Connect with us

Hi, what are you looking for?

သတင်း

ကရင်တစ်မျိုးသားလုံး စည်းလုံးညီညွတ်မှုကိုရည် ရွယ်၍ KNU၏တပ်ခွဲတစ်ခုအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဟု ပုလော-KPDF ပြော

ပုလော-KPDF မဖွဲ့စည်းခင် ဒေသခံတော်လှန်ရေးအဖွဲ့တစ်ခုအဖြစ် စစ်ရေးလှုပ်ရှားမှုများပြုလုပ်ခဲ့ရာတွင် ခုခံတော်လှန်မည့်လက်နက်အနေနှင့် တူမီးသေနတ်အသုံးပြု၍ တိုက်ပွဲဝင်ခဲ့ခြင်း ဖြစ်သည်။

(ပုလော-KPDF မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ပုလော-KPDF)
(ပုလော-KPDF မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ပုလော-KPDF)

ကရင်တစ်မျိုးသားလုံး စည်းလုံးညီညွတ်၍ စစ်အာဏရှင်ကို အမြစ်ပြတ်ချေမှုန်းရာတွင် ပိုမိုအင်အားတောင့်တင်စေရန်ရည်ရွယ်ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU)၏ လက်အောက်ခံတပ်ခွဲတစ်ခုအဖြစ် ပြောင်းလဲရပ်တည်လိုက် ကြောင်း မြိတ်ခရိုင် ပုလောမြို့နယ်အခြေစိုက် ပုလော-KPDF မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြော သည်။

ပုလော-KPDFကို ပြီးခဲ့သည့် ၂၀၂၂ ဇန်နဝါရီ ၃ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဒေသတွင်းတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ စစ်အာဏာရှင်အား တော်လှန်ခဲ့ရာမှ ယခုနှစ် ဇူလိုင် ၁ရက်မှစ၍ KNUလက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ် ဖွဲ့ KNDO အမှတ်(၇)တပ်ရင်း၊ တပ်ခွဲ (၅)အဖြစ် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

“KNU/KNDOအဖြစ် ပြောင်းလဲလိုက်ခြင်း ရည်ရွယ် ချက်က ကရင်တိုင်းရင်သားတွေအားလုံး လူမျိုးစု အားလုံးပိုပြီး စည်းစည်းလုံးလုံးညီညီညွတ်ညွတ်​ဖြစ်စေချင်ပါတယ်။ နောက်ပြီးတော့ အာဏာရှင်ကို အ ပြီးပိုင်တိုက်ထုတ်ဖို့ KNDO ကရင်အမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့ ပိုမိုပြီး အင်အားတောင့်တင်းမှု အား ကောင်းလာစေရန်နှင့် ကော်သူးလေနယ်မြေ ပြန်လည် ထိန်းချူပ်နိုင်ဖို့ ပြောင်းလဲလိုက်ခြင်းဖြစ်ပါတယ်”ဟု ပုလော-KPDFမှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

ပုလော-KPDF မဖွဲ့စည်းခင် ဒေသခံတော်လှန်ရေးအဖွဲ့တစ်ခုအဖြစ် စစ်ရေးလှုပ်ရှားမှုများပြုလုပ်ခဲ့ရာတွင် ခုခံတော်လှန်မည့်လက်နက်အနေနှင့် တူမီးသေနတ်အသုံးပြု၍ တိုက်ပွဲဝင်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ထို့နောက် ပြီးခဲ့သည့်နှစ် ဇန်နဝါရီတွင် KPDF အဖြစ်ဖွဲ့စည်းပြီးနောက် စစ်ရေးလှုပ်ရှားမှုအနေဖြင့် တိုက်ပွဲပေါင်း (၄၄)ကြိမ်ရှိခဲ့ရာ ရန်သူ့ဘက်မှ သေဆုံးမှု ၂၀၃ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၂၆၃ဦးရှိကာ KPDF မှ ကျဆုံးရဲဘော်နှစ်ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၁၁ဦး ရှိခဲ့ကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။

ပုလော-KPDF အခြေပြုလုပ်ရှားရာ မြိတ်ခရိုင်၊ ပုလောမြို့နယ်သည် KNU တပ်မဟာ(၄)၏ ထိန်းချုပ်နယ်မြေအတွင်းတည်ရှိပြီး စစ်အာဏာရှင်တော်လှန် ရေး စစ်ရေးလှုပ်ရှားမှုများကို KNDO ဦးဆောင်သော PDF ပူးပေါင်းတပ်များမှ လုပ်ဆောင်လျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။