Connect with us

Hi, what are you looking for?

သတင်း

ဖြူးမြို့ အုတ်ဖြတ်တံတားရှိ စစ်တပ်ဂိတ်ကို တစ်ရက်တည်း (၃)ကြိမ်တိုက်ခိုက်၊ စစ်တပ်ဘက်မှ လေးဦးသေပြီး သုံးဦးဒဏ်ရာရဟု ရိုးမစစ်​ကြောင်း(၂)​ပြော

ယနေ့နံနက် ၉ နာရီခွဲခန့်က အုတ်ဖြတ်တံတားစစ် ဆေးရေးဂိတ်အား KNLA၊ PDF ပူးပေါင်းတပ်မှ စနိုက်ဘာဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့သည်ဟု ရိုးမစစ် ကြောင်း(၂)က ပြောသည်။

(တောင်ပိုင်းစစ်ဒေသခွဲ(၂)အထူးစစ်ဆင်ရေးတပ်ရင်း ရိုးမစစ်ကြောင်း(၂)မှ တော်လှန်ရဲဘော်များအားတွေ့ရစဥ်။ ဓါတ်ပုံ-Bago Region PDF)
(တောင်ပိုင်းစစ်ဒေသခွဲ(၂)အထူးစစ်ဆင်ရေးတပ်ရင်း ရိုးမစစ်ကြောင်း(၂)မှ တော်လှန်ရဲဘော်များအားတွေ့ရစဥ်။ ဓါတ်ပုံ-Bago Region PDF)

ပဲခူးတိုင်း၊ ဖြူးမြို့နယ် အုတ်ဖြတ်ရဲစခန်းအနီးမှ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို KNLA၊ PDF ပူး ပေါင်းတပ်မှ ယနေ့(ဇူလိုင် ၁၀) တစ်ရက်တည်း (၃)ကြိမ် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသခွဲ(၂)၊ ရိုးမစစ်ကြောင်း (၂)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

ယနေ့နံနက် ၉ နာရီခွဲခန့်က အုတ်ဖြတ်တံတားစစ် ဆေးရေးဂိတ်အား KNLA၊ PDF ပူးပေါင်းတပ်မှ စနိုက်ဘာဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့သည်ဟု ရိုးမစစ် ကြောင်း(၂)က ပြောသည်။

ထို့နောက် ယနေ့နေ့လယ် ၁၂ နာရီတွင် အဆိုပါအုတ်ဖြတ်တံတားဂိတ်အား ဒုတိယအကြိမ်အဖြစ် စနိုက်ဘာနှင့် သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ် သားတစ်ဦး ထပ်မံသေဆုံးခဲ့သည်ဟုဆိုသည်။

အလားတူ တတိယအကြိမ်အဖြစ် ယနေ့နေ့လယ် ၁ နာရီခွဲဝန်းကျင်တွင် KNLA၊ PDF ပူးပေါင်းတပ်များမှ အုတ်ဖြတ်တံတားဂိတ်ကို ဒရုန်းအသုံးပြု ဗုံးသီးချတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးသေ၍ သုံးဦးထိခိုက်ဒဏ်ရာရသွားကြောင်း ရိုးမစစ် ကြောင်း(၂)မှတာဝန်ရှိသူက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“တံတားအလယ်မှာ ဂိတ်ရှိတယ်။ တံတားအောက်မှာလည်း ကင်းပုန်းတွေ ဘန်ကာတွေရှိပါတယ်။ အင်အားရာဂဏန်းတော့ ရှိမယ်ဗျ၊ ဖြန့်ထားတာ”ဟု၎င်းကဆက်​ပြောသည်။

တိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှုများရှိသော်လည်း တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုအ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ ။

ယနေ့(ဇူလိုင် ၁၀)တိုက်ခိုက်ခံရသည့် အုတ်ဖြတ်တံတားဂိတ်အနီးရှိ အုတ်ဖြတ်ရဲစခန်းအား ဇူလိုင် ၈ ရက်တွင် KNLA၊ PDF ပူးပေါင်းတပ်များမှ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ခြောက်ဦးထက်မနည်း သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ ကျောမြို့က ဂိတ်စခန်းတိုက်ခံရပြီးနောက် စစ်တပ်က လက်နက်ကြီးနဲ့ တုံ့ပြန်ပစ်ခတ်လို့ ပြည်သူ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ကျောမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က စစ်တပ်စစ်ဆေးရေးဂိတ်တိုက်ခိုက်မှုအတွင်း စစ်သားနဲ့ရဲ ၇ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေရတယ်လို့ Southern YSO PDFက ဒီကနေ့ မေလ ၂ရက်မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။