Connect with us

Hi, what are you looking for?

သတင်း

ရွှေဘို – မန္တလေးလမ်းပိုင်းတွင် အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်၍ လမ်းပိုင်းအား ယာယီပိတ်

အဆိုပါ စစ်ကောင်စီတပ်များမှာ ဝက်လက်မြို့နယ် ရွာသာကြီးကျေးရွာနှင့် ရွှေဘိုမြို့အတွင်းမှထွက်လာသော စစ်ကောင်စီတပ်များဖြစ်ပြီး ရွှေဘို – မန္တလေးလမ်းပိုင်းနေရာများတွင် ကင်းပုန်းဝပ်နေရာယူထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

(ရွှေဘို - မန္တလေးလမ်းပိုင်းရှိ ရွာသာကြီးစံပြကျေးရွာအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(ရွှေဘို - မန္တလေးလမ်းပိုင်းရှိ ရွာသာကြီးစံပြကျေးရွာအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ ရွှေဘို – မန္တလေးလမ်းမကြီးပေါ်တွင် အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်၍ ပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးသည်။

ယနေ့ (ဇူလိုင် ၂၀ ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ရွှေဘို – မန္တလေးလမ်းပေါ်ရှိ စိုင်နိုင်ကွေ့တွင်လည်းကောင်း၊ ရှားတောရွာနှင့်တဂဏန်းရွာ အနီးတဝိုက်တွင်လည်းကောင်း ရောက်ရှိနေကြောင်း ရွှေဘိုမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ထို့ကြောင့် အရေးပေါ်မြေပြင်စစ်ရေးအခြေအနေအရ အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်၍ ရွှေဘို – မန္တလေးလမ်းပိုင်းအား ယခုအချိန်မှစ၍ လုံးဝ ဖြတ်သန်းသွားလာခြင်းမပြုရန် ရွှေဘိုမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ကြေညာသည်။

Public Service Announcement
Public Service Announcement

“လောလောဆယ် မီးရှို့ခြင်းပြုခြင်း၊ သေနတ်ပစ်ခြင်းမရှိဘူး။ ဒီအတိုင်းပဲသွားတာ။ စစ်ကြောင်းကနှစ်ခုဖြစ်နေတယ်။ ရွှေဘိုဘက်ကထွက်လာတာက ရွာသာကြီးကထွက်လာတဲ့ကောင်တွေကို လာကြိုဖို့များတယ်။”ဟု Wetlet Informational Network အဖွဲ့မှ ကိုနဂါးလေးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်များမှာ ဝက်လက်မြို့နယ် ရွာသာကြီးကျေးရွာနှင့် ရွှေဘိုမြို့အတွင်းမှထွက်လာသော စစ်ကောင်စီတပ်များဖြစ်ပြီး ရွှေဘို – မန္တလေးလမ်းပိုင်းနေရာများတွင် ကင်းပုန်းဝပ်နေရာယူထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ထို့ကြောင့် အရေးပေါ်မဖြစ်မနေ သွားလာသူများအနေဖြင့် ရွှေဘိုမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့နှင့် နီးစပ်ရာတော်လှန်ရေးအဖွဲ့အစည်းများထံ ဆက်သွယ်အသိပေးသွားလာနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ စဥ့်တုံံကျေးရွာအနီးမှာ ရွှေဘိုမြို့နယ်ကို အဓိက ရေပေး​ဝေနေတဲ့ မူးကြီး(တူးမြောင်း) ကျိုးသွားလို့ စပါးခင်းတွေအတွက် ရေအခက်အခဲ ရှိနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။