Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးဗြဲတိုက်ပွဲ စစ်​ကောင်စီတပ် ၁၀ ဦးထက်မနည်း​သေ၊ ကရင်နီပူး​ပေါင်းတပ် ၆ ဦးဒဏ်ရာရဟုမိုးဗြဲPDF​ပြော

မိုးဗြဲမြို့၏လက်ရှိစစ်ရေးအခြေအနေမှာဆက်လက်ပြင်းထန်လာနိုင်ဖွယ်ရှိပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသောနေရာများသို့လည်း စစ်ကောင်စီက လက်နက်ကြီး အပါအဝင် လေယာဥ်များအသုံးပြုတိုက်ခိုက်နေ ကြောင်းလည်း မိုးဗြဲ PDF က ထုတ်ပြန်သည်။

(ဇွန် ၁၆ညရက်မိုးဗြဲ မြို့တိုက်ပွဲ၌စစ်ကောင်စီတပ်၏လက်နက်ကြီးထိမှန်​​သောကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရားကျောင်းနှင့်နေအိမ်များ။ဓာတ်ပုံ-MBPDF ရွှေလင်းယုန်တပ်ခွဲ)
(ဇွန် ၁၆ညရက်မိုးဗြဲ မြို့တိုက်ပွဲ၌စစ်ကောင်စီတပ်၏လက်နက်ကြီးထိမှန်​​သောကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရားကျောင်းနှင့်နေအိမ်များ။ဓာတ်ပုံ-MBPDF ရွှေလင်းယုန်တပ်ခွဲ)

ရှမ်း-ကရင်နီ(ကယား) ပြည်နယ်ကြားရှိ မိုးဗြဲမြို့တိုက်ပွဲ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းထပ်မံသေဆုံးပြီး ကရင်နီပူးပေါင်းတပ်မှ ခြောက်ဦး ဒဏ်ရာရရှိကြောင်း မိုးဗြဲ PDF က ပြောသည်။

ယမန်နေ့ (ဇွန် ၁၆ ရက်) နံနက် ပိုင်းကစ၍ မိုးဗြဲ မြို့တွင် စစ်ကောင်စီတပ်စွဲထားသော စည်းကား ၂ နှင့် ၃ ရပ်ကွက်များတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

“မနက် ၆ နာရီလောက်က တိုက်ပွဲစဖြစ်တယ်။နေ့လည်ပိုင်းလောက်မှာကျွန်တော်တို့ပြန်ဆုတ်ခဲ့တယ်။ရဲဘော်တွေ လက်နက်ကြီး ကျည်စမှန်တာတွေ့တယ်”ဟု မိုးဗြဲ PDF တပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့က တိုက်ပွဲတွင် MBPDF ၊Loikaw PDF ၊KNDF၊ KA နှင့် မြို့ပြပျောက်ကြားတပ်ဖွဲ့ (URF) တို့ ပူးပေါင်း၍ စစ်ကောင်စီကို တိုက်ခိုက်ခဲ့ကြောင်း မိုးဗြဲPDF က ထုတ်ပြန်သည်။.စစ်​ကောင်စီတပ်မှ ဇွန် ၁၅ တိုက်ပွဲတွင်၁၀ ဦးထက်မနည်း​သေဆုံးခဲ့သည်ဟုထုတ်ပြန်ချက်က​ဖော်ပြထား​သော်လည်းPeople’s Spring ကသီးခြားအတည်မပြုနိုင်ပါ ။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း မိုးဗြဲ၊ဖယ်ခုံ၊လွိုင်ကော်ရှိ စစ်ကောင်စီ အခြေစိုက်တပ်များမှ လက်နက်ကြီး ပစ်ကူများစွာပေးခဲ့သည်ဟု သိရသည်။

မိုးဗြဲမြို့၏လက်ရှိစစ်ရေးအခြေအနေမှာဆက်လက်ပြင်းထန်လာနိုင်ဖွယ်ရှိပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသောနေရာများသို့လည်း စစ်ကောင်စီက လက်နက်ကြီး အပါအဝင် လေယာဥ်များအသုံးပြုတိုက်ခိုက်နေ ကြောင်းလည်း မိုးဗြဲ PDF က ထုတ်ပြန်သည်။

ထို့ကြောင့် ပြည်သူများ နေရပ်သို့ (လုံးဝ) မပြန်ကြသေးရန်နှင့် ကျန်ရှိနေသေးသော မိဘပြည်သူများ မိမိတို့၏ လုံခြုံရေးကိုအထူးသတိပြုရန် မိုးဗြဲ PDF က တိုက်တွန်းသည်။

မိုးဗြဲမြို့ကို ခြေကုပ်ယူနိုင်ရန် ကြိုးပမ်းနေသော စစ်ကောင်စီမှ PNO ပြည်သူ့စစ် နှင့်ပူးပေါင်းကာ အင်အား ၄၀၀ ခန့်ဖြင့် ယခုလဆန်းပိုင်းကစ၍ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ စစ်တပ်နှင့် PNO ပြည်သူ့စစ်ပူး​ပေါင်းစစ်​ကြောင်းသည် မိုးဗြဲ မြို့ စည်ကား ၂၊၃ ရပ်ကွက်တွင် ကနဦး တပ်စွဲထားပြီး အရပ်သားပြည်သူများကို ဖမ်းဆီးထားပြီး ပြည်သူ ၃၀ ဦးခန့်ကို သတ်ဖြတ်ထားသည်။

ထို​ကြောင့်စစ်​ကောင်စီတပ်ကို ကရင်နီပူး​ပေါင်းတပ်နှင့်​ဒေသခံကာကွယ်​ရေးတပ်များက ဆက်တိုက် ခုခံတိုက်ခိုက်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။