Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုနယ်တွင် စစ်ကောင်စီခြေလျင်စစ်ကြောင်းအကြိမ်ကြိမ်မိုင်းထိပြီး အထိနာ

ရွှေဘို – မန္တလေးလမ်းအတိုင်း ခြေလျင်စစ်ကြောင်းထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက မိုင်းအကြိမ်ကြိမ်ဆွဲ၍တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ယမန်နေ့က မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ၂၀ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားသည်ဟု ဆိုသည်။

(စစ်ကောင်စီခြေလျင်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး‌တပ်ပေါင်းစုမှ ရဲဘော်များအား တွေ့ရစဉ်)
(စစ်ကောင်စီခြေလျင်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး‌တပ်ပေါင်းစုမှ ရဲဘော်များအား တွေ့ရစဉ်)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်တွင် အင်အား ၁၀၀ ကျော်ပါသော စစ်ကောင်စီခြေလျင်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး‌တပ်ပေါင်းစုက အကြိမ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘတပ် ၂၀ဦးထက်မနည်း သေဆုံးပြီး ရုပ်အလောင်းများကို လေ့ကျင့်ရေး(၈) အနောက်ဘက်ရှိ သုသာန်တွင် မီးရှိုးသဂြိုလ်သွားကြောင်း သတင်းရရှိသည်။

ယမန်နေ့(ဇူလိုင် ၂၁ရက်) နံနက် ၇နာရီခန့်က ရွှေဘိုမြို့နယ်၊ စိုင်းနိုင်လေးကျေးရွာမှ ထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်းဟု ရွှေဘိုခရိုင် ရင်း(၁)မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက People’s Spring ကို ပြောသည်။

” စစ်ကြောင်းမှာ ၁၀၁ ယောက်ပါတယ်။ ၅၀ က ရှေ့က ထွက်တယ်။ ၅၁ ယောက်က နောက်က လိုက်တယ်။ ကျွန်တော်တို့ဘက်က scout (ကင်းထောက်)တာကောင်းတာ။ ပွိုင့်( မိုင်းထောင်ထားသောနေရာ) တိုင်းမှာ မိတာ။ ဒီကောင်တွေကလည်း အရင်းကဆို ပွိုင့်တွေကို ရှောင်သွားတတ်ကြတယ်။ အခုက တည့်တည့်တိုးလာတာ”ဟုရွှေဘိုခရိုင် ရင်း(၁)မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ကြောင်းသည် ပြီးခဲ့သည့် ဇူလိုင် ၆ ရက်)နံနက် ၄ နာရီခန့်က ဝက်လက်မြို့နယ်၊ သမ္မရိုးရွာတွင် ဈေးသည် ခုနစ်ဦးကို သတ်ဖြတ်သွားသည့် စစ်ကြောင်းဟု ကာကွယ်ရေးရဲဘော်အချို့ကပြောသည်။

Public Service Announcement

Public Service Announcement

ရွှေဘို – မန္တလေးလမ်းအတိုင်း ခြေလျင်စစ်ကြောင်းထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက မိုင်းအကြိမ်ကြိမ်ဆွဲ၍တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ယမန်နေ့က မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ၂၀ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားသည်ဟု ဆိုသည်။

” ရွှေဘိုလေ့ကျင့်ရေး(၈)အနောက်က ဘုတ်ကုန်းရွာက ဆေးဆရာကိုခေါ်ပြီး ဆေးကုခိုင်းတယ်။ သေတဲ့သူတွေကို ဘုတ်ကုန်းသုသာန်မှာ မီးသင်္ဂြုလ်သွားတယ်”ဟု ရွှေဘိုခရိုင် ရင်း(၁)မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

၎င်းကဆက်လက်၍ ” ရင်ဆိုင်တိုက်ပွဲမဟုတ်ဘဲ မိုင်းနဲ့ပဲ တိုက်ခိုက်တာဆိုတော့ သူတို့ စစ်ကူခေါ်မရတာ။ ဒါကြောင့် လေကြောင်းရန် မရှိခဲ့ဘူး”ဟု ဆိုသည်။

တိုက်ခိုက်မှုကို ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဇာမဏီသွေးပြည်သူ့ကာကွယ်ရေးတပ်ခွဲ၊ သိဒ္ဓိရှင်တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဒေါင်းတမာန်ပြည်သူ့ကာကွယ်ရေးတပ်ခွဲ၊ အောင်မြေပြည်သူ့ကာကွယ်ရေးတပ်ခွဲ၊ ပန်းပျိုးလက်ပြည်သူ့ကာကွယ်ရေးတပ်ခွဲ၊ ဒေါင်းစစ်သည်ပြည်သူ့ကာကွယ်ရေးတပ်ခွဲ၊ နဂါးရာဇာ ပြည်သူ့ကာကွယ်ရေးတပ်ခွဲ၊ ရွှေတြီဂံ ပြည်သူ့ကာကွယ်ရေးတပ်ခွဲ၊ မဟူရာဆင်ရိုင်းပြည်သူ့ကာကွယ်ရေးတပ်ခွဲ၊ယူကရိန်းဂျစ်ကားပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ရွှေမင်းသားပြည်သူ့ကာကွယ်ရေးတပ်ခွဲ၊ အောင်ဘော်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရှင်းရှင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တာနောယက္ခပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဒေါင်းလေး (LPDF) နှင့် Buffalo LPDFတို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဟု သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ရွှေဘိုမြို့မှာဒီနေ့ မနက်က လှုပ်သွားတဲ့ ရစ်ခ်တာစကေး ၅ဒဿမ၂အဆင့်ငလျင်ကြောင့် စစ်ကိုင်းတိုင်းအပြင် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အထိ သိသိသာသာခံစားခဲ့ရပါတယ်။