Connect with us

Hi, what are you looking for?

သတင်း

ဝိုင်းမော်တွင် KIAနှင့် စစ်ကောင်စီတပ် ယနေ့ တိုက်ပွဲဖြစ်၍ နန်ဆန်ယန်ရွာခံများ စစ်ရှောင်

ကချင်ဒေသခံသတင်းဌာနအချို့က နန်ဆန်ယန်ဒေသတိုက်ပွဲကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပြီဟု ဖော်ပြသည်။

(ဝိုင်းမော်စစ်ရှောင်များကို ၂၀၂၂ ဩဂုတ် ၃ရက်က ဆဒုံးမြို့အနီး တွေ့ရစဉ်။ဓာတ်ပုံ -Kachinwave)
(ဝိုင်းမော်စစ်ရှောင်များကို ၂၀၂၂ ဩဂုတ် ၃ရက်က ဆဒုံးမြို့အနီး တွေ့ရစဉ်။ဓာတ်ပုံ -Kachinwave)

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နန်ဆန်ယန်ကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့ ယနေ့နံနက်တွင် ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရပြီဟု ဒေသခံအချို့က ပြောသည်။

နန်ဆန်ယန်ရွာအနီးတွင် ဇွန်လ ၁၆ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ယနေ့တွင် ထပ်မံတိုက်ပွဲဖြစ်ပွားလာခြင်းဖြစ်သည်။

“မနက် ၅နာရီကနေ ဖြစ်နေတယ်လို့ ပြောတယ်။ အခုတော့အဲဒီကရွာသူရွာသားတွေ ရှောင်ဖို့တော့လုပ်နေတယ်ကြားတယ်”ဟု နန်ဆန်ယန် ဒေသခံက ပြောသည်။

ကချင်ဒေသခံသတင်းဌာနအချို့က နန်ဆန်ယန်ဒေသတိုက်ပွဲကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပြီဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အခြားဒေသခံတစ်ဦးကလည်း တိုက်ပွဲဖြစ်ပွားရခြင်းမှာ စစ်ကောင်စီတပ်က ယခင် နန်ဆန်ယန်ရွာ၌ ၎င်းတို့ နေရာယူခဲ့သည့် နေရာကို ပြန်လည်တပ်စွဲရန် ကြိုးပန်းလာခြင်းကြောင့်ဖြစ်သည်ဟုဆိုသည်။

“သူတို့က အရင်ကနေ အစီအစဉ်ပြန်ရှိတယ်။ အရင်နေတဲ့နေရာအဲဒီနေရာကို ဗဟို(စစ်ကောင်စီ၏ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်)က အမိန့်နဲ့ ပြန်လာထိုင်ချင်တာ။ ရွာသားတွေက နှစ်ဖက် ဘယ်သူမှ မထိုင်ရဘူးလို့ကန့်ကွက်ထားတာ။ အဲဒါကို စစ်ကြောင်းထိုးလာတာ။ အဲဒါကြောင့်ဖြစ်ကြတာ။ အရင် ၁၆ရက်နေ့ကလည်း တစ်ခါဖြစ်သေးတယ်”ဟု ဒေသခံက ပြောသည်။

ဇွန်လ ၁၆ရက်ကလည်း နန်ဆန်ယာန်ရွာအနီး တိုက်ပွဲဖြစ်၍ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့ပြီး လက်နက်ခဲယမ်းအချို့ကို KIAက သိမ်းဆည်းနိုင်ခဲ့သည်။

နန်ဆန်ယန်ရွာသည် KIAနှင့် စစ်တပ်တို့ ၂၀၁၁ ခုနှစ်တကျော့ပြန် တိုက်ပွဲတွင် အစောဆုံး စစ်ဘေးရှောင်ရသည့်ကျေးရွာဖြစ်ပြီး အာဏာမသိမ်းမီကဒေသခံများနေရပ်ပြန်လည်နေထိုင်ခဲ့ကြခြင်းဖြစ်သည်။ ယခုတိုက်ပွဲပြန်ဖြစ်၍ ဒေသခံများ ထပ်မံတိမ်းရှောင်ကြရခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲအချိန်မရွေးဖြစ်နိုင်၍ လွိုင်ကော်-ဆီဆိုင် လမ်းကို ပိတ်လိုက်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗျူဟာ အမှတ် (၂) ကမတ်လ ၂၀ရက်​နေ့ရက်စွဲဖြင့်ကြေညာသည်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (ILO)က ပုဒ်မ (၃၃)အရ စစ်ကောင်စီကိုအရေးယူဖို့ တောင်းဆိုတဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၀)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မြောင်မြို့‌ပေါ် လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ် သတိပေး