Connect with us

Hi, what are you looking for?

သတင်း

ပြင်သစ်ဘဏ္ဍာရေးအဖွဲ့အစည်း၆ခု ကစစ်တပ်နှင့်ဆက်နွယ်သည့်ကုမ္ပဏီများတွင်ဒေါ်လာ ၆ ဘီလီယံဖိုးရင်းနှီးမြှပ်နှံထား

ပြင်သစ်နိုင်ငံ အနေဖြင့် မြန်မာစစ်တပ်နှင့် ဆက်နွှယ်သည့် ကုမ္ပဏီများတွင် ပင်စင်ရံပုံငွေအဖွဲစည်းက ရင်းနှီးမြှပ်နှံမှုမရှိစေရန် ဆောင်ရွက်ရမည်ဟုလည်းတိုက်တွန်းထားသည်။

(Crédit Agricoleသည် အာဏာသိမ်းပြီးနောက်စစ်အုပ်စုထံ စစ်လက်နက်ပစ္စည်းများရောင်းချနေသည့် အိန္ဒိယအစိုးရပိုင် Bharat Electronics Limited(BEL)တွင် ရင်းနှီးမြှပ်နှံထားသည်။ဓါတ်ပုံ-Crédit Agricole)
(Crédit Agricoleသည် အာဏာသိမ်းပြီးနောက်စစ်အုပ်စုထံ စစ်လက်နက်ပစ္စည်းများရောင်းချနေသည့် အိန္ဒိယအစိုးရပိုင် Bharat Electronics Limited(BEL)တွင် ရင်းနှီးမြှပ်နှံထားသည်။ဓါတ်ပုံ-Crédit Agricole)

▪︎ရင်းနှီးမြှပ်နှံမှုများကိုတာဝန်ယူမှုရှိစွာ ချက်ချင်းနှုတ်ထွက်ရန် ၊သို့မဟုတ် ရှယ်ယာများကို​ရောင်းချရန်တိုက်တွန်း

ပြင်သစ်ဘဏ် ၅ ဘဏ်နှင့် ပင်စင်ရံပုံငွေအဖွဲ့တစ်ခုက မြန်မာစစ်အုပ်စုနှင့် ဆက်နွှယ်​​​နေ​သော ကုမ္ပဏီ ၂၂ ခုတွင် ဒေါ်လာ ၆ ဘီလီယံခန့်ရင်းနှီးမြှပ်နှံထားကြောင်း အစီရင်ခံစာတစ်​စောင်က ဇူလိုင် ၇ ရက်တွင်ထုတ်ဖော်လိုက်သည်။

ထိုအစီရင်ခံစာကို Info Birmanie ၊Bank Track နှင့် Justice For Myanmarတို့က ပူးတွဲ၍အစီရင်ခံစာထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အစီရင်ခံစာတွင် Crédit Agricole၊ La Banque Postale၊ BPCE Group၊ BNP Paribas၊ Société Générale နှင့် Fonds de Réserve တို့က စစ်အုပ်စုနှင့်ဆက်နွယ်သည့် ကုမ္ပဏီများတွင် အမေရိကန်ဒေါ်လာ ၆ ဘီလီယံခန့်ရင်းနှီးမြှပ်နှံထားပြီး ထိုပမာဏာ ၇၅ ရာခိုင်နှုန်းသည် ရုပ်ကြွင်းလောင်စာကဏ္ဍတွင် ရင်းနှီးမြှပ်နှံထားခြင်းဖြစ်သည်ဟု​ဖော်ပြထားသည်။

ထိုအပြင် စစ်အုပ်စစ်ထံ စစ်လက်နက်များရောင်းချသည့် ကုမ္ပဏီများနှင့် စစ်အုပ်စု စောင့်ကြည့်ထောက်လှမ်းရေးစွမ်းရည်ကို မြှင့်တင်ပေးသည့် ကုမ္ပဏီများတွင်လည်း ရင်းနှီးမြှပ်နှံထားကြသည်ဟုဆိုသည်။ ထိုထဲတွင် Crédit Agricoleက ဒေါ်လာ ၄ ဘီလီယံဖိုးဖြင့် အများဆုံး ရင်းနှီးမြှပ်နှံထားသည်။

Public Service Announcement

Public Service Announcement

ဘဏ္ဍာရေးအဖွဲ့အစည်းခြောက်ခုသည် မြန်မာနိုင်ငံတွင် စစ်တပ်အာဏာမသိမ်းခင် စစ်တပ်ထိန်းချုပ်ထားသည့် ကုမ္ပဏီများတွင် ရင်းနှီးမြှပ်နှံထားခြင်း နှင့် အာဏာသိမ်းပြီးနောက် စစ်အုပ်စုထိန်းချုပ်မှုအောက်တွင်ရှိသည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများတွင် တိုက်ရိုက်စီးပွားရေးဆက်နွှယ်မှုရှိသည့် ကုမ္ပဏီများဟူ၍ နှစ်မျိုးရှိသည်ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။

Crédit Agricoleသည် အာဏာသိမ်းပြီးနောက် စစ်အုပ်စုထံ စစ်လက်နက်ပစ္စည်းများရောင်းချနေသည့် အိန္ဒိယအစိုးရပိုင် Bharat Electronics Limited(BEL)တွင် ရင်းနှီးမြှပ်နှံထားခြင်းဖြစ်သည်။

ယခုတွေ့ရှိချက်များကို ပြင်သစ်-အိန္ဒိယမိတ်ဖက်ဆက်ဆံရေး ၂၅ နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်း

အနား၏ အစိတ်အပိုင်းအနေဖြင့် ပါရီမြိုတွင် ကျင်းပမည့် ဇူလိုင် ၁၄ ရက် Bastille Day စစ်ရေးပြအခမ်းအနားတွင် အိန္ဒိယ၀န်ကြီးချုပ် Narendra Modi ကိုဂုဏ်ပြုဧည့်သည် အဖြစ် ကြိုဆိုရန် ပြင်ဆင်နေချိန်တွင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။

အထက်ပါ ဘဏ္ဍာရေးအဖွဲ့အစည်း ၆ခုအနေဖြင့် ပြင်သစ်နိုင်ငံ၏ 2017 Duty of Care Law နှင့် စီးပွားရေးနှင့်လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းများကို လိုက်နာရန်လည်း အစီရင်ခံစာကတောင်းဆိုထားသည်။

ဘဏ္ဍာရေး အဖွဲအစည်းများအနေဖြင့် ရင်းနှီးမြှပ်နှံမှု များကို တာဝန်ယူမှုရှိစွာ ချက်ချင်းနှုတ်ထွက်ရန် နှင့် စစ်အုပ်စုအတွက် ပံ့ပိုးကူညီများကို ရပ်တန့်ခြင်းမရှိပါက ကုမ္ပဏီရှယ်ယာ များကို ပြန်လည်ရောင်းချရန် အစီရင်ခံစာကတောင်းဆိုထားသည်။

ပြင်သစ်နိုင်ငံ အနေဖြင့် မြန်မာစစ်တပ်နှင့် ဆက်နွှယ်သည့် ကုမ္ပဏီများတွင် ပင်စင်ရံပုံငွေအဖွဲစည်းက ရင်းနှီးမြှပ်နှံမှုမရှိစေရန် ဆောင်ရွက်ရမည်ဟုလည်းတိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။