Connect with us

Hi, what are you looking for?

သတင်း

မောင်းမကန်ရဲစခန်းနှင့် ရေဖြူရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်

ဇွန် ၂၅ ရက်နေ့ကလည်း လောင်းလုံးနယ် အင်းဝတောင်၌ အင်အား ၃၀ ခန့်ဖြင့် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်ကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF နှင့် ပူးပေါင်းအဖွဲ့က လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက် ခဲ့​ကြောင်းသိရသည်။

(ဇွန် ၂၃ ရက်က တိုက်ခိုက်ခံရပြီး လမ်းဘေးထိုးကျကာ ပျက်စီးသွားသော မောင်းမကန်ယာယီစခန်းမှူးလိုက်ပါလာသည့်ယာဥ်အားတွေ့ရစဥ်-LLPDF)
(ဇွန် ၂၃ ရက်က တိုက်ခိုက်ခံရပြီး လမ်းဘေးထိုးကျကာ ပျက်စီးသွားသော မောင်းမကန်ယာယီစခန်းမှူးလိုက်ပါလာသည့်ယာဥ်အားတွေ့ရစဥ်-LLPDF)

▪︎ဇွန် ၂၃ ရက်တွင်ကင်းလှည့်ရာမှပြန်လာ​သောမောင်းမကန်ရဲစခန်း ၊ယာယီစခန်းမှူးနှင့်အဖွဲ့အားတိုက်ခိုက်မှုတွင်စခန်းမှူးအပါအဝင် ၂ ဦး​သေ၊ ၂ ဦးဒဏ်ရာရ

လောင်းလုံးမြို့နယ် မောင်းမကန်ရဲစခန်းနှင့် ရေဖြူမြို့မရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့(ဇွန် ၂၇)တွင် ဗထူးစစ်ကြောင်းတွင်ပါဝင်သည့် LLPDF၊ ထားဝယ် ပကဖ(DGRF)YPPDF တပ်ဖွဲ့များက နေ့လယ် ၂ နာရီ ၂၀ ခန့်တွင် မောင်းမကန်ရဲစခန်းအား ၄၀ မမ ဗုံးသီးနှစ်လုံးကြဲချ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အလားတူ ယနေ့ညနေ ၅ နာရီခွဲခန့်တွင် ရေဖြူမြို့မရဲစခန်းအား ၄၀ မမ ဗုံးသီးတစ်လုံးဖြင့် ကြဲချတိုက် ခိုက်ခဲ့ပြီး ၎င်းတိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးရှိနိုင်သော်လည်း စုံစမ်းဆဲဖြစ် ကြောင်း LLPDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ထိခိုက်သေဆုံးရှိနိုင်ပေမယ့် ဆက်လက်စုံစမ်းဆဲပါဗျ။ အင်အားအနေနဲ့က စခန်း ၁ ခုမှာ ၁၀ ဦး ဝန်ကျင်းလောက်ရှိမယ်ခင်ဗျ”ဟု ၎င်းကဆက်ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဇွန် ၂၃ ရက်နေ့နံနက် ၁၁ နာရီခွဲခန့်ကလည်း ကင်းလှည့်ရာမှပြန်လာသော မောင်းမကန်ရဲစခန်းမှ ယာယီစခန်းမှူး ဒုရဲအုပ်အောင်သူထွန်းအပါအဝင် စစ်ကောင်စီရဲလေးဦးလိုက်ပါလာသည့်ယာဥ်ကို LLPDF နှင့်ပူးပေါင်းတပ်ဖွဲ့က လမ်းမှနေ၍ စောင့်ကြိုတိုက်ခိုက်ခဲ့သေးသည်။

အဆိုပါတိုက်ခိုက်မှုတွင် ယာယီစခန်းမှူး အောင်သူထွန်းနှင့် တပ်ကြပ်ကြီးတစ်ဦးသေဆုံးပြီး နှစ်ဦးအပြင်း အထန်ဒဏ်ရာရကာ ၎င်းတို့စီးလာသောယာဥ်မှာ လမ်းဘေးထိုးကျ ပျက်စီးသွားကြောင်း LLPDF မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

“ယာယီစခန်းမှူးနဲ့ တပ်ကြပ်ကြီးတစ်ဦးအပါ (၂) ဦးသေပါတယ်ခင်ဗျား။ ကျန်(၂) ဦး ဒဏ်ရာပြင်းထန်ပြီး ဆေးကုနေရင်း(၁) ဦးသေ သတင်းရပေမယ့် စုံစမ်းဆဲ ခင်ဗျား”ဟု ၎င်းက ရှင်းပြသည်။

ဇွန် ၂၅ ရက်နေ့ကလည်း လောင်းလုံးနယ် အင်းဝတောင်၌ အင်အား ၃၀ ခန့်ဖြင့် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်ကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF နှင့် ပူးပေါင်းအဖွဲ့က လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက် ခဲ့​ကြောင်းသိရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ရဲ့ နျူကလီးယား ပစ်မှတ်တွေကို စတင်တိုက်ခိုက်ပြီလို့ အစ္စရေးက ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ အီရန်ရဲ့ မြို့တော် တဟီရန် အပါအဝင် နိုင်ငံအနှံ့မှာ ပေါက်ကွဲသံတွေ ဆူဆူညံညံ ကြားနေခဲ့ရပါတယ်။

သတင်း

စစ်ကောင်စီလက်​အောက်ခံ PNO/PNA ပြည်သူ့စစ်ကရှမ်းပြည်တောင်ပိုင်းဖယ်ခုံမြို့နယ်ရှိ ကယန်းပြည်သစ်ဂိတ်ကို ယ​နေ့ နံနက်ပိုင်းတွင် ဒရုန်းဖြင့်ဗုံးကြဲသဖြင့် ကယန်းပြည်သစ်ရဲဘော်သုံးဦးဒဏ်ရရှိခဲ့ကြောင်း ဒေသခံစစ်​ရေးသတင်းရင်းမြစ်များကပြောသည်။

သတင်း

စစ်ကူစစ်​ကြောင်းကိုပါဖြတ်​တောက်တိုက်ခိုက်ပြီး ​သေနတ် ၈ လက်ရရှိ

သတင်း

နောင်ချိုမြို့အနီးအထိ တိုက်ပွဲတွေဖြစ်လာပြီးစစ်တပ်က လက်နက်ကြီး၊ဒရုန်းတွေနဲ့ ပစ်နေတာမို့မြို့ခံ​တွေ စစ်ဘေးစတင် တိမ်းရှောင်လာကြသလို အသင့်အနေ အထားနဲ့ နေထိုင်နေရတယ်လို့ ဒေသခံပြည်သူ တွေက​ပြောပါတယ်။