Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သဲကုန်းနှင့် အုတ်ဖိုတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး ​သေနတ်ဖြင့်အပစ်ခံရ

သဲကုန်းမြို့နယ်၊ ရုံးပင်တက် ကျေးရွာအုပ်စုမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဇော်ဝင်း(ခ)ကုလားကြီးသည် ဇူလိုင် ၅ ရက်နေ့၊ နေ့လယ် ၁၂ နာရီ ၄၀ ခန့်တွင် သဲကုန်းမြို့မှ ဆိုင်ကယ်ဖြင့်ပြန်လာစဉ် ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ မှနွေဦးမောင်ပြောက် ကျားတပ်ဖွဲ့က ဖားစမ်းရွာထိပ်အရောက်၌ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

(သဲကုန် ၊အုတ်ဖို နှင့် ​ဒေသတွင်းမြို့နယ်များကို Google Map တွင်​တွေ့ရမှု)
(သဲကုန် ၊အုတ်ဖို နှင့် ​ဒေသတွင်းမြို့နယ်များကို Google Map တွင်​တွေ့ရမှု)

ပဲခူးတိုင်းအနောက်ခြမ်း သဲကုန်းမြို့နယ်နှင့် အုတ်ဖိုမြို့နယ်တို့မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ရာအိမ်မှူးတစ်ဦးကို စစ်ရေးပစ်မှတ်များအဖြစ် သတ်မှတ်ပစ်ခတ်လိုက်ကြောင်း သက်ဆိုင်ရာ ခရိုင် PDF တပ်ရင်းများက People’s Spring သတင်းဌာနသို့ ပြောသည်။

သဲကုန်းမြို့နယ်၊ ရုံးပင်တက် ကျေးရွာအုပ်စုမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဇော်ဝင်း(ခ)ကုလားကြီးသည် ဇူလိုင် ၅ ရက်နေ့၊ နေ့လယ် ၁၂ နာရီ ၄၀ ခန့်တွင် သဲကုန်းမြို့မှ ဆိုင်ကယ်ဖြင့်ပြန်လာစဉ် ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ မှနွေဦးမောင်ပြောက် ကျားတပ်ဖွဲ့က ဖားစမ်းရွာထိပ်အရောက်၌ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ပစ်ခတ်ရာတွင် လမ်းသွားလမ်းလာ ပြည်သူများကို ရှောင်တိမ်းပစ်ခတ်ရသည့်အတွက် ဇော်ဝင်း(ခ)ကုလားကြီးမှာ နောက်ကြောထိမှန်ဒဏ်ရာ ရရှိကာ ဖားစမ်းရွာပြည်သူတစ်ဦး၏ နေအိမ်အတွင်းသို့ ဝင်ရောက်ထွက်ပြေးသွားခဲ့သည်ဟု ဆိုသည်။

​ဇော်ဝင်းမှာ ​သေနတ်မှန် ဒဏ်ရာများဖြင့် ​ဆေးရုံတွင် ​ဆေးကုသမှု ခံယူ​နေသည်ဟု သိရ​​ကြောင်း​ဒေသခံတစ်ဦးက​ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် နွေဦးမောင်မြို့ပြပြောက် ကျားအဖွဲ့မှ ရဲဘော်များမှာ ပြည်သူများကို ထိခိုက်မည်ကိုစိုးရိမ်သောကြောင့် ဆက်လက်ပစ်ခတ်ခြင်းမပြုတော့ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း တပ်ရင်း ၃၆၀၁ PPDF က အသိပေးသည်။

ထို့ကြောင့် အုပ်ချုပ်ရေးမှူး ဇော်ဝင်း(ခ)ကုလားကြီးမှာ အပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး သဲကုန်းမြို့နယ်ဆေးရုံသို့ပို့ဆောင်၍ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူလျက်ရှိပြီး နွေဦးမောင်မြို့ပြပြောက်ကျားအဖွဲ့မှ ရဲဘော်များအားလုံး အန္တရာယ်ကင်းရှင်းစွာဖြင့် ပြန်လည်ဆုတ်ခွာနိုင်ခဲ့​သည်ဟုအသိ​ပေးထားသည်။

“ဖြစ်စဥ်ကတော့ မှန်တယ်ဗျ။ ကျနော်တို့က တောထဲနဲ့မြို့ပေါ် မစ်ရှင်တွေခွဲထားတော့ အသေးစိပ်မပြောနိုင်ဘူး။ မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ လှုပ်ရှားမှုပါ”ဟု ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ PPDF မှ တော်လှန် ရေးရဲဘော်တစ်ဦးက People’s Spring သို့ ပြော သည်။

အထက်ပါ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဇော်ဝင်း(ခ)ကုလားကြီးဆိုသူသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များကို ၎င်း၏နေအိမ်သို့ အမြဲခေါ်ထား၍ ကျေးရွာအုပ်စုအတွင်းမှ ပြည်သူများကို နည်းမျိူးစုံဒုက္ခပေးရုံသာမကဘဲ အပြစ်မဲ့ပြည်သူလူထုကို အကြောင်းအမျိုးမျိုးပြကာ ဖမ်းစီးနှိက်စက် ငွေညှစ်ခိုင်းနေသူဖြစ်ကြောင်း PPDF က ဆိုသည်။

အလားတူ ယမန်နေ့(ဇူလိုင် ၆) နံနက် ၆ နာရီခွဲခန့်ကအုတ်ဖိုမြို့နယ်၊ အောက်ကိုင်းကျေးရွာအုပ်စု၊ သရက်တောရွာမှ ပျူစောထီးခေါင်းဆောင်နှင့် စစ်ကောင်စီခန့်ရာအိမ်မှူး ဖားမြင့်ဦးဆိုသူကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ၄ မြေအောက်ပြောက် ကျားတပ်ဖွဲ့ (အုတ်ဖို)က သေနတ်ဖြင့် အနီးကပ် (၄)ချက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဖားမြင့်ဦးဆိုသူသည် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ နယ်ထိန်းဇော်ထွန်းဦးနှင့်ပေါင်း၍ တရားမဝင်လောင်းကစားဝိုင်းများ၊ ချဲနှစ်လုံးဒိုင်များ၊ အရက်ဆိုင်များ၊ သစ်‌မှောင်ခိုသမားများထံမှ ဆက်ကြေးကောက်ခံ၍ စစ်ကောင်စီထံပေးသွင်းခြင်း၊ စိုက်ဘဏ်ချေးငွေ၊ သမချေးငွေနှင့် မြစိမ်းရောင်ချေးငွေများကို ပြည်သူများထံမှ အတင်းအကြပ် ခြိမ်း ခြောက်တောင်းယူခြင်းတို့ကို ပြုလုပ်နေသူဖြစ် ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)က ပြောသည်။

ထိုသို့ ပြည်သူလူထုအား ဒုက္ခအမျိုးမျိုးပေးနေသော ပျူစောထီးခေါင်းဆောင် ရာအိမ်မှူး ဖားမြင့်ဦးကို စစ်ရေးပစ်မှတ်အဖြစ် စိစစ်အတည်ပြုပြီး ​သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ဒဏ်ရာအပြင်းအထန်ရ၍ ဆေးရုံ၌ အတွင်းလူနာအဖြစ် ကုသမှုခံယူနေရသည်ဟု အထက်ပါတော်လှန်ရေးတပ်ဖွဲ့က ဆိုသည်။

အထက်ပါ ပစ်ခတ်မှုများမှ ပြင်းထန်ဒဏ်ရာများရရှိသွားသော အုပ်ချုပ်ရေးမှူး ဇော်ဝင်း(ခ)ကုလားကြီးနှင့် ရာအိမ်မှူး ဖားမြင့်ဦးဆိုသူတို့ သေဆုံးခြင်းရှိ၊မရှိ ကိုမူသိရသေးဟု၎င်းတို့က ​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။