Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွား

ထိပ်တိုက်ထိတွေ့မှုများတွင်စစ်ကောင်စီတပ်မှလက်နက်ကြီးများဖြင့်အဆမတန် ပစ်ခတ်​နေ​သောကြောင့်​​ဒေသခံပြည်သူများသေဆုံးမှုများရှိနေသည်။

(မိုးဗြဲ PDF တပ်ဖွဲ့ဝင် အချို့နှင့် မိုးဗြဲ မြို့နယ်တည်​နေရာကို Google Map တွင်​တွေ့ရမှု ။ ဓါတ်ပုံ-မိုးဗြဲ PDF)
(မိုးဗြဲ PDF တပ်ဖွဲ့ဝင် အချို့နှင့် မိုးဗြဲ မြို့နယ်တည်​နေရာကို Google Map တွင်​တွေ့ရမှု ။ ဓါတ်ပုံ-မိုးဗြဲ PDF)

▪︎တိုက်ပွဲများ​ကြောင့်မြို့​ပေါ်မှပြည်သူများ အမြန်ဆုံး​စစ်​ဘေး​ရှောင်ရန် မိုးဗြဲPDF တိုက်တွန်း

မိုးဗြဲမြို့တွင် ယနေ့(ဇွန် ၁၆) နံနက်ပိုင်းကစ၍ တိုက်ပွဲ ဖြစ်ပွားနေကြောင်း မိုးဗြဲ PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

မိုးဗြဲမြို့နယ်သို့ အင်အားအလုံးအရင်း ဖြည့်တင်းနေသော စစ်ကောင် စီတပ်ကို ကရင်နီပူးပေါင်းအဖွဲ့က တိုက်ခိုက်​နေသည်မှာ ၂ ပါတ်​ကျော်ရှိလာဖြစ်ဖြစ်သည်။

“မနက်ကတည်းကနေ အခုထိပဲ လို့ ပြောရမယ်။ထိတွေ့မှု ပြင်းထန်နေတယ်”ဟုမိုးဗြဲPDFတာဝန်ရှိသူကရှင်းပြသည်။

လက်ရှိ တိုက်ပွဲအခြေအနေကြောင့် မိုးဗြဲမြို့ရှိ သာယာကုန်း၊ပင်သာ၊သစ်ယာကုန်း၊ဈေးကုန်း၊ကွက်သစ်ရပ်ကွက်၊စည်ကား၊လယ်တီ နှင့် ညောင်ဝန်းရပ်ကွက်မှ ပြည်သူများအနေဖြင့် အမြန်ဆုံး စစ်ဘေးရှောင်ရှား ရန်လည်းမိုးဗြဲ PDFက တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

(မိုးဗြဲ PDF တပ်ဖွဲ့ဝင် အချို့နှင့် မိုးဗြဲ မြို့နယ်တည်​နေရာကို Google Map တွင်​တွေ့ရမှု ။ ဓါတ်ပုံ-မိုးဗြဲ PDF)
(မိုးဗြဲ PDF တပ်ဖွဲ့ဝင် အချို့နှင့် မိုးဗြဲ မြို့နယ်တည်​နေရာကို Google Map တွင်​တွေ့ရမှု ။ ဓါတ်ပုံ-မိုးဗြဲ PDF)

“လွိုင်ကော်က စကစရဲ့ ခလရ (၅၄) တပ် ကနေ မနက် ကတည်းက လက်နက်ကြီးတွေနဲ့ ပစ်နေတာ။၁၀ ကြိမ် ကျော်ပြီ။နယ်ခံတွေတော့ ပြေးနေရတုန်းပဲ”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဇွန် ၁၅ ရက်​နေ့ကလည်း မိုးဗြဲ အခြေစိုက် ခလရ ၄၂၂ တပ်မှာ ဒရုန်းဖြင့်တိုက်ခိုက်ခံခဲ့ရသဖြင့် စစ်ကောင်စီတပ်သားနှစ်ဦးထက်မနည်းသေဆုံးကြောင်း၎င်းက ဆက်​ပြောသည်။

ဇွန်လဆန်းပိုင်းကစ၍ မိုးဗြဲမြို့တွင်သို့စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ပူးပေါင်းကာ အင်အား ၄၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာပြီး မိုးဗြဲမြို့နယ်ကိုထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင်လာသောကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့်တိုက်ပွဲမကြာခဏ ဖြစ်ပွားနေသည်။

Public Service Announcement
Public Service Announcement

အင်အား ၄၀၀ ခန့်ပါရှိသော စစ်ကောင်စီတပ် မှာ မိုးဗြဲ မြို့စည်ကား ၂ နှင့် ၃ ရပ်ကွက်တွင် ကနဦး တပ်စွဲထားသည်။

ထိပ်တိုက်ထိတွေ့မှုများတွင်စစ်ကောင်စီတပ်မှလက်နက်ကြီးများဖြင့်အဆမတန် ပစ်ခတ်​နေ​သောကြောင့်​​ဒေသခံပြည်သူများသေဆုံးမှုများရှိနေသည်။

ဇွန်လအတွင်းမှာပင် မိုးဗြဲမြို့အနီးတဝိုက်၌ ထိုးစစ်ဆင်နေသည့် စစ်ကောင်စီက အပြစ်မဲ့ ရွာသား ၂၆ ဦးကိုရက်ရက်စက်စက်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်းအမျိုးသားညီ ညွတ်ရေးအစိုးရ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ကဇွန် ၁၄ ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။