Connect with us

Hi, what are you looking for?

သတင်း

မြို့နယ်ပေါင်း ၁၉၈ ခုတွင် ကျန်းမာရေးတာဝန်ခံများထားနိုင်ပြီး တစ်နိုင်ငံလုံး၏ ၆၀ရာခိုင်နှုန်းကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ပြီဟု NUG အသိပေး

ကြားကာလအရေးပေါ်ကုသမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ယခု ၂၀၂၃ ဖေဖော်ဝါရီအထိ စစ်ကိုင်းတိုင်းဒေသကြီးတစ်ခုတည်း၌ လူနာပေါင်း ၁၉၂,၀၀၀ ကျော်ကို ကုသပေးနိုင်ခဲ့ကြောင်း NUGအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

(PDF ထိန်းချုပ်နယ်မြေရှိ NUG အစိုးရ ဆေးတပ်သားများက ဆေးကုသမှုပေးနေစဥ်။ဓာတ်ပုံ - NUG)
(PDF ထိန်းချုပ်နယ်မြေရှိ NUG အစိုးရ ဆေးတပ်သားများက ဆေးကုသမှုပေးနေစဥ်။ဓာတ်ပုံ - NUG)

မြို့နယ်ပေါင်း ၁၉၈မြို့နယ်တွင် မြို့နယ်ကျန်းမာ ရေးတာဝန်ခံများထားရှိ၍ တစ်နိုင်ငံလုံး၏ ၆၀ ရာခိုင်နှုန်းကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက ယနေ့(ဇွန် ၁၈)အသိပေး ထုတ်ပြန်သည်။

၂၀၂၁ ဧပြီမှ ၂၀၂၃ အထိ ကြားကာလ အရေးပေါ်ကုသမှုများနှင့် ဝန်ကြီးဌာန၏လုပ်ဆောင်ချက်များအားထုတ်ပြန်ရာတွင် အထက်ပါအတိုင်း ထည့်သွင်းဖော်ပြခြင်း ဖြစ်သည်။

နိုင်ငံတဝှမ်းကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်အနေဖြင့် ပြည် နယ်နှင့်တိုင်း ကျန်းမာရေးတာဝန်ခံ ၃၃ ဦး၊ မြို့နယ်ကျန်းရေးတာဝန်ခံ ၂၆၅ ဦးရှိကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် အထူးကုဆရာဝန် ၃၀၈ ဦး၊ ဆရာဝန် ၄၅၆ ဦး၊ သူနာပြု ၅၇၄ ဦး၊ အခြေခံကျန်းမာရေးဝန်ထမ်း ၁၅၅၄ ဦးနှင့် စေတနာ့ဝန်ထမ်း ၉၄၀ ဦးတို့ဖြင့် ကျန်း မာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အလားတူ ကျန်းမာရေးဝန်ဆောင်မှုပေးရန် ဆေးရုံပေါင်း ၆၆ ခု၊ ရှေ့တန်းဆေးခန်းပေါင်း ၁၅၉ ခုနှင့် ရွေ့လျားဆေးခန်း ၂၅၀ ကျော်ဖြင့် လုက်ငန်းများဆောင်ရွက်နေကြောင်း NUG ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ပြီးခဲ့သည့် ၂၀၂၁ ကိုဗစ်တတိယလှိုင်းဖြစ်ပွားခဲ့ချိန်ကလည်း NUG၊ ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူမှ ပြည်သူသို့ ကူညီမှုများအနေဖြင့် အခမဲ့ဆေးခန်း ၉၆ခုဖွင့်လှစ်ကုသနိုင်ခဲ့သည့်အပြင် ပရ ဟိတအသင်းပေါင်း ၄၀၃ ခုနှင့်ချိတ်ဆက်ကာ အောက်ဆီဂျင်အိုးငှားရမ်းခြင်း၊ အောက်ဆီဂျင်ဖြည့်ပေးခြင်း၊ လူနာတင်ယာဥ်နှင့် နာရေးကူညီမှုလုပ်ငန်းများ လုပ်ဆောင်နိုင်သကဲ့သို့ အစားအသောက်နှင့် ဆေးဝါးဝယ်ယူသည့် ဝန်ဆောင်မှု ၆၈ခုလုပ်ဆောင်နိုင်ခဲ့ကြောင်း ဖော်ပြသည်။

ကြားကာလအရေးပေါ်ကုသမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ယခု ၂၀၂၃ ဖေဖော်ဝါရီအထိ စစ်ကိုင်းတိုင်းဒေသကြီးတစ်ခုတည်း၌ လူနာပေါင်း ၁၉၂,၀၀၀ ကျော်ကို ကုသပေးနိုင်ခဲ့ကြောင်း NUGအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

“ဝန်ကြီးဌာနအနေနဲ့က ဌာနနဲ့ချိတ်ဆက်ထားတဲ့ CDM ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းရယ် ဆေးဝေါးရယ် အဓိက ထောက်ပံ့ပေးပါတယ်။ သို့သော်လည်း မြေပြင်လိုအပ်ချက်အရ ဆရာဝန်အင်အားနဲ့ လူနာအချိုးအစားကတော့ မမျှသေးပါဘူး။ လိုအပ်ချက်ရှိနေပါသေးတယ်”ဟု စစ်ကိုင်းခရိုင် Medical Team မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

ထို့အပြင် စစ်ကိုင်းတိုင်းသည် ခုခံတွန်းလှန်စစ်အားကောင်းသည့်အလျှောက် စစ်တပ်စစ်ကြောင်းထိုးဝင်ရောက်လာချိန်များတွင် ပြေးလွှားရှောင်တိမ်း၍ လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရသည်ဖြစ်ရာ ထိုအချိန်မျိုးတွင် အခက်အခဲရှိကြောင်း ၎င်းတာဝန်ရှိသူက မြေပြင်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအခြေအနေအား ဆက်ပြောသည်။

အထက်ပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖက်ဒရယ်မူဝါဒကို ကျင့်သုံးခြင်း၊ ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့များ၊ အတိုင်ပင်ခံကောင်စီများနှင့် ပုံမှန်တွေ့ဆုံဆွေးနွေးဆောင်ရွက်လျှက်ရှိကြောင်း အသိပေးထားသည်

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။