Connect with us

Hi, what are you looking for?

သတင်း

ကမ္မမြို့တွင်ရဲတစ်ဦး ပစ်ခတ်ခံရ၍​သေဆုံးပြီး သေနတ်၊ ကျည်နှင့်ဖုန်းကို PDFများသိမ်းဆည်း

ကမ္မမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦးသည် ဇူလိုင် ၅ ရက် နံနက် ၉နာရီခန့်က ထွက်လာစဉ် ရဲစခန်းနှင့်မလှမ်းမကမ်းမှာပင် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ​ဒေသခံအချို့က​ပြောသည်။

(စစ်​ကောင်စီရဲထံမှ သိမ်းဆည်းရရှိ​သော ​သေနတ်၊ကျည်နှင့်ဖုန်း ။ဓါတ်ပုံ-PDF-ကမ္မ)
(စစ်​ကောင်စီရဲထံမှ သိမ်းဆည်းရရှိ​သော ​သေနတ်၊ကျည်နှင့်ဖုန်း ။ဓါတ်ပုံ-PDF-ကမ္မ)

▪︎ကျောက်ထု-ပခုက္ကူလမ်းပိုင်းကိုဇူလိုင် ၆ရက်မှစ၍ အသုံးပြုသွားလာခြင်းမပြုကျောက်ထု PDF(YRPA)သတိ​​ပေး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့တွင် ရဲစခန်းမှ ဈေးဝယ်ထွက်လာသည့် စစ်ကောင်စီရဲတပ်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွား၍ ၎င်း၏ သေနတ်ကိုပါ PDFများသိမ်းဆည်းသွားကြောင်း ဒေသခံများအချို့က​ပြောသည်။

ကမ္မမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦးသည် ဇူလိုင် ၅ ရက် နံနက် ၉နာရီခန့်က ထွက်လာစဉ် ရဲစခန်းနှင့်မလှမ်းမကမ်းမှာပင် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ​ဒေသခံအချို့က​ပြောသည်။

“ရဲအပစ်ခံရပြီးတော့ ကျန်ရဲတွေက မဲမဲမြင်ရာရမ်းသန်းပစ်တော့ပဲ။လူတွေလည်း အိမ်ထဲက အိမ်ပြင်မထွက်ရဲဘူး”ဟု​ဒေသခံတစ်ဦးကပြောသည်။

(စစ်​ကောင်စီရဲထံမှ သိမ်းဆည်းရရှိ​သော ​သေနတ်၊ကျည်နှင့်ဖုန်း ။ဓါတ်ပုံ-PDF-ကမ္မ)
(စစ်​ကောင်စီရဲထံမှ သိမ်းဆည်းရရှိ​သော ​သေနတ်၊ကျည်နှင့်ဖုန်း ။ဓါတ်ပုံ-PDF-ကမ္မ)

ပစ်ခတ်ခံရ​သော​ကြောင့်ရဲမှာ​သေဆုံးသွားပြီး ၎င်းထံမှ G-3 တစ်လက်၊ ကျည်ဘောက်တစ်ခု၊ ကျည်များနှင့် ဖုန်းတစ်လုံးကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းသွားကြောင်းဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

(စစ်​ကောင်စီရဲထံမှ သိမ်းဆည်းရရှိ​သော ​သေနတ်၊ကျည်နှင့်ဖုန်း ။ဓါတ်ပုံ-PDF-ကမ္မ)
(စစ်​ကောင်စီရဲထံမှ သိမ်းဆည်းရရှိ​သော ​သေနတ်၊ကျည်နှင့်ဖုန်း ။ဓါတ်ပုံ-PDF-ကမ္မ)

အဆိုပါပစ်ခတ်တိုက်ခိုက်မှုကို People’s Defense Force- ကမ္မတပ်ဖွဲ့က ဆောင်ရွက်ခဲံခြင်းဖြစ်ပြီး သေနတ်အပြင် ကျည်ဘောက်တစ်ခု၊ ကျည်၁၂တောင့်နှင့် ဖုန်းတလုံးသိမ်းဆည်းရမိသည်ဟု အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။ထိုအပြင်ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်းအသိ​ပေးထားသည်။

Public Service Announcement
Public Service Announcement

အခြားသတင်းတစ်ရပ်တွင် ကျောက်ထု-ပခုက္ကူလမ်းပိုင်းကို ယနေ့ (ဇူလှိုင် ၆ရက်) မှစ၍ အသုံးပြုသွားလာခြင်းမပြု ကျောက်ထု PDF(YRPA)က ယနေ့ထုတ်ပြန်ထားသည်။ အရေးကြီးကိစ္စရပ်များသွားလာရန် လိုအပ်ပါက ကျောက်ထု PDFရုံးကို ဆက်သွယ်ကြရန်လည်း တိုက်တွန်းထားသည်။

ထိုလမ်းပိုင်းတွင် စစ်ကောင်စီက စစ်ကြောင်းထိုးလာနိုင်၍ လမ်းပိုင်းယာယီပိတ်ထားရခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။