Connect with us

Hi, what are you looking for?

သတင်း

မတ္တရာတွင် စစ်ကောင်စီတပ်အား နှစ်ရက်ဆက်တိုက်ခိုက်

ဇူလိုင် ၁၇ ရက် နေ့လယ် ၂ နာရီ မိနစ်ခွဲခန့်က မတ္တရာမြို့နယ်၊ ကျပ်ပြင်ကျေးရွာမှလာသော အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်သည် ကင်းရွာနှင့် အောင်ချမ်းသာကျေးရွာတို့ကို ဝင်ရောက်၍ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

(မတ္တရာမြို့နယ်အတွင်း ဖြတ်သန်းလာသော စစ်ကောင်စီယာဥ်များအား တွေ့ရစဥ်။ ဓာ​တ်ပုံ - CJ)
(မတ္တရာမြို့နယ်အတွင်း ဖြတ်သန်းလာသော စစ်ကောင်စီယာဥ်များအား တွေ့ရစဥ်။ ဓာ​တ်ပုံ - CJ)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်ကြောင်းထိုးမီးရှို့နေသည့် စစ်ကောင်စီတပ်အား နှစ်ရက်ဆက်တိုက် တိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်မှုရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဇူလိုင် ၁၇ ရက် နေ့လယ် ၂ နာရီ မိနစ်ခွဲခန့်က မတ္တရာမြို့နယ်၊ ကျပ်ပြင်ကျေးရွာမှလာသော အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်သည် ကင်းရွာနှင့် အောင်ချမ်းသာကျေးရွာတို့ကို ဝင်ရောက်၍ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရ၍ ပျက်စီးဆုံးရှုံးမှုအခြေအနေကိုမူ မသိရသေးကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါစစ်ကောင်စီတပ်ကို ကင်းရွာအနောက်ဘက်အထွက်တွင် မတ္တရာ(ပကဖ)အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ည ၇ နာရီကျော်လည်း မကြီးကုန်းကျေးရွာအရှေ့ဘက်တွင် ကျောက်တံတားရွာမှ အောင်ချမ်းသာကျေးရွာဘက်သို့လာသည့် စစ်ကား၂စီးကို မတ္တရာ(ပကဖ)က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement
Public Service Announcement

ဇွန်လ ၁၈ ရက် နေ့လယ် ၁နာရီခွဲခန့်ကလည်း မတ္တရာမြို့နယ်၊ မြောင်းသစ်ရွာမှ ငါးလုံးပြွန်ကျေး ရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် အင်အား ၃ဝခန့်ပါ စစ်ကောင်စီတပ်ကို မတ္တရာ(ပကဖ) အဖွဲ့က စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိသည်ဟု ဆိုသည်။

“လောလောဆယ်တော့ စစ်ကြောင်းကအများကြီးထိုးနေတယ်။”ဟု မတ္တရာ(ပကဖ)အဖွဲ့တာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်သည် မတ္တရာနယ်အတွင်း စစ်ကြောင်းထိုးသတ်ဖြတ်မှုများ ပြုလုပ်နေပြီး ဇူလိုင် ၁၄ ရက်က ညောင်အုပ်ရွာရှိ လက်သမား သုံးဦးနှင့် ရွာသား တစ်ဦးအား ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင် ၁၅ ရက် နံနက်ပိုင်းကလည်း မတ္တရာမြို့နယ်ရှိ စစ်တပ်၏ အင်ကြင်းမြိုင် လေကြောင်းရန် ကာကွယ်ရေးတပ်ကို မန္တလေး PDFက (၁၀၇)မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ထို့အပြင် အင်ကြင်းမြိုင်တပ်၏ ရဲကင်းစခန်းငယ်နှင့် စစ်ကူလာသည့် စစ်ကြောင်းကိုလည်း မန္တလေး PDF က နှစ်ကြိမ်တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။