Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်၊ ပန်းတင်ဂိတ်ရှိစစ်​ကောင်စီတပ်ကို KIA နှင့် PDF တိုက်ခိုက်၊ စစ်​ကောင်စီတပ် အထိနာ

လုံးခင်းနှင့် ဖားကန့်ကြားရှိ ပန်းတင်ဂိတ်ကိုယနေ့(ဇူလိုင်လ ၂၁ရက်) နံနက် ၁နာရီ ၁၅မိနစ်ခန့်တွင် KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

(တိုက်ပွဲဖြစ်ပွားခဲ့​သော ​နေရာပြ ​မြေပုံ)
(တိုက်ပွဲဖြစ်ပွားခဲ့​သော ​နေရာပြ ​မြေပုံ)

ဖားကန့်မြို့ရှိ စစ်ကောင်စီတပ်၏ အဓိကစစ်ဆေးရေးစခန်းတစ်ခုဖြစ်သော ပန်းတင်တံတားဂိတ်ကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ယ​နေ့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့ ထိခိုက်သေဆုံးမှုများပြားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

လုံးခင်းနှင့် ဖားကန့်ကြားရှိ ပန်းတင်ဂိတ်ကိုယနေ့(ဇူလိုင်လ ၂၁ရက်) နံနက် ၁နာရီ ၁၅မိနစ်ခန့်တွင် KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

“ဒီဂိတ်ကရဲကင်းရော၊ စကစကင်းရောအင်အား ၄၀နဲ့ ၆၀ကြားရှိတယ်။ ပြည်သူတွေကို ခဏခဏအဖမ်းအဆီးစစ်ဆေးတဲ့ဂိတ်။ ဒီဂိတ်ကို စီးနင်းတိုက်ခိုက်တာ။ ၂နာရီ ၁၅ မှာ တိုက်ပွဲပြီးတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ ဂိတ်သည် ရဲတပ်ရင်း( ၂၈ )နှင့် စစ်ကောင်စီတပ်မ (၃၃)လက်အောက်ခံတပ်ရင်းများ တပ်စွဲထားသည့် ဂိတ်ဖြစ်သည်။KIAနှင့် PDFပူးပေါင်းတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖက်တွင် အထိအခိုက်များခဲ့သည်ဟု KIA နှင့် နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးကလည်းပြောသည်။

Public Service Announcement

Public Service Announcement

“သူတို့ဖက်ကအရာရှိနှစ်ယောက်ထိတယ်။တပ်သားတွေ တော်တော် ထိတယ်။အခုထိ အနားကပ်လို့ မရဘူး။ ကားငါးစီးရောက်နေတယ်”ဟု ယနေ့ ညနေ ၃ နာရီခန့်အခြေအနေကိုအထက်ပါသတင်းရင်းမြစ်ကပြောသည်။

တိုက်ပွဲဖြစ်ပွားနေစဉ် ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီးပစ်ကူပေးနေသောကြောင့် ပြည်သူများထိခိုက်မည်ကို စိုးရိမ်၍ ဆုတ်ခွာပေးခဲ့သည်ဟု ၎င်းကပြောသည်။စစ်ကောင်စီတပ်က ပစ်သော လက်နက်ကြီးကျည်သည် မှော်ဝမ်းရပ်ကွက်ရှိ ဖားကန့်ပြည့်သူ့ဆေးရုံသွားသည့်လမ်းဘေးမှ ပေါ်ဦးသောက်ရေသန့်စက်ရုံထဲသို့ကျရောက်ပေါက်ကွဲရာ ဝန်ထမ်းတချို့ထိခိုက်ဒဏ်ရာရသွားကြောင်း ဒေသခံများကပြောသည်။

ယနေ့ည‌နေတွင် စစ်ကောင်စီတပ်က ပန်းတင်ဂိတ်အနီး လမ်းပိတ်ဆို့ကာ စစ်ဆေးနေကြောင်းလည်း​ဒေသခံအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။