Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲတိုက်ပွဲ စစ်​ကောင်စီတပ် ၁၀ ဦးထက်မနည်း​သေ၊ ကရင်နီပူး​ပေါင်းတပ် ၆ ဦးဒဏ်ရာရဟုမိုးဗြဲPDF​ပြော

မိုးဗြဲမြို့၏လက်ရှိစစ်ရေးအခြေအနေမှာဆက်လက်ပြင်းထန်လာနိုင်ဖွယ်ရှိပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသောနေရာများသို့လည်း စစ်ကောင်စီက လက်နက်ကြီး အပါအဝင် လေယာဥ်များအသုံးပြုတိုက်ခိုက်နေ ကြောင်းလည်း မိုးဗြဲ PDF က ထုတ်ပြန်သည်။

(ဇွန် ၁၆ညရက်မိုးဗြဲ မြို့တိုက်ပွဲ၌စစ်ကောင်စီတပ်၏လက်နက်ကြီးထိမှန်​​သောကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရားကျောင်းနှင့်နေအိမ်များ။ဓာတ်ပုံ-MBPDF ရွှေလင်းယုန်တပ်ခွဲ)
(ဇွန် ၁၆ညရက်မိုးဗြဲ မြို့တိုက်ပွဲ၌စစ်ကောင်စီတပ်၏လက်နက်ကြီးထိမှန်​​သောကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရားကျောင်းနှင့်နေအိမ်များ။ဓာတ်ပုံ-MBPDF ရွှေလင်းယုန်တပ်ခွဲ)

ရှမ်း-ကရင်နီ(ကယား) ပြည်နယ်ကြားရှိ မိုးဗြဲမြို့တိုက်ပွဲ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းထပ်မံသေဆုံးပြီး ကရင်နီပူးပေါင်းတပ်မှ ခြောက်ဦး ဒဏ်ရာရရှိကြောင်း မိုးဗြဲ PDF က ပြောသည်။

ယမန်နေ့ (ဇွန် ၁၆ ရက်) နံနက် ပိုင်းကစ၍ မိုးဗြဲ မြို့တွင် စစ်ကောင်စီတပ်စွဲထားသော စည်းကား ၂ နှင့် ၃ ရပ်ကွက်များတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

“မနက် ၆ နာရီလောက်က တိုက်ပွဲစဖြစ်တယ်။နေ့လည်ပိုင်းလောက်မှာကျွန်တော်တို့ပြန်ဆုတ်ခဲ့တယ်။ရဲဘော်တွေ လက်နက်ကြီး ကျည်စမှန်တာတွေ့တယ်”ဟု မိုးဗြဲ PDF တပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့က တိုက်ပွဲတွင် MBPDF ၊Loikaw PDF ၊KNDF၊ KA နှင့် မြို့ပြပျောက်ကြားတပ်ဖွဲ့ (URF) တို့ ပူးပေါင်း၍ စစ်ကောင်စီကို တိုက်ခိုက်ခဲ့ကြောင်း မိုးဗြဲPDF က ထုတ်ပြန်သည်။.စစ်​ကောင်စီတပ်မှ ဇွန် ၁၅ တိုက်ပွဲတွင်၁၀ ဦးထက်မနည်း​သေဆုံးခဲ့သည်ဟုထုတ်ပြန်ချက်က​ဖော်ပြထား​သော်လည်းPeople’s Spring ကသီးခြားအတည်မပြုနိုင်ပါ ။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း မိုးဗြဲ၊ဖယ်ခုံ၊လွိုင်ကော်ရှိ စစ်ကောင်စီ အခြေစိုက်တပ်များမှ လက်နက်ကြီး ပစ်ကူများစွာပေးခဲ့သည်ဟု သိရသည်။

မိုးဗြဲမြို့၏လက်ရှိစစ်ရေးအခြေအနေမှာဆက်လက်ပြင်းထန်လာနိုင်ဖွယ်ရှိပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသောနေရာများသို့လည်း စစ်ကောင်စီက လက်နက်ကြီး အပါအဝင် လေယာဥ်များအသုံးပြုတိုက်ခိုက်နေ ကြောင်းလည်း မိုးဗြဲ PDF က ထုတ်ပြန်သည်။

ထို့ကြောင့် ပြည်သူများ နေရပ်သို့ (လုံးဝ) မပြန်ကြသေးရန်နှင့် ကျန်ရှိနေသေးသော မိဘပြည်သူများ မိမိတို့၏ လုံခြုံရေးကိုအထူးသတိပြုရန် မိုးဗြဲ PDF က တိုက်တွန်းသည်။

မိုးဗြဲမြို့ကို ခြေကုပ်ယူနိုင်ရန် ကြိုးပမ်းနေသော စစ်ကောင်စီမှ PNO ပြည်သူ့စစ် နှင့်ပူးပေါင်းကာ အင်အား ၄၀၀ ခန့်ဖြင့် ယခုလဆန်းပိုင်းကစ၍ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ စစ်တပ်နှင့် PNO ပြည်သူ့စစ်ပူး​ပေါင်းစစ်​ကြောင်းသည် မိုးဗြဲ မြို့ စည်ကား ၂၊၃ ရပ်ကွက်တွင် ကနဦး တပ်စွဲထားပြီး အရပ်သားပြည်သူများကို ဖမ်းဆီးထားပြီး ပြည်သူ ၃၀ ဦးခန့်ကို သတ်ဖြတ်ထားသည်။

ထို​ကြောင့်စစ်​ကောင်စီတပ်ကို ကရင်နီပူး​ပေါင်းတပ်နှင့်​ဒေသခံကာကွယ်​ရေးတပ်များက ဆက်တိုက် ခုခံတိုက်ခိုက်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ