Connect with us

Hi, what are you looking for?

သတင်း

တော်လှန်​ရေးရန်ပုံ​ငွေအတွက် ဦးမင်းကိုနိုင်၏ ဆယ်လ်မွန်ငါးတို့အပြန်ပန်းချီကား​ဒေါ်လာ ၃၃၃၃၃ ဖြင့်​လေ​လံ​အောင်

ပန်းချီကားလေလံကို စင်ကာပူ နှင့် အမေရိကန် နှစ်နိုင်ငံရှိမြန်မာများက ဈေးပြိုင်ပေးကာ အကြိတ်အနယ်လေလံဆွဲခဲ့ပြီး နောက်ဆုံးတွင် အမေရိကန်နိုင်ငံ၌နေထိုင်သည့် ကိုစည်သူဝင်းက အမေရိကန်ဒေါ်လာ ၃၁၀၀၀ ဖြင့် လေလံအောင်ခဲ့ခြင်းဖြစ်သည်။

တော်လှန်​ရေးရန်ပုံ​ငွေအတွက် ဦးမင်းကိုနိုင်၏ ဆယ်လ်မွန်ငါးတို့အပြန်ပန်းချီကား​ဒေါ်လာ ၃၃၃၃၃ ဖြင့်​လေ​လံ​အောင်
တော်လှန်​ရေးရန်ပုံ​ငွေအတွက် ဦးမင်းကိုနိုင်၏ ဆယ်လ်မွန်ငါးတို့အပြန်ပန်းချီကား​ဒေါ်လာ ၃၃၃၃၃ ဖြင့်​လေ​လံ​အောင်

-“ ဒီတစ်ပွဲကပန်းဝင်မယ့်ပွဲဖြစ်တယ်ဆိုတာကိုကောင်းကောင်းခိုင်ခိုင်သက်သေပြခဲ့တယ်လို့ယုံပါတယ်” -ဦးမင်းကိုနိုင်

Return of Salmons (ဆယ်လ်မွန်ငါးတို့အပြန်) ပန်းချီကားကို ​ဒေါ်လာ ၃၃,၃၃၃ ဖြင့် လေလံအောင်ခဲ့ခြင်းသည် ပြည်သူ့ဘက်က နိုင်ကိုနိုင်မည်ဟု သင်္ကေတပြသည်ဟု ယူဆကြောင်း ယင်းပန်းချီကားကို​​ရေးဆွဲခဲ့​သော ဦးမင်းကိုနိုင်ကပြောသည်။

ယင်းပန်းချီကားကို ဇူလိုင် ၂၃ ညတွင်ပြုလုပ်သည့် ရိုးမခေါ်သံ ကမ်ပိန်းပိတ်ပွဲ၌ လေလံ‌တင်ရောင်းချခဲ့ခြင်းဖြစ်ပြီး ပန်းချီကားကို အမေရိကန်ဒေါ်လာ ၃၃၃၃၃(လက်ရှိ​ဒေါ်လာ​ပေါက်​ဈေးဖြင့်မြန်မာ​ငွေဖြင့်ဆိုပါကအကြမ်းဖျင်း ကျပ်သိန်း (၁၂၀၀) ဝန်းကျင်) ဖြင့် လေလံအောင်မြင်ခဲ့ခြင်းဖြစ်သည်။

“ ပြည်သူ့ဘက်က နိုင်ကိုနိုင်ရမယ်လို့ သင်္ကေတပြလိုက်တယ်လို့ မြင်ပါတယ်။ လောကနိယာမအတိုင်းပေါ့ဗျာ ။ အဓမ္မကို ဓမ္မကသာလျှင် နိုင်ကြေးပေ့ါ ။ ကိုဂျင်မီပြောသလိုပေါ့ဗျာ ။ တရားတဲ့ဘက်ကနိုင်ကြေးပေါ့ဗျာ” ဟု ယင်းလေလံပွဲတွင် ဦးမင်းကိုနိုင်ကပြောသည်။

ထို့ပြင် သုံးဂဏန်းသည် လမ်း‌မပေါ်၌ လက်သုံးချောင်းထောင်၍ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည့် ပြည်သူများကို ဂုဏ်ပြုသည်ဟု ခံယူကြောင်း ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

“ အကောင်းဆုံးကတော့ ခွန်အားတွေရတာပါပဲ ။ ကျွန်တော်တို့ ပြည်သူတွေဟာဘယ်တော့မှသွေးမအေးဘူး။ ဘယ်တော့မှ အရှူံးမပေးဘူး။ ဒီတစ်ပွဲက ပန်းဝင်မယ့်ပွဲဖြစ်တယ်ဆိုတာကိုကောင်းကောင်းခိုင်ခိုင်သက်သေပြခဲ့တယ်လို့ယုံပါတယ်။” ဟု ဦးမင်းကိုနိုင်ကပြောသည်။

ပန်းချီကားလေလံကို စင်ကာပူ နှင့် အမေရိကန် နှစ်နိုင်ငံရှိမြန်မာများက ဈေးပြိုင်ပေးကာ အကြိတ်အနယ်လေလံဆွဲခဲ့ပြီး နောက်ဆုံးတွင် အမေရိကန်နိုင်ငံ၌နေထိုင်သည့် ကိုစည်သူဝင်းက အမေရိကန်ဒေါ်လာ ၃၁၀၀၀ ဖြင့် လေလံအောင်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း လေလံအောင်သူက အမှတ်တရ ဖြစ်စေရန်ရည်ရွယ်၍ လေလံဈေးကို ဒေါ်လာ ၃၃၃၃၃ အထိ ပေးခဲ့ခြင်းဖြစ်သည်။

“ တစ်ကျော့ပြန် ၂ ငါးလုံးလိုမျိုးသာ လူပင်လယ်ဖြစ်ခဲ့ရင် ဒီနေ့ဖြစ် မနက်ဖြန်အိမ်ပြန်ရပြီပဲ ။ အဲဒီ့ဟာဖြစ်ဖို့အတွက် တကယ်ကို အတိတ်နမိတ်တွေနဲ့ရောလက်သုံးချောင်းထောင်ခဲ့ကြသလို လက်သုံးချောင်းတွေ ငါးလုံး ” ဟု ရိုးမခေါ်သံ ကမ်ပိန်းကို ဦးဆောင်သူ ဒါရိုက်တာကိုပေါက်ကပြောသည်။

အဆိုပါပန်းချီကားအတွက် ၎င်းတို့မျှော်လင့်ထားသည့် ပမာဏသည် ဒေါ်လာ ၁၅၀၀၀ ခန့်သာရှိသော်လည်း မျှော်လင့်ထားသည်ထက်ပိုမိုရရှိသောကြောင့် ပါဝင်ပေးသူအားလုံးကိုကျေးဇူးတင်ကြောင်းကိုပေါက်ကပြောသည်။

ထို့ပြင် ယင်းပန်းချီကား၏ ဘောင်ကို နွေဦးတော်လှန်‌ရေးတွင် ကိုယ်လက်အင်္ဂါစွန့်ခဲ့ရသည့် ရဲဘော်တစ်ဦး၏ အင်္ကျီဖြင့် ဖန်တီးပေးမည်ဟုလေလံပွဲ၌ ၎င်းကပြောသည်။

ရိုးမခေါ်သံ” Campaign ကို ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ ဒေသများမှ တော်လှန်ရေးရဲဘော်များ၏ ဆယ်လ်မွန်စစ်ဆင်ရေးအတွက် လိုအပ်သည့်ဘတ်ဂျက်ရရှိနိုင်ရန် “ ဇွန် ၂၅ ရက်မှ ဇူလိုင် ၁၆ ရက်အထိပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းကမ်ပိန်းတွင် ဒေါ်လာသုံးသိန်းရရှိရန် မျှော်မှန်းခဲ့ပြီး ယင်းပမာဏထက် ပိုမိုရရှိခဲ့ကြောင်း ကိုပေါက်ကပြောကြားထားသည်။

ယင်းကမ်ပိန်းမှ သိန်းတစ်သောင်းကျော်ရရှိခဲ့သော်လည်း ထောက်ပံ့ပေးရမည့် စစ်ကြောင်း နှစ်ဆယ်ကျော်ရှိသောကြောင့် ယင်းကမ်ပိန်းအတွက် လှူဒါန်းထားသည့် ဦးမင်းကိုနိုင်၏ ပန်းချီကားကို လေလံဈေး ဒေါ်လာ ၃၀၀၀ ဖြင့် ဇူလိုင် ၁၈ ရက်တွင် ဈေးစတင်ဖွင့်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ NUG ဝန်ကြီးအချို့၊ PDF တပ်မှူးအချို့နဲ့ ဦးမင်းကိုနိုင်တို့ဟာ တော်လှန်ရေးတပ်​တွေက စိုးမိုးထိန်းချုပ်ထားတဲ့​ဒေသမှာအတူ လမ်းလျှောက်ထွက်တဲ့ ရုပ်သံမှတ်တမ်းကို တော်လှန်ရေးသတင်းရင်းမြစ်အချို့က​ပေးပို့ပါတယ် ။

မေးမြန်းခန်း

စစ်တပ်စိတ်တိုင်းကျစီစဥ်ခဲ့တဲ့ ​ရွေး​ကောက်ပွဲက​နေ တက်လာတဲ့ စစ်တပ်လွှတ်​တော်က ဒီ​နေ့မှာ အာဏာသိမ်း​ခေါင်း​ဆောင်ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်ကို သမ္မတအဖြစ်​ရွေးချယ်တင်​မြှောက်လိုက်တယ်လို့​ကြေညာပါတယ်။ ​ရွေး​ကောက်ခံအရပ်သားအစိုးရကို မဲခိုးတယ်လို့ လိမ်လည်စွပ်စွဲပြီး အာဏာသိမ်းတာဟာ မင်း​အောင်လှိုင် သမ္မတလုပ်ချင်လို့ဆိုတဲ့အဖြစ်မှန်ဟာ အာဏာသိမ်းပြီး ငါးနှစ်​ကျော်အကြာ ၂၀၂၆ ဧပြီ ၃ ရက်မှာထင်ရှားခဲ့ပါတယ်။

သတင်း

ပြည်တွင်းမှာ ဒေါ်လာစျေးနဲ့ အတူ နိုင်ငံခြားငွေလဲနှုန်းတွေပါ တပြိုင်တည်း ဈေးတက်နေတယ်လို့ ငွေကြေးစျေးကွက်ကတဆင့် သိရပါတယ်။

သတင်း

တော်လှန်ရဲဘော်တွေအတွက် ခြေတု၊လက်တု တပ်ဆင်ပေးနိုင်ဖို့ရည်ရွယ်တဲ့ တော်လှန်အနုပညာရှင် မင်းမော်ကွန်းရဲ့ မွေးနေ့ လက်ဆောင်ကမ်ပိန်းက အောင်မြင်ခဲ့ပြီး မျှော်မှန်းထားတဲ့ ပမာဏထပ် ရန်ပုံငွေ ပိုရခဲ့တယ်လို့ Artists' Shelter က ထုတ်ပြန်ပါတယ်။