Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်က မိုးဗြဲမြို့အနီးတဝိုက်တွင် ပြည်သူ ၂၆ ဦးကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ခြင်းအ​ပေါ် NUGအပြင်းအထန်ရှုတ်ချ

ဇွန်လ ၆ ရက်​နေ့မှ ဇွန် ၈ ရက်နေ့အတွင်း မိုးဗြဲမြို့ မြောက်ဘက်ရှိ စေတီတော်အနီး ​ဒေသခံရွာသား ၁၄ ဦးကိုစစ်​ကောင်စီတပ်က အစုလိုက်အပြုံလိုက် ပစ်သတ်ခဲ့ကာတစ်ချိန်တည်းတွင် မိုးဗြဲမြို့နယ်အတွင်းသို့ စစ်တပ်ကမော်တာဖြင့် ပစ်ခတ်၍ ပြည်သူ ၁၂ ဦး ထပ်မံသေဆုံးခဲ့သည်ဟုသိရသည်။

(ဇွန် ၃ ရက်နံနက်ပိုင်းက မိုးဗြဲမြို့ပေါ်သို့ စစ်ကောင်စီ တပ်ကလက်နက်ဖြင့်ရမ်းသမ်းပစ်ခတ်သဖြင့် ပြည်သူပိုင်ပစ္စည်းများထိခိုက်ပျက်စီးမှုအချို့အား တွေ့ရစဉ်။ဓါတ်ပုံ-CJ)
(ဇွန် ၃ ရက်နံနက်ပိုင်းက မိုးဗြဲမြို့ပေါ်သို့ စစ်ကောင်စီ တပ်ကလက်နက်ဖြင့်ရမ်းသမ်းပစ်ခတ်သဖြင့် ပြည်သူပိုင်ပစ္စည်းများထိခိုက်ပျက်စီးမှုအချို့အား တွေ့ရစဉ်။ဓါတ်ပုံ-CJ)

▪︎”စစ်ကောင်စီက အကြောင်းမဲ့ ပစ်သတ်ခဲ့တဲ့ ပြည်သူ ၁၅ ဦး ကို ကျွန်တော်တို့ အသေးစိတ်မှတ်တမ်းတင်ထား နိုင်တယ်။ ကျန်တာတော့ ဆက်လက်စုံစမ်း ဖော်ထုတ်နေတုန်းပဲ”-မိုးဗြဲPDF တာဝန်ရှိသူ

စစ်‌ကောင်စီတပ်က မိုးဗြဲမြို့အနီးတဝိုက်ရှိ ​ဒေသခံပြည်သူ ၂၆ ဦးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်းအ​ပေါ် အပြင်းအထန်ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဇွန်လ ၆ ရက်​နေ့မှ ဇွန် ၈ ရက်နေ့အတွင်း မိုးဗြဲမြို့ မြောက်ဘက်ရှိ စေတီတော်အနီး ​ဒေသခံရွာသား ၁၄ ဦးကိုစစ်​ကောင်စီတပ်က အစုလိုက်အပြုံလိုက် ပစ်သတ်ခဲ့ကာတစ်ချိန်တည်းတွင် မိုးဗြဲမြို့နယ်အတွင်းသို့ စစ်တပ်ကမော်တာဖြင့် ပစ်ခတ်၍ ပြည်သူ ၁၂ ဦး ထပ်မံသေဆုံးခဲ့သည်ဟုသိရသည်။

စစ်​တပ်အာဏာသိမ်းခဲ့​သော၂၀၂၁ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဧပြီလအထိ စစ်အုပ်စုနှင့် အပေါင်းအပါများက ကျူးလွန်ခဲ့သော လူ (၅) ဦး ထက်မနည်း တပြိုင်တည်းသေဆုံးခဲ့သည့်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ်ပေါင်း အနည်းဆုံး ၁၄၇ ကြိမ် ရှိခဲ့ပြီး ၁၅၉၂ ဦး သေဆုံးခဲ့​ကြောင်း ဥာဏ်လင်းသစ် သု​တေသနအဖွဲ့ကမေလတွင်ထုတ်ပြန်ထားသည်။ ထို့အပြင်တစ်နိုင်ငံလုံးတွင်လေကြောင်းတိုက်ခိုက်မှုပါဝင်သော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဥ် ၂၇ ကြိမ်ရှိသည်ဟု​ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

မိုးဗြဲမြို့နယ်တွင် စစ်​ကောင်စီတပ်ကပစ်သတ်ခဲ့သည့်​ဒေသခံပြည်သူ ၆ ဦး၏ရုပ်အလောင်းများကို ရှမ်းရွာသားများက ရှာဖွေတွေ့ရှိခဲ့ပြီး နောက်ထပ်လူ ၅ ဦး၏ ရုပ်အလောင်းများကိုမူ စစ်တပ်မှ ပစ်သတ်ခံရမည့်အန္တရာယ်များရှိနေသည့်အတွက်ပြန်လည်ယူဆောင်၍ မရရှိသေးကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူတစ်ဦးမှာ စေတီတော်ဝန်းအတွင်း၌ လဲကျနေစဉ် ဦးခေါင်းကို ရက်စက်စွာ ပစ်သတ်ခံရသည်ကို ဒရုန်းဗီဒီယိုဖိုင်တွင် မှတ်တမ်းတင်နိုင်ခဲ့သည်ဟုလည်း​NUGကဖော်ပြထားသည်။

ထို့အပြင် သေဆုံးသူသုံးဦးမှာစစ်​ကောင်စီတပ်ကဒူးထောက်ခိုင်းပြီးမှ ပစ်သတ်ခဲ့ကြောင်း ပုံစံအနေအထားများ တွေ့ရှိရသည်ဟုအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနအသိ​ပေးထားသည်။

ထို့အပြင် အပြစ်မဲ့အခြားရွာသား ၂၀ ဦးမှာလည်းစစ်တပ်ကပစ်ခတ်၍ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။ယခုရက်ပိုင်းအတွင်းမှာပင် စစ်တပ်က ​ဒေသခံပြည်သူများအ​ပေါ် အကြမ်းဖက်မှုများဆက်လက်ကျူးလွန်​နေ​ကြောင်းလည်း ​ဒေသခံသတင်းရင်းမြစ်များက​ပြောသည်။

မိုးဗြဲ PDF တာဝန်ရှိသူက”စစ်ကောင်စီက အကြောင်းမဲ့ ပစ်သတ်ခဲ့တဲ့ ပြည်သူ ၁၅ ဦး ကို ကျွန်တော်တို့ အသေးစိတ်မှတ်တမ်းတင်ထား နိုင်တယ်။ ကျန်တာတော့ ဆက်လက်စုံစမ်း ဖော်ထုတ်နေတုန်းပဲ”ဟု လူထုနွေဦးသို့ပြောသည်။ အသတ်ခံရသူများတွင် က​လေးငယ်များလည်းပါဝင်သည်။

ယမန်နေ့(ဇွန် ၁၄) ညပိုင်းနှင့် ယနေ့ အစောပိုင်းကလည်း ရှမ်း-ကယား(ကရင်နီ)ဒေသအစပ်ရှိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက လက်နက်ကြီး အပါအဝင် လေယာဥ်ဖြင့် ဗုံးကျဲခဲ့ပြီး အရပ်သားနှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်အချို့ပျက်စီးခဲ့ကြောင်း မိုးဗြဲ PDF တာဝန်ရှိသူက ဆက်​ပြောသည်။

မိုးဗြဲ မြို့ရှိ စစ်ဘေးရှောင်စခန်းနေရာ ကိုဇွန် ၁၄ ရက် ည ၉ နာရီခွဲခန့်ကစ၍ ဆင့်ကွဲလက်နက်ကြီးများ ၁၅ ကြိမ်ထက်မနည်းစစ်ကောင်စီက ပစ်ခတ်ခဲ့သည်ဟု သိရသည်။

“မနေ့ကညပိုင်းကဘာထိတွေ့တိုက်ပွဲမှမရှိဘဲနဲ့ကိုအကြောင်းမဲ့ ပစ်တာ။ပြီးတော့ ဒီနေ့မနက်လဲ လေယာဥ်နဲ့ အဲဒီအနီးတစ်ဂိုက်ကို လာကျဲတယ်။လော လောဆယ် စာရင်းတွေအရ အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရတယ်”ဟု အထက်ပါတာဝန်ရှိသူကPeople’s Spring သို့ပြောသည်။

စစ်​ကောင်စီတပ်နှင့် PNO ပြည်သူ့စစ် အင်အား ၄၀၀ ခန့်ဖြင့် မိုးဗြဲမြို့ကိုထိန်းချုပ်ရန် ဇွန်လဆန်းမှထိုးစစ်ဆင်လာပြီးမြို့တွင်းတပ်စွဲထားသည်။​ စစ်​ကြောင်းထိုးလာစဥ်​တွေ့​သောပြည်သူများကိုဖမ်းဆီး၍ သတ်ဖြတ်မှုများဆက်တိုက်ကျူးလွန်နခြင်းဖြစ်သည်။အဆိုပါစစ်​ကြောင်းများကိုဒေသခံ​ ကရင်နီတော်လှန်​ရေးအဖွဲ့များကလည်း ခုခံတိုက်ခိုက်​နေပြီး တိုက်ပွဲများ​နေ့စဥ်ဖြစ်ပွား​နေခြင်းဖြစ်​ကြောင်း ​တော်လှန်​ရေးတပ်ဖွဲ့များက​ပြောသည်။

ပြည်သူများကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်သည့် စစ်​ကောင်စီသည် ၎င်းတို့၏ လူသားမျိုးနွယ်အပေါ် ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများအတွက် တာဝန်ခံရမည်ဟု အမျိုးသားညီညွတ် ရေးအစိုးရ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန က ဆိုသည်။

ထို့အတူ နိုင်ငံတကာအသိုက်အဝန်းများ၊ သက်ဆိုင်ရာအပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ အထူးသဖြင့် မြန်မာနိုင်ငံ​၏ အိမ်နီးချင်းနိုင်ငံများအနေဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို အဆုံးသတ်ရန်နှင့် ကျူးလွန်သူများအား တရားမျှတမှုရှိစေရန် ရနိုင်သော နည်းလမ်းအားလုံးကို အသုံးပြု၍ ဆောင်ရွက်ပေးရန် ဒေါက်တာဆာဆာက တောင်းဆိုသည်။

လက်ရှိ မိုးဗြဲမြို့တွင်စစ်ကောင်စီတပ်ကနေရာအနှံ့တပ်စွဲထားပြီးတိုက်ပွဲများအချိန်မရွေးဖြစ်ပွားနိုင်ကြောင်းလည်း မိုးဗြဲ PDF က အသိပေးသည်။

“ထိတွေ့မှုက နေ့တိုင်းရှိတယ်။အချိန်နည်းတာနဲ့များတာပဲ ကွာတယ်”ဟု မိုးဗြဲ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို​ကြောင့်ခရီးသွားပြည်သူများအနေ ဖြင့် မိုးဗြဲ-ပီကင်းလမ်းပိုင်းကိုအသုံးမပြုကြရန်နှင့် လက်နက်ကြီးနှင့်လေ​ကြောင်းအန္တရာယ်ကို အထူးသတိပြုကာ လုံခြုံဘေးကင်းသော နေရာများတွင် သတိနှင့်နေထိုင်ရန် တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။