Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုတွင် စစ်ကောင်စီတပ်က PDF ရဲဘော်တစ်ဦးအပါအဝင် လူငယ်နှစ်ဦးကို လူသားဒိုင်းအဖြစ်အသုံးပြုပြီးနောက် သတ်ပစ်

စစ်ကောင်စီတပ်သည် PDFရဲဘော်များအပြင် ပြည်သူများကိုလည်း စစ်ကြောင်းများတွင်လူသားဒိုင်းအဖြစ် အသုံးပြုပြီးနောက် သတ်ဖြတ်ကာ စွန့်ပစ်ထားခြင်းများ ပြုလုပ်နေသည်။

(စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် အသုံးပြုပြီးနောက် သတ်ဖြတ်ခံခဲ့ရသည့် Myanmar Defense Force – Shwebo၏ ရဲဘော်ဟိန်းဝေအောင်အား တွေ့ရစဥ်။ ဓာတ်ပုံ - MDF)
(စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် အသုံးပြုပြီးနောက် သတ်ဖြတ်ခံခဲ့ရသည့် Myanmar Defense Force – Shwebo၏ ရဲဘော်ဟိန်းဝေအောင်အား တွေ့ရစဥ်။ ဓာတ်ပုံ - MDF)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို – ကျောက်မြောင်းလမ်းပေါ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးထားသော PDF ရဲဘော်တစ်ဦးအပါအဝင် လူငယ်နှစ်ဦးကို လူသားဒိုင်းအဖြစ် အသုံးပြုပြီးနောက် သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင် ၁ ရက်က ရွှေဘိုမြို့နယ်၊ ရွှေဘိုကျောက်မြောင်းလမ်းသို့ ကင်းပုန်းယူစစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သည် စစ်ကြောင်းအတွင်းလူသားဒိုင်းအဖြစ်ခေါ်ဆောင်လာသော လူငယ် နှစ်ဦးအား ပြန်ဆုတ်ခွာချိန်တွင် သတ်ဖြတ်ထားခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ လူငယ်နှစ်ဦးအနက် တစ်ဦးမှာ Myanmar Defense Force – Shwebo မှ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သော ရဲဘော်ဟိန်းဝေအောင်(ခ)စပိဖြစ်ပြီး ဇွန်လ ၂၄ ရက်က ရွှေဘိုမြို့ပေါ်သို့ တော်လှန်ရေးအတွက် ဆက်စပ်ပစ္စည်းများ သွားယူစဥ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း MDF-Shwe Bo ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့နောက် ဇူလိုင် ၃ ရက်တွင် ၎င်း၏ရုပ်အလောင်းအား စစ်ကောင်စီတပ်က ရွှေဘို-ကျောက်မြောင်းလမ်းဘေးတွင် သတ်ဖြတ်ကာ စွန့်ပစ်ထားကြောင်းသတင်းရ၍ သွားရောက်သယ်ဆောင်ကာ သင်္ဂြိုလ်ခဲ့ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

“အဖမ်းခံရပြီး ကြားထဲမှာဘယ်လိုမှ အဆက်အသွယ်မရဘူး။ လှမ်းထောက်တဲ့အခါ လူငယ်လေးတွေပါသွားတယ်လို့သိရတဲ့အတွက် ကျွန်တော်တို့ ရဲဘော်ပါသွားပြီဆိုတာ သိလိုက်တယ်။ ခါတိုင်းလိုပဲ စစ်ကြောရေးတွေပို့မယ်၊ စစ်ဆေးမေးမြန်းမယ်၊ အမှုတင်မယ်လို့ပဲ ထင်ထားတာ။ ဒါပေမယ့် ၇ လပိုင်း၁ရက်နေ့ စစ်ကြောင်းထိုးတဲ့အခါ သူတို့ကို လူသားဒိုင်းလုပ်တယ်။ ဖမ်းဆီးချုပ်နှောင်ပြီးတော့ စစ်ကြောင်းထိုးတဲ့ရှေ့မှာ သွားခိုင်းတယ်။ အဲနေ့မှာပဲသတ်ဖြတ်လိုက်တယ်လို့ နောက်မှသိရတယ်”ဟု MDF-Shwe Bo ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ရဲဘော်၏ အလောင်းနှင့်အတူတွေ့ရသည့် လူငယ်တစ်ဦး၏ရုပ်အလောင်းမှာမူ မည်သူမည်ဝါဟုမသိရသေးဘဲ ရုပ်အလောင်းတွေ့ရှိရာနေရာတွင် သင်္ဂြိုလ်ပေးခဲ့သည်ဟု သိရသည်။

ကျဆုံးခဲ့သည့် MDF-Shwe Bo တပ်ဖွဲ့ဝင် ရွှေဘိုနယ်သား ရဲဘော်ဟိန်းဝေအောင်သည်(၁၉)နှစ်သာရှိသေးပြီး ၁၀တန်းအထိ တက်ရောက်ခဲ့သူဖြစ်သည်။ စစ်ကောင်စီအာဏာသိမ်းပြီးနောက် ယုံကြည်ချက်ဖြင့် လက်နက်ကိုင်တော်လှန်ရေးထဲ ဝင်ရောက်လာပြီး စစ်ကောင်စီတပ်အား ခုခံတော်လှန်ခဲ့ကြောင်း MDF-Shwe Bo ရဲဘော်များက ပြောသည်။

စစ်ကောင်စီတပ်သည် PDFရဲဘော်များအပြင် ပြည်သူများကိုလည်း စစ်ကြောင်းများတွင်လူသားဒိုင်းအဖြစ် အသုံးပြုပြီးနောက် သတ်ဖြတ်ကာ စွန့်ပစ်ထားခြင်းများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။