Connect with us

Hi, what are you looking for?

သတင်း

အမေရိကန်က စစ်​ကောင်စီ၏ MFTB နှင့် MICB ဘဏ်တို့ကိုဒဏ်ခတ်အ​ရေးယူ

ပိတ်ဆို့အရေးယူမှုအသစ်များသည် စစ်အာဏာရှင်များ၏ ငွေကြေးဝင်ရောက်ခွင့်ကို ကန့်သတ်ရန် ရည်ရွယ်ပြီး စစ်ကောင်စီစစ်တပ်က ပြည်သူများကို အကြမ်းဖက်မှုနှင့် စစ်ဆင်နွှဲနိုင်သည့် စွမ်းရည်များကို လျှော့ချရန်အတွက် ရည်ရွယ်သည်ဟု ​ဖော်ပြထားသည်။

(ရန်ကုန်မြို့ရှိ MFTB ဘဏ်နှင့် MICB ဘဏ်တို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-AGY ၊ MICB)
(ရန်ကုန်မြို့ရှိ MFTB ဘဏ်နှင့် MICB ဘဏ်တို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-AGY ၊ MICB)

▪︎”စစ်ကောင်စီအတွက်တော့ ရေသောက်မြစ်ဖြတ်ခံလိုက်ရတာပါ သက်ရောက်မှုပိုကြီးလာလိမ့်မယ်။ နိုင်ငံရဲ့ သွင်းကုန်၊ပို့ကုန်ဖြတ်သန်းငွေတွေကတော့ ပိုနည်းလာလိမ့်မယ်”-လုပ်ငန်းရှင်တစ်ဦး

အ​မေရီကန်အစိုးရကစစ်ကောင်စီ ၏ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB ) နှင့် မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့် ကူးသန်း​ရောင်းဝယ်​ရေးဘဏ် (MICB) တို့အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ထပ်မံချမှတ်လိုက်ပြီး ဇွန် ၂၀ ရက်တွင် စတင်အသက်ဝင်မည့်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်တစ်ခုအရ သိရသည်ဟု ထိုင်းသတင်းဌာနတစ်ခုဖြစ်သည့် Thai PBSက ရေးသားထားသည်။

ပိတ်ဆို့အရေးယူမှုအသစ်များသည် စစ်အာဏာရှင်များ၏ ငွေကြေးဝင်ရောက်ခွင့်ကို ကန့်သတ်ရန် ရည်ရွယ်ပြီး စစ်ကောင်စီစစ်တပ်က ပြည်သူများကို အကြမ်းဖက်မှုနှင့် စစ်ဆင်နွှဲနိုင်သည့် စွမ်းရည်များကို လျှော့ချရန်အတွက် ရည်ရွယ်သည်ဟု ​ဖော်ပြထားသည်။

ရေနံနှင့်သဘာဝအရင်းအမြစ်များတင်ပို့မှုမှရရှိသောစစ်ကောင်စီအတွက် ၀င်ငွေနှင့် နိုင်ငံခြားငွေများကို အနောက်နိုင်ငံများက ဖြတ်တောက်ရန် ကြိုးပမ်းနေကြခြင်းဖြစ်သည်။

(ရန်ကုန်မြို့ရှိ MFTB ဘဏ်နှင့် MICB ဘဏ်တို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-AGY ၊ MICB)
(ရန်ကုန်မြို့ရှိ MFTB ဘဏ်နှင့် MICB ဘဏ်တို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-AGY ၊ MICB)

စစ်တပ် အာဏာသိမ်း ပြီး​နောက်အမေရိကန်အစိုးရသည်စစ်ကောင်စီအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု များစွာချမှတ်ထားသည်။ ဒီမိုက​ရေစီလိုလား​သော အနောက်နိုင်ငံများနှင့် ပူးပေါင်း၍ စစ်​ကောင်စီအ​ပေါ် တိုး၍ဖိအား​ပေး​နေပြီးစစ်ဗိုလ်ချုပ်များနှင့် ၎င်းတို့ လုပ်ဖော်ကိုင်ဖက်များကိုဆက်တိုက်ဒဏ်ခတ်ပိတ်ဆို့အရေးယူထားသည်။

Public Service Announcement

Public Service Announcement

MFTB နှင့် MICB ဘဏ်တို့ကို ဒဏ်ခပ်အရေးယူလိုက်​သောကြောင့်အမေရိကန်နှင့် ဆက်နွှယ်သည့် စီးပွားရေးလုပ်ငန်းများသည် အဆိုပါဘဏ်နှစ်ခုနှင့်လုပ်ငန်းများဆောင်ရွက်ခြင်းပြုလုပ်၍ ရ​တော့မည်မဟုတ်ပေ။

“စစ်ကောင်စီအတွက်တော့ ရေသောက်မြစ်ဖြတ်ခံလိုက်ရတာပါ သက်ရောက်မှုပိုကြီးလာလိမ့်မယ်။ နိုင်ငံရဲ့ သွင်းကုန်၊ပို့ကုန်ဖြတ်သန်းငွေတွေကတော့ပိုနည်းလာလိမ့်မယ်။ အရင်ကတည်း တစ်ဒေါ်လာကို ၂၁၀၀သတ်မှတ်ထားလို့နည်းတာကနေ။အခု ပိတ်ဆို့တာကြောင့်ပိုနည်းသွားလိမ့်မယ်။”ဟု ရန်ကုန်မြို့အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးပြောသည်။

ထို​ကြောင့် စစ်ကောင်စီအတွက် နိုင်ငံခြားငွေလိုအပ်ချက်ပိုမိုကြီးမားလာမည်ဟု ၎င်းကသုံးသပ်သည်။

ပြည်တွင်း၌ပို့ကုန်သွင်းကုန် လုပ်​သောလုပ်ငန်းများသည်အဆိုပါဘဏ် ၂ ဘဏ်တွင်​ငွေစာရင်းဖွင့်ရပြီး ၊ပြည်ပသို့ပိုကုန်​ရောင်းချရာမှရ​သော ​ဒေါ်လာများထဲမှ ၆၅ ရာခိုင်နှုန်းကို စစ်​ကောင်စီထံ ၁ ​ဒေါ်လာလျှင် ၂၁၀၀ ကျပ်ဖြင့်​မဖြစ်မ​နေ​ရောင်းချ​နေရခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဝိုင်းမော်တွင် အင်အားထောင်ချီစုစည်းကာ KIA သိမ်းပိုက်ထားသည့် ပန်ဝါ၊ ချီဖွေ၊ ကန်ပိုက်တီကို ထိုးစစ်ဆင်ရန် စစ်ကောင်စီပြင်ဆင်နေဟုဆို

သတင်း

လားရှိုးမြို့ပေါ် ရပ်ကွက်များအတွင်း PDF များရှိနေသည်ဟု ဆိုကာ စစ်ကောင်စီက လိုက်လံစစ်ဆေးနေပြီး လူငယ်သုံးဦးကိုလည်း TNLA တပ်ဖွဲ့ဝင်များဖြစ်သည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း ​​ဒေသခံအချို့က​ပြောသည်။

သတင်း

ပြည်သူတွေအပေါ် အကြမ်းဖက်မှုကျူးလွန်နေတဲ့ စစ်ကောင်စီအတွက် စစ်ဘက်ဆိုင်ရာကျွမ်းကျင်မှုသင်တန်းပေးနေတဲ့ ဘယ်လာရုစ်တက္ကသိုလ်တွေကို နိုင်ငံတကာပညာ‌ရေးအသိုင်းအဝိုင်းက သပိတ်မှောက်ဖို့နဲ့ ကန့်ကွက်ဖို့ Justice For Myanmar က တောင်းဆိုလိုက်သည်။