Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီအတွက် ပြည်ပသို့ ဒေါ်လာသန်းချီရွှေ့ပြောင်းပေးနေသည့် မင်းတေဇညွှန့်တင်ကို ပစ်ခတ်ရှင်းလင်းဟု မြို့ပြ​​ပြောက်ကျားအဖွဲ့ထုတ်ပြန်

ရန်ကုန်-သန်လျင် ဆက်သွယ်ထားသည့် တံတားနှစ်စင်းကို စစ်တပ်က ပိတ်ဆို့ထားခြင်းကြောင့် ခရီးသည်တင်ယာဥ်များနှင့် အခြားယာဥ်အများအပြား တံတားများအား ဖြတ်သန်း၍မရဘဲ ယာဥ်ကြောများ ပိတ်ဆို့လျှက်ရှိသည်။

စစ်ကောင်စီအတွက် ပြည်ပသို့ ဒေါ်လာသန်းချီရွှေ့ပြောင်းပေးနေသည့် မင်းတေဇညွှန့်တင်ကို ပစ်ခတ်ရှင်းလင်းဟု မြို့ပြ​​ပြောက်ကျားအဖွဲ့ထုတ်ပြန်
စစ်ကောင်စီအတွက် ပြည်ပသို့ ဒေါ်လာသန်းချီရွှေ့ပြောင်းပေးနေသည့် မင်းတေဇညွှန့်တင်ကို ပစ်ခတ်ရှင်းလင်းဟု မြို့ပြ​​ပြောက်ကျားအဖွဲ့ထုတ်ပြန်

▪️ ထားဝယ်အထူးစီးပွားရေးဇုန် ဥပဒေရေးရာကော်မတီဝင်တစ်ဦးလည်းဖြစ်

အကြမ်းဖက်စစ်ကောင်စီအတွက် ပြည်ပသို့ ဒေါ်လာသန်းချီရွှေ့ပြောင်းပေးနေသည့် မင်းတေဇညွှန့်တင်ဆိုသူကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Urban Owls မြို့ပြပြောက်ကျား အဖွဲ့က People’s Spring သို့ပြောသည်။

‌ယနေ့ (မတ်လ ၂၄ ရက်)နေ့လည် ၁နာရီခန့်တွင် သန်လျင်မြို့နယ်၌ Urban Owls မြို့ပြပြောက်ကျားအဖွဲ့ဝင်များက မင်းတေဇညွှန့်တင်ဆိုသူကို အနီးကပ်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ယင်းအဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

မင်းတေဇညွန့်တင်သည် အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ဥပဒေအကြံပေးကုမ္ပဏီများ တည်ထောင်ထားကာ ငွေကြေးခဝါချခြင်း၊ ကွန်ဒိုနှင့် မြေကွက်များဝယ်ယူခြင်း၊ ကုမ္ပဏီတည်ထောင်ခြင်းများလုပ်ဆောင်နေပြီး စစ်ကောင်စီနှင့် သက်ဆိုင်သူများအတွက် ယင်းကုမ္ပဏီများက ဒေါ်လာသန်းချီ၍ ဝန်ဆောင် မှုပေးခဲ့ကြောင်း စုံစမ်းသိရှိရသည်ဟု Urban Owls ကဆိုသည်။

စစ်ကောင်စီအတွက် ပြည်ပသို့ ဒေါ်လာသန်းချီရွှေ့ပြောင်းပေးနေသည့် မင်းတေဇညွှန့်တင်ကို ပစ်ခတ်ရှင်းလင်းဟု မြို့ပြ​​ပြောက်ကျားအဖွဲ့ထုတ်ပြန်
စစ်ကောင်စီအတွက် ပြည်ပသို့ ဒေါ်လာသန်းချီရွှေ့ပြောင်းပေးနေသည့် မင်းတေဇညွှန့်တင်ကို ပစ်ခတ်ရှင်းလင်းဟု မြို့ပြ​​ပြောက်ကျားအဖွဲ့ထုတ်ပြန်

“လက်ရှိတွင် ထားဝယ်အထူးစီးပွားရေးဇုန် ဥပဒေရေးရာကော်မတီဝင်တဦးဖြစ်ပြီး သူက ပြည်သူလူထုအပေါ် နေ့စဉ်ရက်ဆက် တိုက်လေယာဉ်များဖြင့် ဗုံးကြဲနေတဲ့ အကြမ်းဖက်လေတပ်ကိုဦးစီးသည့် စစ်တပ်၏ လေတပ်ချုပ်ဟောင်းဖြစ်သူ ဗိုလ် ချုပ်ကြီးမြတ်ဟိန်း (လက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ)နဲ့ အလွန်ရင်းနှီးသူလည်းဖြစ်တယ်”ဟု ယင်းအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် လေတပ်ချုပ်နှင့် မိသားစုဝင်များအပါအဝင် စစ်ဗိုလ်ချုပ်များ၊ စစ်ကောင်စီနှင့်ဆက်စပ်နေသူများ၏ ပိုင်ဆိုင်မှုများအား ဒဏ်ခတ်ပိတ် ဆို့ထားသည့်ကြားမှ ၎င်းတို့၏ပိုင်ဆိုင်မှုများ၊ ငွေကြေးများကို ပြည်ပနိုင်ငံများသို့ ပြောင်းရွှေ့ပေးနေသူဖြစ်သည်ဟု ယင်းအဖွဲ့က ဆိုသည်။

မစ်ရှင်ဖော်ဆောင်သည့် အဖွဲ့ဝင်အားလုံး ဘေးကင်းရာသို့ ရောက်ရှိပြီဖြစ်ကြောင်း ယင်းအဖွဲ့က ပြောသည်။

“ယခု ဖြစ်စဉ်သည် စစ်ကောင်စီနှင့် အကျိုးတူလုပ်ကိုင်နေသော စီးပွါးရေးလုပ်ငန်းရှင်များကို ရာဇသံထပ်မံပေးလိုက်ခြင်းလည်းဖြစ်သည်။ စစ်ကောင်စီနှင့် စီးပွါးရေးလုပ်ကိုင်နေသူများ၊ စစ်ကောင်စီနှင့် အပေါင်းအပါများအနေဖြင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ပြည်ပသို့ရွှေ့ပြောင်းရန် ပြင်ဆင်နေသည်များ၊ လမ်းကြောင်းများ အစရှိသည်တို့ကို ကျွန်ုပ်တို့ တော်လှန်ရေးအင်အားစုများ အနေဖြင့် စုံစမ်းရရှိထားပြီးသားဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် ပြည်သူနှင့် တော်လှန်ရေး၏ ဆန့်ကျင်ဘက်တွင်ရှိနေသော မည်သူကိုမှ ငဲ့ညှာမည်မဟုတ်ပါ။”ဟု Urban Owls အဖွဲ့က ‌ဆိုသည်။

တော်လှန်ရေးကာလ နှစ်နှစ်ကျော်လာသည်အထိ အရှိန်ကောင်းနေဆဲဖြစ်ပြီး တော်လှန်ရေးအင်အားစုများဘက်မှ အသာစီးရယူထားနိုင်သောကြောင့် ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီလက်မှလွတ်မြောက်ရန် တော်လှန်ရေးကို ပံ့ပိုးပေးရန် နှင့် စစ်ကောင်စီဘက်တွင် ရပ်တည်နေသူများအနေဖြင့် ၎င်းတို့၏ မိသားစု နှင့် အကျိုးစီးပွါးကို ငဲ့ကွက်သောအားဖြင့် ရရာနည်းလမ်းဖြင့် တော်လှန်ရေးအား ကွယ်ဝှက်ထောက်ပံ့အားဖြည့်ကြရန် ယင်းအဖွဲ့က တိုက်တွန်းထားသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် သန်လျင်မြို့နယ် (၁၈) ကုန်းစစ်ဆေးရေးဂိတ်ကိုလည်း ပစ်ခတ်ခံခဲ့ရသောကြောင့် ရန်ကုန်-သန်လျင် ဆက်သွယ်ထားသည့် တံတားအမှတ် (၁)သန်လျင်တံတားနှင့် တံတားအမှတ် (၂)ကုလားဝဲတံတားတို့ကို စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသည် ဒေသခံများက ပြောသည်။

ရန်ကုန်-သန်လျင် ဆက်သွယ်ထားသည့် တံတားနှစ်စင်းကို စစ်တပ်က ပိတ်ဆို့ထားခြင်းကြောင့် ခရီးသည်တင်ယာဥ်များနှင့် အခြားယာဥ်အများအပြား တံတားများအား ဖြတ်သန်း၍မရဘဲ ယာဥ်ကြောများ ပိတ်ဆို့လျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။