Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်ဒရုန်းဖြင့်မကြာခဏတိုက်ခိုက်၍ ကျုံအိတ်တံတား ဆောက်လုပ်မှု ယာယီရပ်ထား

အောက်ကျသွားသည့် တံတားတစ်ဖက်ကို ပြင်ဆင်ရန် ကရိန်းနှင့် ဆွဲထုတ်သော်လည်း မရဘဲ ညပ်နေ၍ စစ်ကောင်စီက တံတားအစိတ်အပိုင်းကို မိုင်းခွဲလိုက်ကြောင်း၊ ဘေလီတံတားတည်ဆော်ကရန် ဘောင်တပ်ဆင်ထားပြီးဖြစ်သည်ဟု သိရကြောင်း KNLA နယ်မြေခံတပ်မှူးက ပြောသည်။

(ကျိုးကျ​နေ​သောတံတားအနီး ပြန်​ဆောက်ရန် စီစဥ်ခဲ့​သော စစ်​ကောင်စီ ယန္တရားအချို့ကို ဇူလိုင်လဆန်းက​တွေ့ရမှုနှင့် တံတားကျိုးကျ​ပြီး​နောက် ကားအချို့ ဖြတ်သန်း​နေမှု။ ဓါတ်ပုံ-CJ)
(ကျိုးကျ​နေ​သောတံတားအနီး ပြန်​ဆောက်ရန် စီစဥ်ခဲ့​သော စစ်​ကောင်စီ ယန္တရားအချို့ကို ဇူလိုင်လဆန်းက​တွေ့ရမှုနှင့် တံတားကျိုးကျ​ပြီး​နောက် ကားအချို့ ဖြတ်သန်း​နေမှု။ ဓါတ်ပုံ-CJ)

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ထားသည့် မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကျုံအိတ်တံတားကို ပြင်ဆင်ရန် စစ်ကောင်စီတပ်ကကြိုးစားနေစဉ် ဒရုန်းဖြင့် တိုက်ခိုက်မှုများကြောင့် တံတား ပြင်ဆင်မှုကို ယာယီရပ်နားထားသည်ဟု KNLA နယ်မြေခံတပ်မှူးက ပြောပြသည်။

ဇွန်လ ၂၈ရက်ညပိုင်းတွင် ကျုံအိတ်တံတားကို မိုင်းခွဲတိုက်ခိုက်ခံရာ တံတားတစ်ဖက် ပြိုကျပျက်စီးခဲ့သည်။ အဆိုပါ တံတားကို လာရောက်စစ်ဆေးသည့် အဖွဲ့ကိုလည်း KNLA ပူးပေါင်းတပ်က ဇွန်လ ၂၉ရက် နံနက်တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၊စစ်​ကောင်စီဝန်ထမ်းများသေဆုံးထိခိုက်များပြားခဲ့သည်။

(ကျိုးကျ​နေ​သောတံတားအနီး ပြန်​ဆောက်ရန် စီစဥ်ခဲ့​သော စစ်​ကောင်စီ ယန္တရားအချို့ကို ဇူလိုင်လဆန်းက​တွေ့ရမှုနှင့် တံတားကျိုးကျ​ပြီး​နောက် ကားအချို့ ဖြတ်သန်း​နေမှု။ ဓါတ်ပုံ-CJ)
(ကျိုးကျ​နေ​သောတံတားအနီး ပြန်​ဆောက်ရန် စီစဥ်ခဲ့​သော စစ်​ကောင်စီ ယန္တရားအချို့ကို ဇူလိုင်လဆန်းက​တွေ့ရမှုနှင့် တံတားကျိုးကျ​ပြီး​နောက် ကားအချို့ ဖြတ်သန်း​နေမှု။ ဓါတ်ပုံ-CJ)

ထို့နောက် တံတား ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်များကိုလည်း ဒရုန်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်ခဲ့ကြောင်း KNLA နယ်မြေခံတပ်မှူးက ပြောသည်။

အောက်ကျသွားသည့် တံတားတစ်ဖက်ကို ပြင်ဆင်ရန် ကရိန်းနှင့် ဆွဲထုတ်သော်လည်း မရဘဲ ညပ်နေ၍ စစ်ကောင်စီက တံတားအစိတ်အပိုင်းကို မိုင်းခွဲလိုက်ကြောင်း၊ ဘေလီတံတားတည်ဆော်ကရန် ဘောင်တပ်ဆင်ထားပြီးဖြစ်သည်ဟု သိရကြောင်း KNLA နယ်မြေခံတပ်မှူးက ပြောသည်။

Public Service Announcement

Public Service Announcement

“ဘောင်တပ်ဆင်ထားပြီးပြီး ကြမ်းတော့ မခင်းရသေးဘူး။ ဟိုက (ပူးပေါင်းတပ်ဖွဲ့က)ဒရုန်းနဲ့ နေတိုင်းပစ်တော့ ယာယီရပ်ထားရတယ်” ဟု KNLA တပ်မှူးက ပြောပြသည်။

(ကျိုးကျ​နေ​သောတံတားအနီး ပြန်​ဆောက်ရန် စီစဥ်ခဲ့​သော စစ်​ကောင်စီ ယန္တရားအချို့ကို ဇူလိုင်လဆန်းက​တွေ့ရမှုနှင့် တံတားကျိုးကျ​ပြီး​နောက် ကားအချို့ ဖြတ်သန်း​နေမှု။ ဓါတ်ပုံ-CJ)
(ကျိုးကျ​နေ​သောတံတားအနီး ပြန်​ဆောက်ရန် စီစဥ်ခဲ့​သော စစ်​ကောင်စီ ယန္တရားအချို့ကို ဇူလိုင်လဆန်းက​တွေ့ရမှုနှင့် တံတားကျိုးကျ​ပြီး​နောက် ကားအချို့ ဖြတ်သန်း​နေမှု။ ဓါတ်ပုံ-CJ)

စစ်​ကောင်စီက အဆိုပါတံတား​ပြန်ဆောက်လုပ်ရန်အတွက် ​လုပ်သားများကိုမွန်ပြည်နယ်အတွင်း​ခေါ်ရာ လိုက်ပါလုပ်ရဲသူမရှိ၍ တွံ​တေးဘက်မှ ​ဆောက်လုပ်​ရေးလုပ်သား ၅၀ ကို တစ်ရက်လျှင် နှစ်​သောင်းကျပ်​ပေးမည်ဆိုကာလိုက်လံလူစုခဲ့​ကြောင်းလည်း​ဒေသခံအချို့က​ပြောသည်။

KNLA နှင့် ပူးပေါင်းတပ်ဖွဲ့သည် အဆိုပါ ကျုံအိတ်တံတားကို မိုင်းခွဲပြီးနောက်ပိုင်းတွင်လည်း ဘီးလင်းနှင့် ကျိုက်ထိုမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စွဲရာနေရာများကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်း၊ ကျိုက်ထီးရိုးတောင်တက်လမ်းရှိ တံတားတစ်ခုကို မိုင်းခွဲတိုက်ခိုက်ခြင်းများကိုလည်းပြုလုပ်ဆခဲ့သည်။

ထိုသို့လုပ်ဆောင်ရခြင်းမှာ စစ်ကောင်စီ၏အဓိကထောက်ပို့လမ်းကြောင်း ဖြတ်တောက်ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ စစ်ကူများ အမြန်လာရောက်မှုကို တားဆီးရန်ဖြစ်သည်ဟု KNLA တပ်မှူးက ပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ခမရ(၅၅၇)တပ်သား ၂ဦး လက်နက် ၃လက်ယူလာပြီး အလင်းဝင်လာ