Connect with us

Hi, what are you looking for?

သတင်း

မုံရွာနမခ ​ရှော့တိုက်ဒုံးဖြင့်အပစ်ခံရပြီး စစ်တပ်​ရေယာဥ်လည်းတိုက်ခိုက်ခံရ

ဇူလိုင်လ ၃ ရက်နေ့ ည ၈ နာရီ မိနစ် ၄၀ ခန့်ကလည်း မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တပ်တွင်းသို့ ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်မှုရှိကြောင်း Myanmar’s Royal Dragon Army-MRDA အဖွဲ့က ထုတ်ပြန်ထားသည်။

(စစ်ကောင်စီတပ်စီးနင်းလာသည့် ရေယာဥ်တစ်စီးအား တွေ့ရစဥ်။ဓာတ်ပုံ-ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်ကော်မတီ)
(စစ်ကောင်စီတပ်စီးနင်းလာသည့် ရေယာဥ်တစ်စီးအား တွေ့ရစဥ်။ဓာတ်ပုံ-ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်ကော်မတီ)

မုံရွာမြို့ တွင် အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ်( မုံရွာနမခ) ဝန်း​ရှော့တိုက်ဒုံးဖြင့် ​ပစ်ခတ်တိုက်ခိုက်ခံရပြီးချင်းတွင်းမြစ်အတွင်း၌လည်း ဖြတ်သန်းလာသော စစ်ကောင်စီရေယာဥ်နှင့် စစ်အုပ်စုအထိအခိုက်ရှိကြောင်း သတင်းရရှိသည်။

ယနေ့ ဇူလိုင်လ ၅ ရက် နံနက် ၅ နာရီခန့်က မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းသို့ ၁၀၇ မမ ​ရှော့တိုက်ဒုံး ၃ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

နမခအတွင်းရှိ လစရ၆(လက်နက်စစ်ဆေးရေးအဖွဲ့)နှင့် အလုပ်ရုံ ၈ တို့ ထိမှန်ပြီး အထိအခိုက်များပြားကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဆိုသည်။

“ပစ်မှတ်(၂)ခုထိတာသိရပြီ။ တတိယအလုံးမသိရသေးဘူး။ အထိအခိုက်အကျအဆုံးများတာတော့သိရတယ်။”ဟု ဒေသတွင်းတော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။

Public Service Announcement

Public Service Announcement

အလားတူ ယနေ့ နံနက် ၁၀ နာရီဝန်းကျင်ကလည်း ချင်းတွင်းမြစ်အတွင်း စုန်ဆင်းလာသော စစ်ကောင်စီအင်အားအများအပြားလိုက်ပါလာသည့် အမြောက်ပါ ရေယာဥ်တစ်စီးသည် မုံရွာမြို့နယ်ရှိ မြစ်ကြောင်းတစ်နေရာတွင် ဒေသတွင်းတော်လှန်ရေးအင်အားစုများနှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

Public Service Announcement
Public Service Announcement

ထိုပစ်ခတ်မှုတွင် ရေယာဥ်ပေါ်ပါ စစ်အုပ်စု အထိအခိုက်ရှိနိုင်ကြောင်း ဒေသတွင်း ကင်းထောက်ရဲဘော်တစ်ဦးက ပြောသည်။

“မုံရွာကကောင်တွေ အောက်ဘက်စုန်လာတာ။ ရှော်တယ်(ရေယာဥ်)ကို လက်နက်ကြီးမှန်တယ်။”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီရေယာဥ် နစ်မြုပ်သွားသည်ဟု ပြောဆိုနေကြသော်လည်း People’s Spring ကသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

မုံရွာမြို့ပေါ်တွင်လည်း စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးနေပြီး MPT ဖုန်းလိုင်းများ ဆက်သွယ်၍မရဖြစ်နေသည်ဟု မြို့ခံအချို့က ဆိုသည်။

မုံရွာနယ်တောင်ပိုင်း ချောင်းဦးနယ်အစပ်တွင်လည်း စစ်ကောင်စီတပ်က နံနက် ၅ နာရီကတည်းက စစ်ကြောင်းထိုးပစ်ခတ်နေကြောင်း၊ ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင်လ ၃ ရက်နေ့ ည ၈ နာရီ မိနစ် ၄၀ ခန့်ကလည်း မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တပ်တွင်းသို့ ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်မှုရှိကြောင်း Myanmar’s Royal Dragon Army-MRDA အဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။