Connect with us

Hi, what are you looking for?

သတင်း

ထန်တလန်ကို စစ်ကောင်စီတပ် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်

ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ကောင်စီတပ်က ပွင့်လင်းကာလကတည်းက စစ်အင်အားများ ဖြည့်တင်းနေသော်လည်း ချင်းပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များ အထိနာခဲ့သည်။

(ထန်တလန်မြို့ကို စစ်ကောင်စီတပ်က ‌မီးရှို့ဖျက်ဆီးပြီးနောက် မြင်တွေ့ရစဥ်။ ဓာတ်ပုံ - The Chin Journal)
(ထန်တလန်မြို့ကို စစ်ကောင်စီတပ်က ‌မီးရှို့ဖျက်ဆီးပြီးနောက် မြင်တွေ့ရစဥ်။ ဓာတ်ပုံ - The Chin Journal)

▪️ဟားခါးတွင်လည်း တိုက်ပွဲငယ်အချို့ ဖြစ်ပွား

ချင်းပြည်နယ် ထန်တလန်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ဇွန်လ ၂၇ရက်က ထန်တလန်မြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း ထိခိုက်သေဆုံးမှုမရှိဟု ဆိုသည်။

“၂၇ ရက်နေ့က ထန်တလန်ကို နှစ်ကြိမ် ဗုံးကြဲတယ်။ နောက်ခုတလော ထောက်ပို့ယဉ်တွေ ဟားခါး ဗျူဟာကုန်းကို ဆင်းနေတယ်။ ဟားခါးမြို့ထဲမှာ ကြိုကြားတိုက်ပွဲငယ်တော့ရှိနေတယ်” ဟု ဆလိုင်းထက်နီက ချင်းပြည်အတွင်း လတ်တလော စစ်ရေးအခြေအနေကို ပြောပြသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပိုသုံးလာနိုင်သော်လည်း မိုးကာလဖြစ်၍မြေပြင်ထိုးစစ်ဆင်ခြင်းအားနည်းနိုင်သည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ကောင်စီတပ်က ပွင့်လင်းကာလကတည်းက စစ်အင်အားများ ဖြည့်တင်းနေသော်လည်း ချင်းပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များ အထိနာခဲ့သည်။

မေလကုန်ပိုင်းတွင် ဟားခါးမှ ထန်တလန်မြို့သို့ဦးတည်ပြီး လေကြောင်း၊ မြေပြင်အပြင် လက်နက်ကြီးများအသုံးပြုပြီး စစ်ကောင်စီတပ်က ထိုးစစ်ဆင်ခဲ့သော်လည်း စစ်ကောင်စီတပ်များ ထန်တလန်မြို့ကို ထိုးဖောက်နိုင်ခြင်းမရှိဘဲ ချင်းပူးပေါင်းတပ်က စိုးမိုးထိန်းချုပ်ထားနိုင်ဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။