Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – ပုသိမ်လမ်းပိုင်းတွင် စစ်ကောင်စီယာဉ်အား ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ခိုက်

မိုင်းဆွဲတိုက်ခိုက်မှုမှာ ထိချက်ကောင်းခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ ခုနစ်ဦး ဒဏ်ရာရသွားသည်ဟု သိရသည်။

(စစ်ကောင်စီယာဉ်အား ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဖောက်ခွဲတိုက်ခိုက်နေစဉ်)
(စစ်ကောင်စီယာဉ်အား ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဖောက်ခွဲတိုက်ခိုက်နေစဉ်)

မုံရွာ – ပုသိမ်လမ်းပိုင်းတွင် အင်အား၂၀ခန့်လိုက် ပါလာသော စစ်ကောင်စီယာဉ်အား ပြည်သူ့ကာကွယ် ရေးမဟာမိတ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ဆားလင်းကြီးနှင့် ယင်းမာပင်မြို့ကြား၊ မြောက် ယမားတံတားအနီးတွင် ဇွန်လ ၂၂ ရက် နံနက် ၁၀နာရီကျော်က မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဟု ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Triple Two Tack Forceမှ သတင်းရရှိသည်။

“မုံရွာ နမခကနေ ထွက်လာတာ။ ယင်းမာပင်က တပ်ရင်း(၂၈)ထဲဝင်သေးတယ်။ အဲ့ဒီကနေ ထွက် ပြီး ဆတ်ကြေးထွက်ထွက်ကောက်တာကို ကျွန်တော်တို့ ဆွဲလိုက်တာ”ဟု Triple Two Tack Force တပ်ခွဲ(၂)မှ ရဲဘော်နေကြီးက ပြောသည်။

Public Service Announcement
Public Service Announcement

မိုင်းဆွဲတိုက်ခိုက်မှုမှာ ထိချက်ကောင်းခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ ခုနစ်ဦး ဒဏ်ရာရသွားသည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

“တိတိကျကျကတော့ တစ်ကောင်သေတယ်။ ခုနစ်ကောင် ဒဏ်ရာရတယ်။ ‌နောက်ဆက်တွဲတော့ ကျွန်တော်တို့ ဆက်မစုံစမ်းတော့လို့ မသိတော့ဘူး”ဟု ရဲဘော်နေကြီးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်ထောင်စုလွတ်မြောက် ရေးတပ်တပ်ဦး ULF ၏ Alpha Column၊Alpha Special Force/Triple Two Tack Force၊ ချင်းတွင်းငဠုန်ရာဇာ၊ Monywa Truth of Forceနှင့် ယင်းမာပင် PDFတို့ ပူးပေါင်းတိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။