Connect with us

Hi, what are you looking for?

သတင်း

မတ္တရာရှိ လေကြောင်းရန်ကာကွယ်ရေးတပ်ကိုမန္တလေး PDF တိုက်ခိုက်

ဇူလိုင် ၁၅ရက်မနက် ၃နာရီခန့်တွင် မတ္တရာမြို့နယ် အင်ကြင်းမြိုင်အခြေစိုက် လေကြောင်းရန် ကာကွယ်ရေးတပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တ​လေးမှတပ်ဖွဲ့ဝင်များ ဓါတ်ပုံ-MDY- PDF)
(ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တ​လေးမှတပ်ဖွဲ့ဝင်များ ဓါတ်ပုံ-MDY- PDF)

▪︎စစ်ကူတပ်ကိုလည်း မိုင်းဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့၊ စစ်ကောင်စီတပ်ထိခိုက်သေဆုံးများနိုင်ဟု ခန့်မှန်း

မန္တလေးတိုင်း မတ္တရာမြို့နယ် အခြေစိုက်အမှတ်(၁၀၁၄) လေကြောင်းရန်ကာကွယ်ရေးတပ်ကို ယနေ့မနက်အ​စောပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တ​လေး(MDY- PDF)ကရှော့တိုက်ဒုံးအသုံးပြု တိုက်ခိုက်ခဲ့ကြောင်းပြောရေးဆိုခွင့်ရှိသူ ကို​အော်စမွန်ကပြောကြားသည်။

ဇူလိုင် ၁၅ရက်မနက် ၃နာရီခန့်တွင် မတ္တရာမြို့နယ် အင်ကြင်းမြိုင်အခြေစိုက် လေကြောင်းရန် ကာကွယ်ရေးတပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“လေကြောင်းရန် ကာကွယ်ရေးတပ် ၁၀၁၄ပေါ့ အင်ကြင်းမြိုင်မှာ အခြေစိုက်တဲ့တပ်ကို ကျွန်​တော်တို့က ရှော့တိုက်ဒုံး ၁၀၇ မမနဲ့ တိုက်ခိုက်ခဲ့တာကနေ တိုက်ပွဲစဖြစ်တယ်။ဒီတိုက်ခိုက်မှုနဲ့ တပြိုင်တည်းမှာပဲ အင်ကြင်းမြိုင်တပ်ရဲ့ ရှေ့တန်းကာကင်း စခန်းငယ်တစ်ခုကိုလည်း ဝင်ရောက်စီးနင်းတာမျိုးရှိပါတယ်။ အဲဒီအချိန်မှာ တိုက်ပွဲဖြစ်တဲ့နေရာကို စစ်ကူလာတဲ့ ရန်သူ့စစ်ကြောင်းကို နှစ်ကြိမ် မိုင်းဆွဲဖြတ်တောက်တိုက်ခိုက်ခဲ့တာရှိပါတယ်” ဟု မန္တလေး PDF ပြောရေးဆိုခွင့်ရှိသူက ရှင်းပြသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုရှိပြီး ထိခိုက်သေဆုံးအခြေအနေကို စုံစမ်းဆဲဖြစ်သည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

“ရန်သူဘက်က ထိခိုက်ကျဆုံးမှု ထောက်လှမ်းနေတုန်းပဲ။ ကနဦး သိရတာကတော့ ထိခိုက်ကျဆုံးများနိုင်တယ်လို့သိရတယ်။ စစ်ရေးအခြေအနေကတော့ ဆက်လက်တင်းမာနေတုန်းပဲ” ဟု မန္တလေး PDF ပြောရေးဆိုခွင့်ရှိသူဆက်လက် ပြောကြားသည်။

မန္တလေး PDF အနေဖြင့် ယခုနှစ် ဧပြီလအတွင်းက ​နောင်ချိုမြို့နယ် အတွင်း၌ သပြေညိုစစ်ဆင်ရေးအမည်ဖြင့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာရက်​ပေါင်း ၂၀ ဝန်ကျင်ကြာခဲ့သည်။ စစ်တပ်က အင်အား​ထောင်ချီအသုံးပြု၍တိုက်ခိုက်သလို SU ၊ YAK-130 အပါအဝင် တိုက်​လေယာဥ်များအသုံးပြူ၍ တိုက်ခိုက်ခဲ့​သော်လည်း မန္တ​လေးPDF ကစနစ်တကျ တိုက်ခိုက်ခဲ့သဖြင့် စစ်တပ်မှ အရာရှိများအပါအဝင် အင်အား ၁၀၀ ​ကျော်​သေဆုံးခဲ့​ကြောင်း မန္တ​လေးPDF ကထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ