Connect with us

Hi, what are you looking for?

သတင်း

စင်ကာပူရှိဘဏ် သုံးခုတွင် နိုင်ငံတော်အရံငွေ ၄ ဘီလီယံ​ကျော်ပိတ်မိနေ

​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက်တွင် နိုင်ငံတော်အရံငွေများကို အမေရိကန်၊ စင်ကာပူနှင့် အခြားနိုင်ငံများရှိ ဘဏ်များတွင် နိုင်ငံတော်အရံငွေများကို အပ်နှံထားခဲ့ခြင်းဖြစ်သည်။

(NUG၏ ကြားကာလဗဟိုဘဏ်ဥက္ကဌ/ ဘဏ္ဍာရေး၊စီမံကိန်းနှင့်ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်ကို ယ​နေ့သတင်းစာရှင်းလင်းပွဲတွင်​တွေ့ရစဥ်)
(NUG၏ ကြားကာလဗဟိုဘဏ်ဥက္ကဌ/ ဘဏ္ဍာရေး၊စီမံကိန်းနှင့်ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်ကို ယ​နေ့သတင်းစာရှင်းလင်းပွဲတွင်​တွေ့ရစဥ်)

▪︎ထိုငွေများစစ်ကောင်စီထုတ်ယူသုံးစွဲမရရန် ကြားကာလဗဟိုဘဏ်နှင့် အကြံပေးရှောင်တာနယ်တို့ ပူးပေါင်းဆောင်ရွက်နေ

စင်ကာပူရှိဘဏ် ၃ ဘဏ်တွင် မြန်မာနိုင်ငံ​တော်ပိုင်အရံငွေ ဒေါ်လာ ၄ ဒဿမ ၂ ဘီလီယံပိတ်မိနေပြီး ထိုငွေများကို စစ်ကောင်စီထုတ်ယူသုံးစွဲခွင့်မရအောင်လုပ်ဆောင်နေကြောင်း NUG၏ ကြားကာလဗဟိုဘဏ်ဥက္ကဌနှင့် ဘဏ္ဍာရေး၊စီမံကိန်းနှင့်ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်ကပြောသည်။

ထိုသို့ စစ်ကောင်စီထုတ်ယူခွင့်မရရန်အတွက် NUG၏ကြားကာလဗဟိုဘဏ်နှင့် ဗဟိုဏ် အကြံပေးရှောင်တာနယ်တို့ တိုင်ပင်ပြီး တရားဝင်လမ်းကြောင်းမှ ချိတ်ဆက်ပြီးဆောင်ရွက်နေကြောင်း ၎င်းကဆက်ပြောသည်။

“ဒေါ်လာ ၄ ဒဿမ ၂ ဘီလီယံက စင်ကာပူဘဏ်ကြီး ၃ခုမှာ ပြန့်ခွဲပြီး အပ်ထားတာရှိပါတယ်။ ဒါနဲ့ပတ်သတ်ပြီး စစ်ကောင်စီက ထုတ်ယူသုံးဆွဲခွင့်မရအောင် ကြားကာလဗဟိုဘဏ်အနေနဲ့ ဗဟိုဘဏ်အကြံပေး ရှောင်တာနယ်တို့တိုင်ပင်ပြီး လုပ်သင့်လုပ်ထိုက်တဲ့ တရားဝင်လမ်းကြောင်းကလည်း ချိတ်ဆက်ပြီး ဆောင်ရွက်နေပါတယ်”ဟု ဦးတင်ထွန်းနိုင်က ယ​နေ့ (ဇူလိုင် ၂၀)ပြုလုပ်​သော ​နွေဦးဖွံ့ဖြိုး​ရေးဘဏ် (SDB) အကြိုဖွင့်လှစ်​ကြောင်း​ကြေညာခြင်းနှင့် သတင်းစာရှင်းလင်းပွဲတွင်​ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါငွေများသည် နိုင်ငံ​တော်၏ အရံငွေများဖြစ်ပြီး NUGက ရရှိထားသည့် အချက်အလက်များအရ ထိုပမာဏရှိ​ကြောင်းသိရခြင်းဖြစ်သည်ဟု ဆိုသည်။ဒေါ်လာ ၄ ဒဿမ ၂ ဘီလီယံသည် စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်၊ MFTBဘဏ်နှင့် MICBဘဏ်တို့က corresponding accountများအဖြင့်ခွဲဝေအပ်ထားခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။ Corresponding account သည် ဘဏ်လုပ်ငန်းအဖွဲ့အစည်းတစ်ခုက အပ်ငွေများလက်ခံရယူရန်၊ ကိုယ်စားငွေပေးချေမှုများ ပြုလုပ်ရန် သို့မဟုတ် အခြားဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခုကို ငွေကြေးလွှဲပြောင်းမှုများဆောင်ရွက်ရန်အတွက် အခြားဘဏ်လုပ်ငန်းအဖွဲ့အစည်းတစ်ခုတွင် ဖွင့်လှစ်ထားသည့် ဘဏ်အကောင့်တစ်ခုဖြစ်သည်။အဆိုပါငွေများကို စင်ကာပူဘဏ် ၃ ဘဏ်တွင် ဘဏ်အကောင့်များဖြင့် ခွဲဝေဖွင့်ထားခြင်းဖြစ်သည်ဟုလည်းသိရသည်။

Public Service Announcement

Public Service Announcement

ထိုအပြင် နိုင်ငံတော်အရံငွေ ဒေါ်လာ တစ်ဘီလီယံ​ကျော်သည်လည်း အမေရိကန်ဘဏ်တွင် ပိတ်မိနေပြီး ထိုငွေများပြန်ရရန် အမျိုးသားညီညွတ်​ရေးအစိုးရက အမေရိကန်အစိုးရကို တရားဝင်တောင်းဆိုထားသည်ဟုလည်း NUGဝန်ကြီးက ပြောသည်။

“တော်လှန်ရေးအင်အားစုတွေကနိုင်နိုင်ချေရှိမှ၊ ပြတ်ပြတ်သားသားနိုင်မှာထင်မှ ရနိုင်မှာပါ။ လက်ရှိအခြေအနေကမရနိုင်သေးဘူး”ဟု ဦးတင့်ထွန်းနိုင်က ​ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီး​နောက် နိုင်ငံတော်အရံငွေများကို စစ်ကောင်စီကထုတ်ယူသုံးစွဲ၍ မရ​ရှိစေရန် နိုင်ငံတကာအစိုးရများက ထိုငွေများထုတ်ယူခွင့်မရှိအောင် ပိတ်ပင်ရန်ကြိုးစားနေခြင်းဖြစ်သည်။

​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက်တွင် နိုင်ငံတော်အရံငွေများကို အမေရိကန်၊ စင်ကာပူနှင့် အခြားနိုင်ငံများရှိ ဘဏ်များတွင် နိုင်ငံတော်အရံငွေများကို အပ်နှံထားခဲ့ခြင်းဖြစ်သည်။

ထိုအပြင် အမေရိကန်နိုင်ငံကလည်း စစ်ကောင်စီထိန်းချုပ်ထားသည့် နိုင်ငံတော်ဘဏ်ကြီးနှစ်ခုဖြစ်သည့် MFTBဘဏ်နှင့် MICBဘဏ်တို့ကို ဇွန်လအတွင်း အ​ရေးယူဒဏ်ခတ်ပိတ်ဆို့ခဲ့သဖြင့် စစ်​ကောင်စီအတွက် ​ဒေါ်လာလဲလှယ်ရန် ခက်ခဲသွားပြီး ​ဒေါ်လာလိုအပ်ချက်မြင့်မား​နေသည်။

ဆက်စပ်သတင်းများ

သတင်း

စင်ကာပူမှာ အမြဲတမ်း နေထိုင်ခွင့် (PR) ရထားတဲ့ မြန်မာတစ်ဦးကို အကြမ်းဖက် အားပေးမှု စွပ်စွဲချက်နဲ့ တရားစွဲဆိုသွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်အနေနဲ့ မြန်မာ့အရေးမှာ ထင်သာမြင်သာရှိတဲ့တိုးတက်မှု ဖော်ဆောင်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက အလိုရှိကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလာခရစ်ရှ်နန်က ပြောပါတယ်။

နိုင်ငံတကာ

စင်ကာပူဆီ Hellfire ဒုံးကျည်တွေ ထပ်မံရောင်းချဖို့ အစီအစဉ်ရှိကြောင်း အမေရိကန် အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်၁၄ ခုနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ် တော်(AA)ဟာ ကိုယ်ပိုင်ဘဏ်စနစ်တခုကို ထူထောင်ဖို့စီစဉ်နေပြီး လိုအပ်တဲ့ ဝန်ထမ်းတွေခေါ်ယူနေယူ​နေပြီဖြစ်​ကြောင်းနီးစပ်တဲ့သတင်းရင်းမြစ်တွေက ပြောကြပါတယ်။