Connect with us

Hi, what are you looking for?

သတင်း

ဟံလင်းမြို့ဟောင်းရှိ စစ်ကောင်စီစခန်းကို PDF သုံးဖွဲ့ပူးပေါင်း တိုက်ခိုက်

ဇွန်လ ၁၂ ရက် နံနက် ၅နာရီခွဲခန့်က ဝက်လက်မြို့နယ်၊ ဟံလင်းမြို့ဟောင်း၌ တပ်စွဲထားသော စစ်ကောင်စီ စခန်းအား တော်လှန်ရေးအဖွဲ့ သုံးဖွဲ့ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(စစ်ဆင်ရေးတွင်တွေ့ရသည့် ပြည်သူ့ရဲဘော်များ။ ဓာတ်ပုံ - 96 Soldiers)
(စစ်ဆင်ရေးတွင်တွေ့ရသည့် ပြည်သူ့ရဲဘော်များ။ ဓာတ်ပုံ - 96 Soldiers)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ဟံလင်းမြို့ဟောင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းအား တော်လှန်ရေးအဖွဲ့များ သွားရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း 96 Soldiers-PDF အဖွဲ့မှ ကိုဇေယျာလွင်က ပြောသည်။

ဇွန်လ ၁၂ ရက် နံနက် ၅နာရီခွဲခန့်က ဝက်လက်မြို့နယ်၊ ဟံလင်းမြို့ဟောင်း၌ တပ်စွဲထားသော စစ်ကောင်စီ စခန်းအား တော်လှန်ရေးအဖွဲ့ သုံးဖွဲ့ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(စစ်ဆင်ရေးတွင်တွေ့ရသည့် ပြည်သူ့ရဲဘော်များ။ ဓာတ်ပုံ - 96 Soldiers)
(စစ်ဆင်ရေးတွင်တွေ့ရသည့် ပြည်သူ့ရဲဘော်များ။ ဓာတ်ပုံ – 96 Soldiers)

“စခန်းနားအထိကပ်ပြီး ပစ်ကြတာ။ ဒါပေမယ့် စခန်းကိုအရမ်းကြီးနီးကပ်စွာ ကပ်တာမျိုးတော့မဟုတ်ဘူး။ စခန်းနားမှာ ကန္တာရပင်တွေရှိတော့ အခုအခံအကာအကွယ်မရှိဘူး။ ဟံလင်းမှာ ဒီကောင်တွေတပ်စွဲတာ ၇လ သို့မဟုတ် ၈ လလောက်ရှိပြီ။ အဲကာလအတွင်းမှာ လက်နက်ငယ်နဲ့တိုက်ခိုက်တာမျိုး မရှိဘူး။ ဒါပထမဆုံးပဲ။”ဟု 96 Soldiers-PDF အဖွဲ့မှ ကိုဇေယျာလွင်က ပြောသည်။

(စစ်ဆင်ရေးတွင်တွေ့ရသည့် ပြည်သူ့ရဲဘော်များ။ ဓာတ်ပုံ - 96 Soldiers)
(စစ်ဆင်ရေးတွင်တွေ့ရသည့် ပြည်သူ့ရဲဘော်များ။ ဓာတ်ပုံ – 96 Soldiers)

ဟံလင်းမြို့ဟောင်းရှိ စစ်ကောင်စီစခန်းအား တိုက်ခိုက်ရာတွင် ထိတွေ့တိုက်ပွဲ မိနစ် ၂၀ခန့် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ လေးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာများရရှိခဲ့ကြောင်း ကျေးရွာဒေသခံများ၏ ပြောစကားကိုကိုးကားကာ 96 Soldiers-PDF အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ဆင်ရေးအား MDF-Shwebo တပ်ဖွဲ့၊ ဒုံးပျံတပ်ဖွဲ့တို့နှင့် 96 Soldiers-PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ပူးပေါင်းအဖွဲ့များဘက်က အထိခိုက်အကျဆုံးမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

(စစ်ဆင်ရေးတွင်တွေ့ရသည့် ပြည်သူ့ရဲဘော်များ။ ဓာတ်ပုံ - 96 Soldiers)
(စစ်ဆင်ရေးတွင်တွေ့ရသည့် ပြည်သူ့ရဲဘော်များ။ ဓာတ်ပုံ – 96 Soldiers)

ဟံလင်းမြို့ဟောင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်သည် ဝက်လက်နယ်အတွင်း ကျေးရွာများအား မကြာခဏစစ်ကြောင်းထိုးဖျက်ဆီးမှုများ ပြုလုပ်လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook