Connect with us

Hi, what are you looking for?

သတင်း

က​လေးငယ်အပါအဝင်ပြည်သူသုံးဦးကိုသတ်ခဲ့​သောစစ်​ကြောင်းကို PDFများတိုက်ခိုက်

တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၂၀ ခန့်ကြာခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းသည် ယင်းမာပင်မြို့ထဲသို့ ပြန်ဝင်သွားသည်ဟု သိရသည်။အဆိုပါ စစ်ကြောင်းသည် ဇူလိုင်လ ၆ရက်က အင်ကြင်းတောင်အနီး၌ ပြည်သူ နှစ်ဦးနှင့် ကလေးငယ်တစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့​ကြာင်း​ဒေသခံများက​ပြောသည်။

(ယင်းမာပင်ခရိုင် တပ်ရင်း ၁၇- B-21 Kani PDFမှ တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-B21 Kani PDF)
(ယင်းမာပင်ခရိုင် တပ်ရင်း ၁၇- B-21 Kani PDFမှ တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-B21 Kani PDF)

ယင်းမာပင်မြို့နယ်တွင်ကလေးတစ်ဦးအပါအဝင် ပြည်သူသုံးဦးကို သတ်ဖြတ်သွားသည့် စစ်ကောင်စီစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်တွင် ခြောက်ဦးထက်မနည်း ဒဏ်ရာအပြင်းအထန်ရသွားကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း ၁၇ ၊ တပ်ရေးဗိုလ်က ပြောသည်။

ယမန်နေ့(ဇူလိုင် ၈ရက်) နံနက် ၉နာရီခန့်ကယင်းမာပင်မြို့ထဲမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို မြို့အထွက်မှစောင့်၍ တိုက်ခိုက်ခဲ့ခြင်းဟု သတင်းရရှိသည်။

“သူတို့က ကျွန်တော်တို့ နှစ်ဖွဲ့ကြားကို ရောက်လာတာ။တိုက်ခိုက်‌နေချိန် ကျွန်တော်တို့ မြင်ရတာက လေး‌ယောက်ကို သူတို့ ထမ်းတင်သွားတယ်။နှစ်ယောက်က တွဲထားတယ်။ ဒဏ်ရာရသူတွေ များတယ်။ သတင်းလည်း ပြန်ရပါတယ်ဗျ” ဟု ယင်းမာပင်ခရိုင် တပ်ရင်း ၁၇( B-21 Kani PDF) တပ်ရေးဗိုလ်ကိုထွေးကပြောသည်။

တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၂၀ ခန့်ကြာခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းသည် ယင်းမာပင်မြို့ထဲသို့ ပြန်ဝင်သွားသည်ဟု သိရသည်။အဆိုပါ စစ်ကြောင်းသည် ဇူလိုင်လ ၆ရက်က အင်ကြင်းတောင်အနီး၌ ပြည်သူ နှစ်ဦးနှင့် ကလေးငယ်တစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့​ကြာင်း​ဒေသခံများက​ပြောသည်။

Public Service Announcement

Public Service Announcement

ဇူလိုင်လ ၈ရက်က တိုက်ပွဲကို ယင်းမာပင်ခရိုင် တပ်ရင်း ၁၇ ( B-21 Kani PDF)၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁ (မြောက်ယမားပြည်သူ့ကွယ်ရေးတပ်ဖွဲ့)နှင့် ယင်းမာပင်ခရိုင် တပ်ရင်း ၃၁တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

လတ်တလောတွင် ယင်းမာပင်ခရိုင် တပ်ရင်း ၁၇ ( B-21 Kani PDF)က စစ်​ကောင်စီ တပ်ကိုတိုက်ခိုက်မှုအရှိန်မြှင့်ရန်အတွက် ” ခံစစ်မှသည် ထိုးစစ်ဆီသို့”ဟူသော ရံပုံငွေရှာဖွေရေးကမ်ပိန်းကို ပြုလုပ်နေသည်။

ယင်းမာပင်ခရိုင် တပ်ရင်း ၁၇ ( B-21 Kani PDF)၏ ” ခံစစ်မှသည် ထိုးစစ်ဆီသို့) ရံပုံငွေရှာဖွေရေးကမ်ပိန်းအကြောင်းကို ယခု link https://www.facebook.com/profile.php?id=100075716815147… တွင် စုံစမ်းနိုင်ပါသည်။

“အညာ‌ဒေသမှာ လက်နက်ခံယမ်းအဓိက လိုအပ်လာပါတယ်။ အညာဒေသရဲ့တောင့်ခံနိုင်မှုကလည်း လုံးဝ အံ့မခန်းပါပဲ။ ဒီထက်ပိုပြီးထိုးစစ်ကောင်းကောင်းစနိုင်အောက် လက်နက်များများလိုအပ်ပါတယ်။ ပြည်သူ‌တွေအနေနဲ့ နိုင်ရာကနေ တတ်နိုင်တဲ့ဘက်ကနေ ပူးပေါင်းပါဝင်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု တပ်ရေးဗိုလ်ကိုထွေးကပြောသည်။

လတ်တလောတွင် ယင်းမာပင်နှင့် ကနီမြို့နယ်အပြင်စစ်ကိုင်းတိုင်း မြို့နယ်များတွင် စစ်ကောင်စီတပ်ကစစ်ကြောင်းမကြာခဏထိုးနေသည်။

ဇူလိုင် ၇ ရက်ည ၉နာရီခွဲအချိန်တွင်လည်းယင်းမာပင်မြို့ အ​ရှေ့ဘက်ခြမ်းရှိ စာသင်​ကျောင်းတွင် စစ်​ကောင်စီတပ်ဖွဲ့ဝင်များက အထိုင်ချတပ်စွဲထားသဖြင့် ကျောင်းသား​ကျောင်းသူများ ပညာသင်ကြားခွင့် မရသည့်အတွက် မဟာမိတ်တပ်ဖွဲ့များပူး​ပေါင်း၍ တိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ် ထိခိုက်​သေဆုံးမှုများရှိခဲ့​ကြောင်းယင်းမာပင်ခရိုင် တပ်ရင်း ၃၀ က ထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲတွင် ယင်းမာပင်ခရိုင် တပ်ရင်း အမှတ်(၃၀)၊တပ်ခွဲ(၄) Black Shadow PDF၊ ယင်းမာပင် ခရိုင် တပ်ရင်းအမှတ်(၁) ၊တောသားကြီးပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ဘာမထီပွဲတိုင်းကျော်၊တဇောက်ကန်းဘဂျမ်း၊Power 54၊YinmarbinFighter Brotherhood Guerrilla Army စသည့် မဟာမိတ်ပူး​ပေါင်းတပ်ဖွဲ့များကအင်အား(၅၀) ကျော်ဖြင့် သွား​ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က အင်း​တော်မှာပြည်သူ ၁ဦးကိုသတ်ပြီး ၁ ဦးကိုဖမ်း​​ခေါ်သွား

သတင်း

စစ်ရေးလုံခြုံရေးနဲ့ လမ်းပိုင်းအခြေအနေကြောင့် မကွေးတိုင်း၊ဆောမြို့နယ်က ကားလမ်းတချို့ကို ပိတ်ထားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် တပ်ရင်း (၆)က ထုတ်ပြန်ပါတယ်။