Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးကပြတ်သားမှနိုင်မည်ဖြစ်၍ ပြတ်သားကြရန်ဦးမင်းကိုနိုင်တိုက်တွန်း

ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုမလွှဲမသွေဖြစ်ပေါ်ရမည်ဖြစ်ကြောင်း၊ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ အမြန်ဆုံးပေါ်ပေါက်လာရေးကြိုးပမ်းရမည်ဖြစ်ကြောင်းပဒိုမန်းမန်းက တိုက်တွန်း​ပြောကြားသည်။

ဦးမင်းကိုနိုင် Global Town Hall Meeting တွင်​​ပြောကြားနေစဥ်
ဦးမင်းကိုနိုင် Global Town Hall Meeting တွင်​​ပြောကြားနေစဥ်

▪︎စစ်အာဏာရှင်ပြုတ်ချရေးသာမကနိုင်ငံရေးပြဿနာပါတပြိုင်တည်း ဖြေရှင်းရန် ပဒိုမန်းမန်း​ပြောကြား

တော်လှန်ရေးအောင်မြင်မှုရရှိရန်အရေးကြီးဆုံးအချက်မှာ ပြတ်သားရမည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်ဦးမင်းကိုနိုင်က ပြောသည်။

ယနေ့ ညပိုင်း၌ ပြုလုပ်သည့် Global Town Hall Meeting ဖက်ဒရယ်အရေး၊ ပြည်သူ့အုပ်ချုပ်ရေး၊ အသွင်ကူးပြောင်းရေးကာလတရားမျှတမှု အစီအစဉ်တွင်ဦးမင်းကိုနိုင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီတစ်ခါ ပြတ်သားရမယ်။ တော်လှန်ရေးက ပြတ်သားမှ နိုင်မှာပါ။ ဒါကိုတော့ တိတိပပ ပြောပါတယ်။ ဘယ်လိုပြတ်သားရမှာလဲ။ မပြတ်သားတဲ့သူတွေအပေါ်မှာပါပြတ်သားပါ” ဟု ဦးမင်းကိုနိုင်က ပြောသည်။

မတရား အာဏာလု စစ်ကောင်စီ အနေဖြင့် ပြည်သူလူထုများ ကိုယ်တိုင် နည်းလမ်းပေါင်းစုံဖြင့် ပါဝင်ဆောင်ရွက်နေသည့် တော်လှန်ရေးကြောင့် ထိန်းချုပ်နိုင်ခြင်းမရှိကြောင်း၊ ခြောက်လ သက်တမ်းအကြိမ်ကြိမ်တိုးနေခြင်းဖြင့် ဝန်ခံနေရပြီဖြစ်ကြောင်း ဦးမင်းကိုနိုင်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအတွက် တိုက်ရသည့် စစ်သားများအနေဖြင့်လည်း ဒီနေ့မသေ နောက်နေ့သေရမည်ဆိုသည့် အသိတရားများ ဝင်လာကြပြီဖြစ်ကြောင်း ၎င်း ကဆိုသည်။

“အချိန်တန်ရင် နွေဦးဟာ ယုံကြည်သူတွေ မယုံကြည်သူတွေ ရှေ့မှောက် သစ္စာမယွင်းရှောက်ရှိတယ်ဆိုတာ ကျနော်တို့ သက်သေထူကြပါစို့။၂၀၂၃ စစ်အာဏာရှင် နိဂုံးအဖြစ် အဆုံးသတ်ကြပါစို့” ဟု ဦးမင်းကိုနိုင်ကတိုက်တွန်း​ပြောကြား ပြောသည်။

စစ်အာဏာရှင်တိုက်ဖျက်ရေးဆောင်ရွက်ရာတွင်လက်နက်ကိုင်တိုက်ပွဲ၊ လူထုတိုက်ပွဲ၊ သံတမန်တိုက်ပွဲ စသည့် အခြေခံတိုက်ပွဲသုံးရပ်ကို အခြေခံပြီး ဆောင်ရွက်ရမည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU)မှခေါင်းဆောင်တစ်ဦးဖြစ်သည့် ပဒိုမန်းမန်းက ပြောသည်။

ပဒိုမန်းမန်းGlobal Town Hall Meeting တွင်​​ပြောကြားနေစဥ်
ပဒိုမန်းမန်းGlobal Town Hall Meeting တွင်​​ပြောကြားနေစဥ်

“ဦးမင်းကိုနိုင်ပြောသလိုပါပဲ။ဒီအခြေအနေမှာစစ်အာဏာရှင် ပြုတ်ကျဖို့က အားလုံးက ရည်ရွယ်ချက်တူ ရည်မှန်းချက်တူတယ်ဆိုတာ ငြင်းစရာအကြောင်းမရှိပါဘူး” ဟု ပဒိုမန်းမန်းက ပြောသည်။ စစ်အာဏာရှင် ပြုတ်ချရေးသာမက နိုင်ငံရေးပြဿနာပါ တပြိုင်နက်တည်း ဖြေရှင်းရမည်ဟုလည်း ပဒိုမန်းမန်းကဆက်ပြောသည်။

စစ်အာဏာရှင် အမြစ်ပြတ်တိုက်ထုတ်ရာ၌ စစ်ရေးအရသာမက နိုင်ငံရေးပြဿနာဖြစ်သည့်တိုင်းရင်းသားတန်းတူရေး၊ ဒီမိုကရေစီရေးအပေါ် တိုက်ပွဲကိုပုံဖော်သွားရမည်ဖြစ်သည်ဟုလည်း​ပြောသည်။

ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုမလွှဲမသွေဖြစ်ပေါ်ရမည်ဖြစ်ကြောင်း၊ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ အမြန်ဆုံးပေါ်ပေါက်လာရေးကြိုးပမ်းရမည်ဖြစ်ကြောင်းပဒိုမန်းမန်းက တိုက်တွန်း​ပြောကြားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။