Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြောက်ဒဂုံနှင့်အရှ့ဒဂုံတွင် စစ်​ကောင်စီခန့်ရာအိမ်မှူးနှင့်ပျူတစ်ဦးအသတ်ခံရ

ယမန်နေ့ည ပိုင်းက မြောက်ဒဂုံမြို့နယ် ၃၈ ရပ်ကွက်၊ရာဇဓိရာဇ်လမ်းနှင့် ခရေလမ်းထောင့်၌ ပျူစောထီး အဖွဲ့ဝင်ဆိုသူ ကျော်ဆန်းဝင်းမှာ နေအိမ်သို့ ပြန်လာစဥ်ပစ်ခတ်ခံခဲ့ရသည်ဟု သိရသည်။

(​မြောက်ဒဂုံ နှင့်အ​ရှေ့ဒဂုံ မြို့နယ်များနှင့်အနီးဝန်းကျင်ကို Google Map တွင်​တွေ့ရမှု )
(​မြောက်ဒဂုံ နှင့်အ​ရှေ့ဒဂုံ မြို့နယ်များနှင့်အနီးဝန်းကျင်ကို Google Map တွင်​တွေ့ရမှု )

ရန်ကုန်တိုင်း၊ မြောက်ဒဂုံ နှင့် အရှေ့ဒဂုံ မြို့နယ်တို့တွင် စစ်ကောင်စီခန့် ရာအိမ်မှူး နှင့်ပျူစောထီးတို့ ​သေနတ်ဖြင့်အပစ်ခံရပြီး​သေဆုံးခဲ့​ကြောင်း ဒေသခံများကပြောသည်။

ယမန်နေ့ည ပိုင်းက မြောက်ဒဂုံမြို့နယ် ၃၈ ရပ်ကွက်၊ရာဇဓိရာဇ်လမ်းနှင့် ခရေလမ်းထောင့်၌ ပျူစောထီး အဖွဲ့ဝင်ဆိုသူ ကျော်ဆန်းဝင်းမှာ နေအိမ်သို့ ပြန်လာစဥ်ပစ်ခတ်ခံခဲ့ရသည်ဟု သိရသည်။

“သူက ဘေးတွဲမောင်းရင်း ရပ်ကွက်ထဲမှာ စစ်တပ်သတင်းပေးလုပ်နေတာ လူတိုင်းနီးပါးသိတယ်။ပြီးတော့ ရပ်ကွက် ပျူစောထီး ဆိုပြီး သူ့ကိုယ်သူ နာမည် ခံထားတာ။မနေ့က ညက ပစ်ခံရတဲ့နေရာမှာတင်သေသွားတယ်”ဟု ၃၈ ရပ်ကွက်တွင် နေထိုင်သူက လူထုနွေဦးသို့ ပြောသည်။

ထို့အတူ ယနေ့ (ဇူလိုင် ၂၁ ရက်) နံနက် ၇ နာရီ ခန့်က အရှေ့ဒဂုံမြို့နယ်၊ ၁၂၅ ရပ်ကွက်စစ်​ကောင်စီခန့် ရာအိမ်မှူး ကျော်လွင်လည်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

“ရောင်ခြည်သစ်လက်ဖက်ရည်ဆိုင်ကဆိုင်ကယ်နဲ့ထွက်လာတုန်းပစ်ခံရတာ။နဖူးတည့်တည့်ထိ သွားတယ်။အခုအဲဒီနားတစ်ဝိုက်စခ တွေကားနှစ်စီးနဲ့ကင်းပတ်နေတုန်း”ဟုအရှေ့ဒဂုံမြို့နယ်နေသူက ပြော သည်။

ပျူစောထီးဆိုသူနှင့် ရာအိမ်မှူး ပစ်ခတ်ခံရပြီး နောက် အရှေ့ဒဂုံ၊တောင်ဒဂုံ နှင့် မြောက်ဒဂုံ မြို့နယ်များတွင် စစ်ကောင်စီက လုံခြုံရေးတင်းကြပ်နေပြီး ပြည်သူ များ သတိပြုသွားလာနေထိုင်ကြရန် မြို့ပြပြောက် ကျား ရဲဘော်များက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။