Connect with us

Hi, what are you looking for?

သတင်း

မြင်းမူတွင် စစ်ကောင်စီတပ်က PDF ရဲဘော်တစ်ဦးနှင့် ပြည်သူ သုံးဦးကို သတ်ဖြတ်သွား

မြင်းမူ – ထီးဆောင်း – အရာတော် လမ်းပိုင်း၌ စစ်ကြောင်းများရှိနေ၍ ထိုလမ်းပိုင်းအား သွားလာခြင်းမပြုရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

(စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများအား ဖြိုခွင်းရန်ပြင်ဆင်နေသော စစ်ကောင်စီတပ်သားများအား ၂၀၂၂ ဖေဖော်ဝါရီ ၁၅ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - အေပီ)
(စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများအား ဖြိုခွင်းရန်ပြင်ဆင်နေသော စစ်ကောင်စီတပ်သားများအား ၂၀၂၂ ဖေဖော်ဝါရီ ၁၅ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - အေပီ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်က PDF ရဲဘော်တစ်ဦးနှင့် ပြည်သူ သုံးဦးကို သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဇူလိုင် ၆ရက်က စစ်ကိုင်းမြို့နယ်၊ တပ်မ(၃၃) စစ်ကောင်စီတပ်သည် ညောင်ပင်ဝန်းကျေးရွာမှတဆင့် အင်အား ၅၀ကျော်ဖြင့် နဘဲကြူးရွာနှင့် မကျီးကန်ကျေးရွာသို့ ဝင်ရောက်ခဲ့သည်။

အဆိုပါ စစ်ကြောင်းကို ညနေ ၅နာရီခွဲခန့်တွင် လက်လုပ်(၈၁)မမ ဗုံးသီး အလုံး၂၀ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

စစ်ကြောင်းသည် ဓားစာခံဖမ်းဆီးခေါ်ဆောင်လာသည့် နဘဲကြူးရွာမှ ပြည်သူ သုံးဦးနှင့် ညောင်မြစ်ရွာမှ တစ်ဦးအား သတ်ဖြတ်သွားကြောင်း မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

သတ်ဖြတ်ခံရသူ ​လေးဦးအနက် PDFရဲဘော်တစ်ဦးပါဝင်ကြောင်း Myinmu PDFအဖွဲ့ ပြန်ကြားရေးတာဝန်ခံက အတည်ပြုသည်။

“မနေ့က ဖြစ်စဥ်မှာ ခွေးနှစ်ကောင်ကျပြီး ကျွန်တော်တို့ဘက်က ပြည်သူ ၃ဦး ရဲဘော်တစ်ဦးကျတယ်။”ဟု Myinmu PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် ဂုံညင်းဆိပ်ကျေးရွာကို မီးရှို့သွားပြီးပျက်စီးမှုအခြေအနေ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

မြင်းမူ – ထီးဆောင်း – အရာတော် လမ်းပိုင်း၌ စစ်ကြောင်းများရှိနေ၍ ထိုလမ်းပိုင်းအား သွားလာခြင်းမပြုရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်