Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းစစ်ကောင်စီဘက်မှ သက်သေထွက်ဆိုခဲ့သူ စီးပွားရေးလုပ်ငန်းရှင်မောင်ဝိတ် ပြန်လွတ်လာ

ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်ထိုးသည်ဟု စွပ်စွဲသောအမှုရုံးချိန်းတွင် မောင်ဝိတ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို တည့်တည့်မကြည့်ရဲဘဲ တရားခွင်တွင် ခေါင်းငိုက်စိုက်ဖြင့်ရှိနေခဲ့ကြောင်း နေပြည်တော်တရားရုံးသတင်းရင်းမြစ်က ပြောကြားဖူးသည်။

(​ထောင်မှ ပြန်လွတ်လာ​ကြောင်းအသိ​ပေး​ရေးသားသည့်ပိုစ်တွင် တင်ထား​သော ​မောင်ဝိတ်ဓါတ်ပုံ-ဓါတ်ပုံ-Sae Paing)
(​ထောင်မှ ပြန်လွတ်လာ​ကြောင်းအသိ​ပေး​ရေးသားသည့်ပိုစ်တွင် တင်ထား​သော ​မောင်ဝိတ်ဓါတ်ပုံ-ဓါတ်ပုံ-Sae Paing)

အာဏာသိမ်းစစ်ကောင်စီဘက်မှ သက်သေထွက်ဆိုခဲ့သူ စီးပွားရေးလုပ်ငန်းရှင်မောင်ဝိတ်သည် ၎င်းပြန်လည်လွတ်မြောက်လာကြောင်း ယနေ့ အသိပေးသည်။

NLD အစိုးရလက်ထက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စက္ကူအိတ်အတွင်း ဒေါ်လာများထည့်ကာ ဒေါ်လာငါးသိန်း လာဘ်ထိုးခဲ့ကြောင်း အာဏာသိမ်းစစ်တပ်အလိုကျ သက်သေထွက်ဆိုပေးခဲ့သူ မောင်ဝိတ်မှာ နေအိမ်သို့ ပြန်လည်ရောက်ရှိနေကြောင်း ၎င်းကိုယ်တိုင် အသိပေးလာခြင်းဖြစ်သည်။

စေပိုင်ကုမ္ပဏီပိုင်ရှင် မောင်ဝိတ်သည် Sae Paing အမည်ရှိ ဖေ့ဘုတ်အကောင့်မှတဆင့် အိမ်ပြန်ရောက်သဖြင့် ကျေးဇူးတင်ကြောင်း အစပျိုးကာ အသိပေးထားခြင်းဖြစ်သည်။

“ကျနော်ကတော့ဖြေဆိုခဲ့ရတဲ့ဘဝစာမေးပွဲပေါင်းများစွာကိုတော့ အကောင်းဆုံးကြိုးစားအားထုတ်ခဲ့ပါတယ်၊ စာမေးပွဲတွေရဲ့ထုံးစံအတိုင်း ရလဒ်ကတော့ ဖြေဆိုသူနဲ့ သိပ်ဆိုင်ပုံမပေါ်ပါဘူး၊ စာစစ်သူများနဲ့ အကဲဖြတ်အဖွဲ့များရဲ့အမြင် တွေနဲ့သာဆိုင်ခဲ့ပါတယ်” ဟု မောင်ဝိတ်က မရေရာမတိကျသည့်အကြောင်းအရာများ ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်ထိုးသည်ဟု စွပ်စွဲသောအမှုရုံးချိန်းတွင် မောင်ဝိတ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို တည့်တည့်မကြည့်ရဲဘဲ တရားခွင်တွင် ခေါင်းငိုက်စိုက်ဖြင့်ရှိနေခဲ့ကြောင်း နေပြည်တော်တရားရုံးသတင်းရင်းမြစ်က ပြောကြားဖူးသည်။

​​မောင်ဝိတ် သက်​သေထွက်ခဲ့​သော ​ဒေါ်လာ ၅ သိန်းလာဘ်ယူခဲ့သည်ဆို​သော စွပ်စွဲချက်ဖြင့် စစ်​ကောင်စီက ​ဒေါ်​အောင်ဆန်းစုကြည်မှာ ၂၀၂၂ ​အောက်တိုဘာလတွင် ​ထောင်ဒဏ် ၃ နှစ်ထပ်မံချမှတ်ခံခဲ့ရသည်။ ​ဒေါ်​အောင်ဆန်းစုကြည်နှင့်နီးစပ်သူများက သူမကို အဂတိမှုဖြင့်တရားစွဲသည်မှာ ဟာသပြက်လုံးတစ်ခုဖြစ်ပြီး ​ဒေါ်​အောင်ဆန်းစုကြည်မှာ ၎င်း၏ ပိုင်ဆိုင်မှုများကိုပင် ပြည်သူများ အကျိုးအတွက်လုပ်​ပေး​နေ​​သော လ​ရောင်​တောစီမံကိန်း ၊ ​ဒေါ်ခင်ကြည် ​ဖောင်​ဒေရှင်းတို့သို့ အကုန်လှူခဲ့သူဖြစ်​ကြောင်း​ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ၎င်းအပေါ်စွဲဆိုထားသော အဂတိအမှုရုံးချိန်းတစ်ခုအတွင်း စွပ်စွဲချက်များအပေါ် “All Absurd”(အဓိပ္ပာယ်မဲ့တွေချည်း) ဟု မှတ်ချက်ပေးခဲ့ဖူးသည်။

ထို့အပြင် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ကိုလည်း ၎င်း၏ ဆေးကုသမှုအတွက်အကုန်အကျခံကာ လာဘ်ထိုးခဲ့ကြောင်း စွပ်စွဲသောအမှုအတွက် သက်သေလာရောက်ထွက်ဆိုချိန်တွင် ရုံးချိန်းအပြီး မောင်ဝိတ်က ဒေါက်တာဇော်မြင့်မောင်ကို အတင်းထိုင်ကန်တော့ခဲ့ကြောင်း ထိုစဥ်က သတင်းဌာနများက ဖော်ပြသည်။

Myanmar Now သတင်းတစ်ရပ်အရ မောင်ဝိတ် ထိုင်ကန်တော့သည်ကို ဒေါက်တာဇော်မြင့်မောင်ကလက်မခံဘဲ “ကျမ်းဆိုတာ စူးတတ်တယ်၊ သံသရာအထိခံရမှာ ကိုယ့်လူ”ဟု တရားရုံးနှင့် နီးစပ်သူက ပြောကြောင်း သိရသည်။

​မောင်ဝိတ်ကယ​နေ့​ရေးတင်​သောသူ၏ ပိုစ်ကို “အခုတော့ကျွန်တော် အသက် ၅၀ ပြည့်ခဲ့ပြီ၊ ရှေ့ဆက်တဲ့အသက် ၅၀ နဲ့ ၆၀ ကြား ၁၀ နှစ်ကတော့ အိုဖို့ပဲကျန်ပါတော့တယ်။ကံဇာတ်ဆရာရေ။ အဲ့ဒါကြောင့်ကံဇာတ်ဆရာအနေနဲ ဘဝပန်းလာပြီဖြစ်တဲ့ကျနော့်ကိုဒီလောက်နဲ့ပဲကျေနပ်ပါတော့လို့…။”

ဟုအဆုံးသတ်​ရေးသားထားသည်။ ၎င်း၏ အဆိုအရ ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၃ ရက်မှ ယ​နေ့ (၂၀၂၃ ဇွန် ၂၉ ရက်)အထိ့ ​ထောင် ၂ နှစ်နှင့် ​လေးလ​ကျော်​နေခဲ့ရသည်ဟုဆိုသည်။

သို့သော် စစ်​ကောင်စီက ၎င်းကို မည်သိူ့ထားသည်ကိုမူမသိရ​ပေ။

မောင်ဝိတ်ပြန်လွတ်လာသည့်အပေါ် “အကြမ်းဖက် စကစ နဲ့ အပေါင်းအပါတစ်စုက ဒေါ်အောင်ဆန်းစုကြည်အပေါ် လုပ်ကြံလီဆယ်စွပ်စွဲ၊ မတရားထောင်ချခဲ့ပြီး ယခုလွတ်မြောက် လာတဲ့မောင်ဝိတ်ဟာလည်း စစ်အစိုးရတလျှောက် ပေါင်းစားလုပ်စားနေတဲ့ ခရိုနီကြီးတစ်ယောက်ပါ။ သူလွတ်လာလို့ တိုင်းပြည်နဲ့ ပြည်သူလူထု ဘာမှဖြစ်မလာတဲ့အပြင် ဆိုးကျိုးပဲဖြစ်လာနိုင်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အလုပ်ဗဟိုကော်မတီဝင်တစ်ဦးက မှတ်ချက်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။