Connect with us

Hi, what are you looking for?

သတင်း

မြောက်ဒဂုံနှင့်အရှ့ဒဂုံတွင် စစ်​ကောင်စီခန့်ရာအိမ်မှူးနှင့်ပျူတစ်ဦးအသတ်ခံရ

ယမန်နေ့ည ပိုင်းက မြောက်ဒဂုံမြို့နယ် ၃၈ ရပ်ကွက်၊ရာဇဓိရာဇ်လမ်းနှင့် ခရေလမ်းထောင့်၌ ပျူစောထီး အဖွဲ့ဝင်ဆိုသူ ကျော်ဆန်းဝင်းမှာ နေအိမ်သို့ ပြန်လာစဥ်ပစ်ခတ်ခံခဲ့ရသည်ဟု သိရသည်။

(​မြောက်ဒဂုံ နှင့်အ​ရှေ့ဒဂုံ မြို့နယ်များနှင့်အနီးဝန်းကျင်ကို Google Map တွင်​တွေ့ရမှု )
(​မြောက်ဒဂုံ နှင့်အ​ရှေ့ဒဂုံ မြို့နယ်များနှင့်အနီးဝန်းကျင်ကို Google Map တွင်​တွေ့ရမှု )

ရန်ကုန်တိုင်း၊ မြောက်ဒဂုံ နှင့် အရှေ့ဒဂုံ မြို့နယ်တို့တွင် စစ်ကောင်စီခန့် ရာအိမ်မှူး နှင့်ပျူစောထီးတို့ ​သေနတ်ဖြင့်အပစ်ခံရပြီး​သေဆုံးခဲ့​ကြောင်း ဒေသခံများကပြောသည်။

ယမန်နေ့ည ပိုင်းက မြောက်ဒဂုံမြို့နယ် ၃၈ ရပ်ကွက်၊ရာဇဓိရာဇ်လမ်းနှင့် ခရေလမ်းထောင့်၌ ပျူစောထီး အဖွဲ့ဝင်ဆိုသူ ကျော်ဆန်းဝင်းမှာ နေအိမ်သို့ ပြန်လာစဥ်ပစ်ခတ်ခံခဲ့ရသည်ဟု သိရသည်။

“သူက ဘေးတွဲမောင်းရင်း ရပ်ကွက်ထဲမှာ စစ်တပ်သတင်းပေးလုပ်နေတာ လူတိုင်းနီးပါးသိတယ်။ပြီးတော့ ရပ်ကွက် ပျူစောထီး ဆိုပြီး သူ့ကိုယ်သူ နာမည် ခံထားတာ။မနေ့က ညက ပစ်ခံရတဲ့နေရာမှာတင်သေသွားတယ်”ဟု ၃၈ ရပ်ကွက်တွင် နေထိုင်သူက လူထုနွေဦးသို့ ပြောသည်။

ထို့အတူ ယနေ့ (ဇူလိုင် ၂၁ ရက်) နံနက် ၇ နာရီ ခန့်က အရှေ့ဒဂုံမြို့နယ်၊ ၁၂၅ ရပ်ကွက်စစ်​ကောင်စီခန့် ရာအိမ်မှူး ကျော်လွင်လည်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

“ရောင်ခြည်သစ်လက်ဖက်ရည်ဆိုင်ကဆိုင်ကယ်နဲ့ထွက်လာတုန်းပစ်ခံရတာ။နဖူးတည့်တည့်ထိ သွားတယ်။အခုအဲဒီနားတစ်ဝိုက်စခ တွေကားနှစ်စီးနဲ့ကင်းပတ်နေတုန်း”ဟုအရှေ့ဒဂုံမြို့နယ်နေသူက ပြော သည်။

ပျူစောထီးဆိုသူနှင့် ရာအိမ်မှူး ပစ်ခတ်ခံရပြီး နောက် အရှေ့ဒဂုံ၊တောင်ဒဂုံ နှင့် မြောက်ဒဂုံ မြို့နယ်များတွင် စစ်ကောင်စီက လုံခြုံရေးတင်းကြပ်နေပြီး ပြည်သူ များ သတိပြုသွားလာနေထိုင်ကြရန် မြို့ပြပြောက် ကျား ရဲဘော်များက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

Facebook