Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကမ္မမြို့တွင်ရဲတစ်ဦး ပစ်ခတ်ခံရ၍​သေဆုံးပြီး သေနတ်၊ ကျည်နှင့်ဖုန်းကို PDFများသိမ်းဆည်း

ကမ္မမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦးသည် ဇူလိုင် ၅ ရက် နံနက် ၉နာရီခန့်က ထွက်လာစဉ် ရဲစခန်းနှင့်မလှမ်းမကမ်းမှာပင် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ​ဒေသခံအချို့က​ပြောသည်။

(စစ်​ကောင်စီရဲထံမှ သိမ်းဆည်းရရှိ​သော ​သေနတ်၊ကျည်နှင့်ဖုန်း ။ဓါတ်ပုံ-PDF-ကမ္မ)
(စစ်​ကောင်စီရဲထံမှ သိမ်းဆည်းရရှိ​သော ​သေနတ်၊ကျည်နှင့်ဖုန်း ။ဓါတ်ပုံ-PDF-ကမ္မ)

▪︎ကျောက်ထု-ပခုက္ကူလမ်းပိုင်းကိုဇူလိုင် ၆ရက်မှစ၍ အသုံးပြုသွားလာခြင်းမပြုကျောက်ထု PDF(YRPA)သတိ​​ပေး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့တွင် ရဲစခန်းမှ ဈေးဝယ်ထွက်လာသည့် စစ်ကောင်စီရဲတပ်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွား၍ ၎င်း၏ သေနတ်ကိုပါ PDFများသိမ်းဆည်းသွားကြောင်း ဒေသခံများအချို့က​ပြောသည်။

ကမ္မမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦးသည် ဇူလိုင် ၅ ရက် နံနက် ၉နာရီခန့်က ထွက်လာစဉ် ရဲစခန်းနှင့်မလှမ်းမကမ်းမှာပင် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ​ဒေသခံအချို့က​ပြောသည်။

“ရဲအပစ်ခံရပြီးတော့ ကျန်ရဲတွေက မဲမဲမြင်ရာရမ်းသန်းပစ်တော့ပဲ။လူတွေလည်း အိမ်ထဲက အိမ်ပြင်မထွက်ရဲဘူး”ဟု​ဒေသခံတစ်ဦးကပြောသည်။

(စစ်​ကောင်စီရဲထံမှ သိမ်းဆည်းရရှိ​သော ​သေနတ်၊ကျည်နှင့်ဖုန်း ။ဓါတ်ပုံ-PDF-ကမ္မ)
(စစ်​ကောင်စီရဲထံမှ သိမ်းဆည်းရရှိ​သော ​သေနတ်၊ကျည်နှင့်ဖုန်း ။ဓါတ်ပုံ-PDF-ကမ္မ)

ပစ်ခတ်ခံရ​သော​ကြောင့်ရဲမှာ​သေဆုံးသွားပြီး ၎င်းထံမှ G-3 တစ်လက်၊ ကျည်ဘောက်တစ်ခု၊ ကျည်များနှင့် ဖုန်းတစ်လုံးကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းသွားကြောင်းဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

(စစ်​ကောင်စီရဲထံမှ သိမ်းဆည်းရရှိ​သော ​သေနတ်၊ကျည်နှင့်ဖုန်း ။ဓါတ်ပုံ-PDF-ကမ္မ)
(စစ်​ကောင်စီရဲထံမှ သိမ်းဆည်းရရှိ​သော ​သေနတ်၊ကျည်နှင့်ဖုန်း ။ဓါတ်ပုံ-PDF-ကမ္မ)

အဆိုပါပစ်ခတ်တိုက်ခိုက်မှုကို People’s Defense Force- ကမ္မတပ်ဖွဲ့က ဆောင်ရွက်ခဲံခြင်းဖြစ်ပြီး သေနတ်အပြင် ကျည်ဘောက်တစ်ခု၊ ကျည်၁၂တောင့်နှင့် ဖုန်းတလုံးသိမ်းဆည်းရမိသည်ဟု အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။ထိုအပြင်ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်းအသိ​ပေးထားသည်။

Public Service Announcement
Public Service Announcement

အခြားသတင်းတစ်ရပ်တွင် ကျောက်ထု-ပခုက္ကူလမ်းပိုင်းကို ယနေ့ (ဇူလှိုင် ၆ရက်) မှစ၍ အသုံးပြုသွားလာခြင်းမပြု ကျောက်ထု PDF(YRPA)က ယနေ့ထုတ်ပြန်ထားသည်။ အရေးကြီးကိစ္စရပ်များသွားလာရန် လိုအပ်ပါက ကျောက်ထု PDFရုံးကို ဆက်သွယ်ကြရန်လည်း တိုက်တွန်းထားသည်။

ထိုလမ်းပိုင်းတွင် စစ်ကောင်စီက စစ်ကြောင်းထိုးလာနိုင်၍ လမ်းပိုင်းယာယီပိတ်ထားရခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။