Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်လေဆိပ် လုံခြုံရေးအရာရှိချုပ် အသတ်ခံရ

တော်လှန်ရေး၏ အရေးပါဆုံး ကာလသို့ မကြာခင်ရောက်ရှိလာမည်ဖြစ်၍စစ်ကောင်စီတပ်နှင့် ၎င်းစစ်တပ်နှင့် ဆက်နွယ်နေသူတို့၏ သတင်းအချက် အလက်များ သတင်ပေးပို့ရန် ထုတ်ပြန်ခဲ့သည်။

(လေဆိပ်၏ လုံခြုံရေးအရာရှိချုပ် ဗိုလ်မှူးဟောင်းရဲခိုင်အား တွေ့ရစဉ်)
(လေဆိပ်၏ လုံခြုံရေးအရာရှိချုပ် ဗိုလ်မှူးဟောင်းရဲခိုင်အား တွေ့ရစဉ်)

▪️ရန်ကုန်လေဆိပ်ပိတ်ဆို့စစ်ဆေးခြင်း၊ တော်လှန်ရေးနှင့် CDM သမားများအား ပြည်ပထွက်ခွာခွင့်မပြုဘဲ ဖမ်းဆီးရာတွင် အဓိကပါဝင်ဟု မြို့ပြပြောက်ကျားအဖွဲ့ပြော

▪️စစ်ကောင်စီတပ်ဒုချုပ်စိုးဝင်း​၏ တပည့်ဖြစ်သူဟုဆို

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လုံခြုံရေးအရာရှိချုပ် ဗိုလ်မှူးဟောင်းရဲခိုင်ကို ယနေ့ ဇွန်လ ၁၉ရက် ညပိုင်းတွင် ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့(Urban Owls)က လူထုနွေဦးသို့ ပြောသည်။

ယနေ့ (ဇွန်လ ၁၉ရက်) ည ၇နာရီခန့်တွင် စစ်တက္ကသိုလ် အပတ်စဉ် (၄၂)ဆင်း လေတပ်အရာရှိ ဗိုလ်မှူးတစ်ဦးဖြစ်သည့် ရဲခိုင်ကို ရှင်းလင်းခဲ့ကြောင်း ယင်းပြောက်ကျာတပ်ဖွဲ့က ထုတ်ပြန်ခဲ့သော်လည်း ပစ်ခတ်ရှင်းလင်းမှု ပြုလုပ်ခဲ့သည့် နေရာဒေသကို ဖော်ပြမထားပေ။

၎င်းကို မြို့ပြပြောက်ကျားအဖွဲ့ Urban Owls က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်မှူးဟောင်း ရဲခိုင်သည် အာဏာသိမ်းပြီးနောက်လေဆိပ်ကို ပူးပေါင်းအဖွဲ့ဖြင့် ပိတ်ဆို့စစ်ဆေးခြင်း၊ တော်လှန်ရေးနှင့် CDM လှုပ်ရှားမှုတွင် ပါဝင်သူများအား ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခြင်း၊ ဖမ်းဆီးခြင်း၊ ပြည်ပသို့ ပညာသင်ရန် သို့မဟုတ် အလုပ်လုပ်ရန် ထွက်ခွာမည့်သူများအား ငွေညှစ် အနိုင်ကျင့်ခြင်း ၊ ပြည်သူ့ဘက်က ရပ်တည်ခဲ့သည့် အနုပညာရှင်များအား ဖမ်းဆီးခြင်း၊ မြန်မာပြည်၏ ထင်ရှားကျော်ကြားသူများကို ပြည်ပထွက်ခွင့်ပိတ်ခြင်း၊ သာမန်ခရီးသွားများအား ငွေညှစ် ခြိမ်းခြောက်ခြင်း၊ စစ်ဆေးစရာရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားပြီး စစ်ကြောရေးပို့ခြင်း စသည်တို့ လုပ်ဆောင်ရာတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်သူဖြစ်သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဗိုလ်မှူးဟောင်းရဲခိုင်သည် စစ်တပ် စီးပွားရေးထောက်တိုင် Aisa World ထွန်းမြင့်နိုင်၏ လူယုံတစ်ဦးဖြစ်သကဲ့သို့ စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်း၏ တပည့်တစ်ဦးလည်းဖြစ်သည်ဟု ထုတ်ပြန်သည်။

“ရန်ကုန်လေဆိပ်ဟာဆိုရင် တော်လှန်ရေးသမားတွေ၊ CDM တွေကို မတရားဖမ်းဆီးနှိပ်စက်တာတွေအပြင် သာမန်ခရီးသွားပြည်သူတွေကိုပါ နိုင်ထက်စီးနင်းလုပ်နေတာဖြစ်တယ်။ အခုလို လေဆိပ်မှာ အနိုင်ကျင့်၊ လာဘ်စား၊ ဖမ်းဆီးညှင်းပန်းနေတဲ့ လုံခြုံရေးတာဝန်ခံတွေ၊ စစ်ဘက်တာဝန်ခံတွေ၊ လေကြောင်းလိုင်းတာဝန်ခံတွေရဲ့ အချက်အလက်တွေ ကျွန်တော်တို့လက်ထဲ ရထားပြီ။ ဒီလိုစစ်ကောင်စီလက်ပါးစေတွေကို ကျွန်တော်တို့ အောင်အောင်မြင်မြင်ရှင်းလင်းနိုင်ခဲ့တယ်၊ နောက်လည်းထပ်ပြီး ပစ်မှတ်ထားတိုက်ခိုက်သွားဦးမယ်။ အခုဆိုရင် ရန်ကုန်အခြေစိုက် PDF တပ်ဖွဲ့လည်းရှိနေပြီ။ ရန်ကုန်အပါအဝင် တတိုင်းပြည်လုံးမှာ အရှိန်မြှင့်လာပြီဖြစ်တဲ့ တန်ပြန်တိုက်စစ်မှာ ပြည်သူတွေအနေနဲ့လည်း တက်တက်ကြွကြွရှိဖို့ တိုက်တွန်းပါတယ်။”ဟု Urban Owls စစ်ဆင်ရေးတာဝန်ခံက ပြောသည်။

ရန်ကုန်မြို့နေ ပြည်သူများအနေဖြင့်လည်း အရှိန်မြင့်လာမည့် တော်လှန်ရေးလှုပ်ရှားမှုများအတွက် ပြင်ဆင်ထားရန် ၊ သတိရှိရန် ၊ တော်လှန်ရေးရဲဘော်များအား ရရာနည်းဖြင့် ကူညီပံ့ပိုးရန် တိုက်တွန်းထားသည်။

တော်လှန်ရေး၏ အရေးပါဆုံး ကာလသို့ မကြာခင်ရောက်ရှိလာမည်ဖြစ်၍စစ်ကောင်စီတပ်နှင့် ၎င်းစစ်တပ်နှင့် ဆက်နွယ်နေသူတို့၏ သတင်းအချက် အလက်များ သတင်ပေးပို့ရန် ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှားဟာ ပစိဖိတ် မီးကွင်းလို့ ခေါ်ဆိုတဲ့ ရေအောက် မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ်တည်ရှိနေပြီး ကမ္ဘာပေါ်မှာ အသက်ဝင်နေဆဲ မီးတောင် အများဆုံး ပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။

သတင်း

ကျားဖြန့်လုပ်ငန်းများ၌ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များပါဝင်ပတ်သက်နေကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ထုတ်ဖော်ပြောကြားထားသည်။

သတင်း

စစ်ရှောင်ပြည်သူ ခုနစ်သောင်းကျော် လက်ရှိအချိန်ထိ တိမ်းရှောင်နေကြရဆဲဖြစ်ကြောင်း ဖော်ပြပြီး အများစုမှာ ဆီဆိုင်မြို့နယ်မှ ဖြစ်ကာ ပင်လောင်း၊ ဟိုပုံးနှင့် ညောင်ရွှေမြို့နယ်များမှ ဒေသခံ များလည်း စစ်ရှောင်ကြရမှုရှိသည်။

သတင်း

စစ်ကောင်စီ၏ ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း ပြင်းအားမြင့်အ​ဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောသည်။