Connect with us

Hi, what are you looking for?

သတင်း

နိုက်ကလပ်၊ ဘား၊ ကေတီဗီများကိုစစ်​ကောင်စီကဖျော်ဖြေရေးလိုင်စင်လုပ်ရန်ဖိအား​ပေးပြီး လိုင်စင်​ကြေး​တောင်း

လုပ်ငန်းလိုင်စင်ကို အကြောင်းပြခြင်းသည် ဆိုင်များကို ဖျော်ဖြေရေးလိုင်စင်လုပ်ဆောင်ရန် ဖိအားပေးခြင်းဖြစ်နိုင်ကြောင်း ကမာရွတ်မြို့တွင် နေထိုင်သူတစ်ဦးကပြောသည်။

(ရန်ကုန့်မြို့ရှိ ကလပ်တစ်ခု။ဓါတ်ပုံ-CJ)
(ရန်ကုန့်မြို့ရှိ ကလပ်တစ်ခု။ဓါတ်ပုံ-CJ)

ရန်ကုန်မြို့တွင်ဖွင့်ထားသည့် နိုက်ကလပ်၊ ဘား၊ ကေတီဗီ၊ မာဆတ်များအနေဖြင့် သတ်မှတ်လိုင်စင်နှင့်ကိုက်ညီမှုမရှိဘဲ လုပ်ငန်းဆောင်ရွက်ပါက ဆိုင်ပိတ်သိမ်းသည်အထိအရေးယူမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်လိုက်သည်။

ဇူလိုင် ၅ ရက်မှစတင်၍ ရန်ကုန်တိုင်းအတွင်းရှိ နိုက်ကလပ် ၊ ဘား ၊ ကေတီဗီ ၊ မာဆတ်များအနေဖြင့် သက်ဆိုင်ရာကခွင့်ပြုထားသည့် လုပ်ငန်းလိုင်စင်အတိုင်းလုပ်ဆောင်ရန် နှင့် ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်ပါက ဆိုင်ပိတ်သိမ်းသည်အထိ ‌အရေးယူဆောင်ရွက်မည်ဟု ကြေညာချက်ထုတ်ပြန်ထားခြင်းဖြစ်သည်။

ရန်ကုန်မြို့၌ ဇူလိုင်လဆန်းမှ စတင်၍ လူသိများသည့် နိုက်ကလပ်များက ယာယီပိတ်သိမ်းကြောင်းကြေညာထားသလို အထက်ပါထုတ်ပြန်ချက် ထွက်လာသည့်အချိန်တွင် ဖျော်ဖြေရေးအစီအစဉ်များတင်ဆက်ပေးသည့် ဘား နှင့် ဆိုင်အချို့က ၎င်းတို့ဆိုင်များ၌ ဖျော်ဖြေရေးအစီအစဉ်များ ခတ္တရပ်နားထားမည်ဟု ကြေညာခဲ့သည်။

လုပ်ငန်းလိုင်စင်ကို အကြောင်းပြခြင်းသည် ဆိုင်များကို ဖျော်ဖြေရေးလိုင်စင်လုပ်ဆောင်ရန် ဖိအားပေးခြင်းဖြစ်နိုင်ကြောင်း ကမာရွတ်မြို့တွင် နေထိုင်သူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“ကလပ်ပိုင်ရှင်တွေ သိန်းရာချီထွက်ပြီ။ Entertainment လိုင်စင်ထပ်တိုးလျှောက်ရပါမယ်တဲ့။ ” ဟု ပြည်သူတစ်ဦးက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေဖွင့်ထားတဲ့ KTVမှာ K လို့ လူသိများတဲ့ မူးယစ်ဆေးသုံးတဲ့ အမျိုးသား ၂ဦး သေဆုံးသွားပြီး တစ်ဦးကို ဆေးကုသနေရပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။