Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ်တိုက်ပွဲစစ်ကောင်စီ ငါးဦးထက်မနည်းသေ

တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကမြိတ်- တနင်္သာရီ-ဘုတ်ပြင်းလမ်းပိုင်းကိုလည်း ယခင်တားမြစ်ထားသည့်အတိုင်း ခရီးသွားပြည်သူများ အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် အသုံးပြုခွင့်မပြုသေးကြောင်းထပ်မံထုတ်ပြန်ထားသည်။

(စစ်​ကောင်စီတပ်ကားများ ၂၀၂၃မတ်လကုန်ပိုင်းတွင်တနင်္သာရီမြို့နယ်၊သဲဖြူရွာသို့ လာ​နေကြစဥ်။ ဓါတ်ပုံ-တနင်္သာရီမြို့နယ်PDF)
(စစ်​ကောင်စီတပ်ကားများ ၂၀၂၃မတ်လကုန်ပိုင်းတွင်တနင်္သာရီမြို့နယ်၊သဲဖြူရွာသို့ လာ​နေကြစဥ်။ ဓါတ်ပုံ-တနင်္သာရီမြို့နယ်PDF)

တနင်္သာရီမြို့နယ်အတွင်း ယနေ့ တိုက်ပွဲတွင် ပြည်သူ့ကာကွ ယ်ရေးတပ်ဖွဲ့၏ အဝေးထိန်းမိုင်းကြောင့် စစ်ကောင်စီဘက်က ငါးဦးထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရသွားကြောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက​ပြောသည်။

“မောတောင်ဘက်ကိုတက်လာတဲ့ စစ်ကြောင်းကို တပ်ပေါင်းစုက ပြင်းပြင်းထန်ထန်တိုက်တာ။ လောလောဆယ်သိထားသလောက် ဆွဲမိုင်းထိထားတဲ့အဖွဲ့မှာ ငါးယောက် အနည်းဆုံးသေတယ်။ ဒဏ်ရာရတွေများတယ်” ဟုတနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက People’s Spring သတင်းဌာနသို့ပြောသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် မောတောင်ဘက်သို့ သွားရန်အတွက် မတ်လ(၂၈)ရက်နေ့မှစ၍တနင်္သာရီမြို့နယ်၊သဲဖြူရွာသို့ စစ်ကြောင်းထိုးလာသောစစ်ကြောင်းဖြစ်သည်။

(စစ်​ကောင်စီတပ်ကားများ ၂၀၂၃မတ်လကုန်ပိုင်းတွင်တနင်္သာရီမြို့နယ်၊သဲဖြူရွာသို့ လာ​နေကြစဥ်။ ဓါတ်ပုံ-တနင်္သာရီမြို့နယ်PDF)
(စစ်​ကောင်စီတပ်ကားများ ၂၀၂၃မတ်လကုန်ပိုင်းတွင်တနင်္သာရီမြို့နယ်၊သဲဖြူရွာသို့ လာ​နေကြစဥ်။ ဓါတ်ပုံ-တနင်္သာရီမြို့နယ်PDF)

တပ်အချိန်းအပြောင်းပြုလုပ်ပြီးသိန်ခွန်းရွာဖက်သို့ပြန်လည်ဆုတ်ခွါလာစဥ်ယ​နေ့( ဧပြီ ၂၆)နံနက်ပိုင်းတွင် မဟာမိတ်တပ်ပေါင်းစု နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။တိုက်ပွဲဖြစ်ပြီး​နောက် ဆက်လက်ဆုတ်ခွါလာရာ သိန်ခွန်းရွာ နှင့် ချောင်းနှစ်ပေါက်ရွာအနီးတွင် မဟာမိတ်တပ်ပေါင်းစုမှ ဗိုလ်စူပါအဖွဲ့ ကထပ်မံမိုင်းဆွဲတိုက်ခိုက်သဖြင့် ထိခိုက်​သေဆုံးမှုများခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲနှစ်ကြိမ်ဖြစ်တာပါ။ သူတို့ ဆင်းလာတာသတင်းကြိုရလို့ အဝေးထိန်းမိုင်းနဲ့ ချတာမှာ တော်တော် ထိသွားတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်းပြောသည်။

ဒေသခံပြည်သူတစ်ဦးကလည်း “ဒီစစ်ကြောင်းက အရင်လကတုန်း စစ်ကြောင်းထိုးနေလို့ ထိုင်းနယ်စပ်ကိုသွားတဲ့ရွာတွေ ထွက်ပြေးတိမ်းရှောင်နေရတာ။ စစ်တပ်က ရွာသားတွေကို မိရင် ဖမ်းပြီးပစ်သတ်လို့ ရွာသားတွေက ထွက်ပြေးနေကြတာ”ဟုပြောသည်။

ထို့အပြင် သိန်ခွန်းရွာ၊ သဲဖြူရွာနှင့် ချောင်းနှစ်ပေါက်ရွာတို့တွင် မတ် ၂၈ ရက် မှ ဧပြီ ၁၄ ရက်အထိ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့​သေးပြီး တနင်္သာရီတိုင်း၊ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်သား ၂၀ကျော်သေဆုံးခဲ့​သေး​ကြောင်းသိရသည်။

ယ​နေ့တိုက်ပွဲဖြစ်ရာနေရာသည် တော်လှန်ရေးအင်အားစုများက သွားလာခွင့် ယာယီတားမြစ်ထားသည့် ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်တွင်ရှိသည်။ မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၁၀ သန်းမှ ၁၈ သန်းကြား ကုန်သွယ်​ရေးပြုလုပ်​နေသည့် စခန်းတခုလည်းဖြစ်သည်။

တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကမြိတ်- တနင်္သာရီ-ဘုတ်ပြင်းလမ်းပိုင်းကိုလည်း ယခင်တားမြစ်ထားသည့်အတိုင်း ခရီးသွားပြည်သူများ အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် အသုံးပြုခွင့်မပြုသေးကြောင်းထပ်မံထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။