Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်မြို့နယ် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတွင်တိုက်ပွဲဖြစ်၊ စစ်​ကောင်စီတပ်က ​ရွာနှစ်ရွာကိုမီးရှို့

စစ်ကောင်စီတပ်သည် ဇူလိုင် ၁၄ရက် ကတုံးပုံရွာသစ်ကို မီးရှို့သဖြင့် နေအိမ် ၂၃ လုံး မီးလောင်ပျက်စီးသွားသည်ဟု ဒေသခံများကပြောသည်။

(ထီးချိုင့် PDF တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-TPDF)
(ထီးချိုင့် PDF တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-TPDF)

ထီးချိုင့်မြို့နယ်၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းကျေးရွာအချို့တွင် တိုက်ပွဲများဖြစ်ပွား​နေပြီး စစ်ကောင်စီတပ်က ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများကပြောသည်။

ထီးချိုင့်မြို့နယ်လှည်းကူး၊ ကြို့ကုန်း၊ ကျွဲတဲကုန်း၊ တုံးပုံရွာသစ် ကျေးရွာတို့တွင် စစ်ကောင်စီစစ်ကြောင်းရောက်ရှိနေပြီး ယမန်နေ့(ဇူလိုင် ၁၄ရက်)ညနေက ကျွဲတဲကုန်းရွာအနီးတွင်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“စစ်ကြောင်းနှစ်ကြောင်းက ကျွဲတဲကုန်းရွာအနီးမှာ မနေ့က လာဆုံတယ်။ အဲ့အချိန်မှာ ကာကွယ်‌ရေးအဖွဲ့တွေကတိုက်တာ။ ဒီမနက်မှာတော့ကျွဲတဲကုန်းကို မီးရှို့နေတယ်။ မီးခိုးတွေ မဲနေတာပဲ”ဟုထီးချိုင့်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေး ထောက်ပို့ရဲဘော်တစ်ဦးက ယနေ့(ဇူလိုင် ၁၅ရက်)နံနက် ၈နာရီခွဲခန့်တွင် ပြောသည်။

တိုက်ပွဲအတွင်းနှစ်ဖက် ထိခိုက်မှု အ​ခြေအ​နေကိုမူ မသိရှိရသေးပေ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ဇူလိုင် ၁၄ရက် ကတုံးပုံရွာသစ်ကို မီးရှို့သဖြင့် နေအိမ် ၂၃ လုံး မီးလောင်ပျက်စီးသွားသည်ဟု ဒေသခံများကပြောသည်။

ဇူလိုင်လ ၉ရက်ကလည်းဧရာဝတီမြစ်ကြောင်းမှတဆင့် ထီးချိုင့်မြို့နယ်အတွင်း တပ်အပြောင်းအရွှေ့ပြုလုပ်သည့် စစ်ကောင်စီတပ်က မြစ်ကမ်း​ဘေးဝဲ၊ယာကိုသေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်သောကြောင့်ကမ်းနီရွာမှ သားအဖနှစ်ဦး သေနတ်ကျည်ဆန်ထိမှန်သေဆုံးခဲ့သည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် တစ်ပတ်ခန့်က ထီးချိုင့်မြို့ပေါ်သို့ ရဟတ်ယာဉ်ဖြင့် အင်အားတိုးချသွားသည်ဟု မြို့ခံများကပြောသည်။ ယခုရက်ပိုင်းတွင် ထီးချိုင့်နှင့် ကသာမြို့တို့တွင် စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုများ ရှိနေ၍ ဒေသခံများ သတိပြုနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးရဲဘော်များက သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။