Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်မြို့ရှိ စစ်ကောင်စီတပ်စွဲရာနေရာနှစ်ခုကို ၂နာရီကျော်ကြာ ပစ်ခတ်တိုက်ခိုက်

စစ်ကောင်စီအား ဆက်လက်တိုက်ခိုက်ရန်နှင့် ကင်းထောက်ရန် ဒရုန်းတစ်စီး အရေးပေါ် လိုအပ်နေ၍ ပြည်သူများပူးပေါင်းပါဝင်ပေးရန် Danger Force LPDF အဖွဲ့က မေတ္တာရပ်ခံသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

အရာတော်နယ် နောင်ကြီးအိုင်ရဲစခန်း ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်ရှိ စစ်ကောင်စီအထိုင်ချရာ တပ်စခန်းများအား လက်နက်ကြီးများဖြင့် ၂ နာရီကျော်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း DRPA တပ်ခွဲ (၄) BlackShadow PDF တပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇွန်လ ၁၃ရက် ည ၁၀ နာရီခွဲခန့်က ယင်းမာပင်မြို့ပေါ်ရှိ စစ်ကောင်စီ တပ်စွဲထားသော စုပေါင်းရုံးနှင့် မီးသတ်တပ်ဖွဲ့ရုံးအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ၂နာရီကျော်ကြာမြင့်ခဲ့ကြောင်း DRPA တပ်ခွဲ (၄) BlackShadow PDF တပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီဘက်က အကျအဆုံးများရှိသော်လည်း အတိအကျမသိရသေးဟု DRPAက ဆိုသည်။

“သူတို့ဘက်ကလဲ ပြန်ပြီး လက်နက်ကြီးတွေနဲ့ပစ်တာရှိတယ်။ ကာကွယ်ရေးတပ်သားတွေတော့တစ်ယောက်မှထိခိုက်တာမရှိဘူး။ “ဟု DRPA တပ်ခွဲ (၄) BlackShadow PDF တပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို ယင်းမာပင်ခရိုင်တပ်ရင်း(၃၀) အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်(DRPA) Blackshadow PDF(DRPA) နှင့် ယင်းမာပင်-ဆားလင်းကြီး လက်နက်ကြီးတပ်ပေါင်းစု တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ထို့အပြင် တိုက်ပွဲများဆက်လက်ဖော်ဆောင်နိုင်ရန် ​ရန်ပုံငွေလိုအပ်ချက်ရှိနေကြောင်း DRPAက ထပ်မံ အသိပေးသည်။

Public Service Announcement
Public Service Announcement

အခြားသတင်းတစ်ရပ်အဖြစ် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရဲစခန်းကို ဒရုန်းနှစ်စီးဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း Danger Force LPDF အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဇွန်လ ၁၂ ရက်က နောင်ကြီးအိုင်ရဲစခန်းကို ဒရုန်းနှစ်စီးဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တစ်စီးမှာ စစ်ဆင်ရေးအောင်မြင်သော်လည်း ကျန်တစ်စီးမှာ ချို့ယွင်းမှုဖြစ်ကာ ပျက်ကျခဲ့ကြောင်း Danger Force LPDF အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“လေဆာ ဂျန်ပါကြောင့် ဒရုန်း error(ချို့ယွင်းမှု)ဖြစ်ပြီး ပျက်ကျခဲ့တာပါ။ တစ်လုံးမှ မချနိုင်ခဲ့ပါဘူး ကျွန်တော်တို့ ဒရုန်းက။ မဟာမိတ်ဒရုန်းကတော့ ချနိုင်ခဲ့ပါတယ်။”ဟု အထက်ပါတာဝန်ခံက ဆိုသည်။

စစ်ကောင်စီအား ဆက်လက်တိုက်ခိုက်ရန်နှင့် ကင်းထောက်ရန် ဒရုန်းတစ်စီး အရေးပေါ် လိုအပ်နေ၍ ပြည်သူများပူးပေါင်းပါဝင်ပေးရန် Danger Force LPDF အဖွဲ့က မေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။