Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းမူတွင် စစ်ကောင်စီတပ်က PDF ရဲဘော်တစ်ဦးနှင့် ပြည်သူ သုံးဦးကို သတ်ဖြတ်သွား

မြင်းမူ – ထီးဆောင်း – အရာတော် လမ်းပိုင်း၌ စစ်ကြောင်းများရှိနေ၍ ထိုလမ်းပိုင်းအား သွားလာခြင်းမပြုရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

(စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများအား ဖြိုခွင်းရန်ပြင်ဆင်နေသော စစ်ကောင်စီတပ်သားများအား ၂၀၂၂ ဖေဖော်ဝါရီ ၁၅ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - အေပီ)
(စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများအား ဖြိုခွင်းရန်ပြင်ဆင်နေသော စစ်ကောင်စီတပ်သားများအား ၂၀၂၂ ဖေဖော်ဝါရီ ၁၅ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - အေပီ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်က PDF ရဲဘော်တစ်ဦးနှင့် ပြည်သူ သုံးဦးကို သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဇူလိုင် ၆ရက်က စစ်ကိုင်းမြို့နယ်၊ တပ်မ(၃၃) စစ်ကောင်စီတပ်သည် ညောင်ပင်ဝန်းကျေးရွာမှတဆင့် အင်အား ၅၀ကျော်ဖြင့် နဘဲကြူးရွာနှင့် မကျီးကန်ကျေးရွာသို့ ဝင်ရောက်ခဲ့သည်။

အဆိုပါ စစ်ကြောင်းကို ညနေ ၅နာရီခွဲခန့်တွင် လက်လုပ်(၈၁)မမ ဗုံးသီး အလုံး၂၀ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

စစ်ကြောင်းသည် ဓားစာခံဖမ်းဆီးခေါ်ဆောင်လာသည့် နဘဲကြူးရွာမှ ပြည်သူ သုံးဦးနှင့် ညောင်မြစ်ရွာမှ တစ်ဦးအား သတ်ဖြတ်သွားကြောင်း မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

သတ်ဖြတ်ခံရသူ ​လေးဦးအနက် PDFရဲဘော်တစ်ဦးပါဝင်ကြောင်း Myinmu PDFအဖွဲ့ ပြန်ကြားရေးတာဝန်ခံက အတည်ပြုသည်။

“မနေ့က ဖြစ်စဥ်မှာ ခွေးနှစ်ကောင်ကျပြီး ကျွန်တော်တို့ဘက်က ပြည်သူ ၃ဦး ရဲဘော်တစ်ဦးကျတယ်။”ဟု Myinmu PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် ဂုံညင်းဆိပ်ကျေးရွာကို မီးရှို့သွားပြီးပျက်စီးမှုအခြေအနေ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

မြင်းမူ – ထီးဆောင်း – အရာတော် လမ်းပိုင်း၌ စစ်ကြောင်းများရှိနေ၍ ထိုလမ်းပိုင်းအား သွားလာခြင်းမပြုရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။