင်းမြစ်က ပြောသည်။

(ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်နှင့် ကယားပြည်နယ် မယ်စဲ့မြို့ကို ဆက်သွယ်ထားသည့် နယ်စပ် ကုန်သွယ်ရေး ဂိတ် (BP-13)အား တွေ့ရစဥ်။ ဓာတ်ပုံ - Linzawhtut Htut facebook)
(ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်နှင့် ကယားပြည်နယ် မယ်စဲ့မြို့ကို ဆက်သွယ်ထားသည့် နယ်စပ် ကုန်သွယ်ရေး ဂိတ် (BP-13)အား တွေ့ရစဥ်။ ဓာတ်ပုံ - Linzawhtut Htut facebook)

“စခန်းသိမ်းတိုက်တာ လေးခုလုံးပဲ။ဒါပေမဲ့ သူတို့က လေယာဉ်တို့ဘာတို့လာတဲ့အခါ ပြန်ဆုတ်ရတာပေါ့။ ကျနော်တို့က စခန်းကိုရဖို့ထက် ကိုယ့်လူသက်သာဖို့ အဲဒါမျိုးလုပ်လိုက်တာလေ” – ကရင်နီ စစ်ဘက်သတင်းရင်းမြစ်

ကရင်နီပြည်နယ် မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီတပ်၏ မြို့နယ်ရဲစခန်းနှင့် တပ်စခန်း သုံးခုကို ကရင်နီ ပူးပေါင်းတပ်က ယနေ့မနက်တွင်တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုရှိပြီး (၁၂၀)မမ လက်နက်ကြီး နှစ်လက်အပါအဝင် လက်နက်အများအပြား ရရှိခဲ့သည်ဟု ကရင်နီစစ်ဘက် သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ်ကို မသိရသေးဟု ဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မယ်စဲ့မြို့ရှိ စစ်ကောင်စီတပ်စခန်းကို ပထမဆုံးအကြိမ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ မယ်စဲမြို့သည် လူဦးရေထောင်ကျော်သာရှိသည့် မြို့ငယ်လေးဖြစ်ပြီး ရဲစခန်း၌လည်း အင်အားအနည်းငယ်သာရှိကြောင်း၊ လက်ရှိတွင် စစ်ကောင်စီတပ်စခန်းတစ်ခု မြို့ပေါ်၌ ကျန်ရှိနေကြောင်း သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
Public Service Announcement

“နောက်ဆက်တွဲကတော့ စခန်းက ရဲစခန်းအပါ လေးခု။တောင်လှစခန်းရယ်။ မယ်လမျှော်ရယ်ဆိုတဲ့ စခန်းရယ်။ နောက်ပြီး ဘီပီ ၁၄ ပေါ့။ အဲဒီစခန်းသုံးခုရယ် နောက်ပြီး ရဲစခန်းအပါ ၄ခု။ အကျအဆုံးက အခုထိမသိရသေးဘူး။ ဒါပေမဲ့ မယ်စဲ့မြို့နယ်ရဲစခန်းမှူးကျသွားတယ်လို့ ပြောတယ်။ စခန်းသိမ်းတိုက်တာ လေးခုလုံးပဲ။ဒါပေမဲ့ သူတို့က လေယာဉ်တို့ဘာတို့လာတဲ့အခါ ပြန်ဆုတ်ရတာပေါ့။ ကျနော်တို့က စခန်းကိုရဖို့ထက် ကိုယ့်လူသက်သာဖို့ အဲဒါမျိုးလုပ်လိုက်တာလေ”ဟု ကရင်နီ စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ရဲစခန်း၌ လူအင်အား ဆယ်ဂဏန်းသာရှိသော်လည်း လက်နက်အလက် ၄၀ခန့်သိမ်းဆည်းရရှိခဲ့သည်ဟု ၎င်းက ပြောသည်။

“အခုက မယ်စဲ့မြို့နယ်ဆိုရင် အရင်တုန်းက မဖြစ်ခဲ့ဘူးဘူး။ အခု ကြီးကြီးကျယ်ကျယ် စခန်း သုံးလေးခုကို တစ်ခါတည်း အဲဒီလို တိုက်လိုက်တာ”ဟု ကရင်နီ စစ်ဘက် သတင်းရင်းမြစ်က ပြောသည်။

ရဲစခန်းအနီးရှိ စစ်ကောင်စီတပ်စခန်းကြီးတစ်ခု ကျန်နေပြီး အဆိုပါ တပ်စခန်းမှ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ပစ်ကူပေးခြင်း များ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

“ကျနော်တို့ ပြည်နယ်မှာက တစ်ပြည်နယ်လုံးစစ်ဖြစ်နေပြီ။ IDPလည်း တစ်ပြည်နယ်လုံး ဖြစ်သွားပြီပေါ့”ဟု ကရင်နီ စစ်ဘက် သတင်းရင်းမြစ်က ပြောသည်။

ကရင်နီ(ကယား)ပြည်နယ်တွင် မြို့နယ် ခုနစ်ခုရှိရာ လွိုင်ကော်၊ ရှားတော၊ ဖရူဆို၊ ဘောလခဲ၊ ဒီးမော့ဆို မြို့နယ်များ၌ ကရင်နီ ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ မယ်စဲမြို့နယ်တွင် ကရင်နီ ပူးပေါင်းတပ်က ယနေ့မှစ၍ စစ်ဆင်ရေးလုပ်ဆောင်ခဲ့ရာ ပွဲဦးထွက်တွင် စစ်ကောင်စီတပ်စခန်း လေးခုကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ဖားဆောင်းမြို့နယ်တွင်မူ တိုက်ပွဲဖြစ်ပွားမှု မကြားမိသေးပေ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။