Connect with us

Hi, what are you looking for?

သတင်း

ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KNLA၊ PDF ပူးပေါင်းတပ်များ နှစ်ရက်ဆက်တိုက်ပွဲဖြစ်

ဇူလိုင် ၅ ရက်နေ့တိုက်ပွဲမှာ နံနက် ၂ နာရီခွဲခန့်မှ မိုးလင်းချိန်အထိ နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီတပ်မှ ၁၅ ဦးခန့်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

(တိုက်ပွဲဖြစ်ပွားပြီးနယ်​မြေရှင်းရာစစ်တပ်ထံမှသိမ်းဆည်းရရှိ​သော ခဲယမ်းအချို့ နှင့် စစ်ကောင်စီတပ်ပြန်ဆုတ်ချိန် ဇူလိုင် ၉ ရက်နံနက်ပိုင်းက စဥ်းအိုးလဟာရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးနေစဥ်။ဓါတ်ပုံ-​ပေးပို့)

▪︎စစ်တပ်ဘက်မှ ထိခိုက်သေဆုံးများဟု အထူးစစ် ဆင်ရေးတပ်ရင်းပြော

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တွင် ကျေးရွာများသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် KNLA၊ PDF ပူးပေါင်းတပ်များကြား နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများကြောင်း တောင်ပိုင်းစစ်ဒေသခွဲ(၂)၊ အထူးစစ်ဆင် ရေးတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

ကျောက်တံခါးမြို့နယ် နံဇရွာနှင့် ပေါက်ပင်ကုန်းကျေးရွာများဘက်သို့ ဇူလိုင် ၅ ရက်နှင့် အင်အား ၁၅၀ ဝန်းကျင်ဖြင့် ရောက်ရှိလာသော စစ်ကောင်စီတပ်ကို KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက နှစ်ရက်ဆက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲများအ တွင်း စစ်ကောင်စီဘက်မှ ၂၅ ဦးဝန်းကျင် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူအများအပြားရှိခဲ့ကြောင်း သိရသည်။

(တိုက်ပွဲဖြစ်ပွားပြီးနယ်​မြေရှင်းရာစစ်တပ်ထံမှသိမ်းဆည်းရရှိ​သော ခဲယမ်းအချို့ နှင့် စစ်ကောင်စီတပ်ပြန်ဆုတ်ချိန် ဇူလိုင် ၉ ရက်နံနက်ပိုင်းက စဥ်းအိုးလဟာရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးနေစဥ်။ဓါတ်ပုံ-​ပေးပို့)
(တိုက်ပွဲဖြစ်ပွားပြီးနယ်​မြေရှင်းရာစစ်တပ်ထံမှသိမ်းဆည်းရရှိ​သော ခဲယမ်းအချို့ နှင့် စစ်ကောင်စီတပ်ပြန်ဆုတ်ချိန် ဇူလိုင် ၉ ရက်နံနက်ပိုင်းက စဥ်းအိုးလဟာရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးနေစဥ်။ဓါတ်ပုံ-​ပေးပို့)

“၅ ရက်နေ့မနက် ၂ နာရီခွဲလောက်မှာ စဖြစ်တာပေါ့။ ကျနော်တို့ ဒူတင်ကုန်းတောရကျောင်းဘက်ကနေ ဝင်လာတာ။ အဲဒီနေ့က မိုးလင်းပေါက်အထိပဲဗျ၊ တိုက်ပွဲဖြစ်တာ။ ပွဲကတော့ အေးသွားလိုက် ပြန်ဖြစ်လိုက်ပေါ့။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှုမရှိဘူး။ သူတို့ဘက်ကတော့ ထိခိုက်သေဆုံးရှိတယ်”ဟု အထူးစစ်ဆင်ရေးတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

ဇူလိုင် ၅ ရက်နေ့တိုက်ပွဲမှာ နံနက် ၂ နာရီခွဲခန့်မှ မိုးလင်းချိန်အထိ နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီတပ်မှ ၁၅ ဦးခန့်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

(တိုက်ပွဲဖြစ်ပွားပြီးနယ်​မြေရှင်းရာစစ်တပ်ထံမှသိမ်းဆည်းရရှိ​သော ခဲယမ်းအချို့ နှင့် စစ်ကောင်စီတပ်ပြန်ဆုတ်ချိန် ဇူလိုင် ၉ ရက်နံနက်ပိုင်းက စဥ်းအိုးလဟာရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးနေစဥ်။ဓါတ်ပုံ-​ပေးပို့)
(တိုက်ပွဲဖြစ်ပွားပြီးနယ်​မြေရှင်းရာစစ်တပ်ထံမှသိမ်းဆည်းရရှိ​သော ခဲယမ်းအချို့ နှင့် စစ်ကောင်စီတပ်ပြန်ဆုတ်ချိန် ဇူလိုင် ၉ ရက်နံနက်ပိုင်းက စဥ်းအိုးလဟာရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးနေစဥ်။ဓါတ်ပုံ-​ပေးပို့)

အလားတူ ဇူလိုင် ၆ ရက်နေ့ ညနေ ၅ နာရီခန့်တွင် စစ်တပ်ဘက်မှ (၃)ဖွဲ့ခွဲကာ နံဇရွာသို့ ထပ်မံစစ် ကြောင်းထိုးလာရာ နံဇနှင့် ပေါက်ပင်ကုန်းကြားတံ တားအနီး တိုက်ပွဲဖြစ်ပြီး ည ၇ နာရီကြော်အထိ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသခွဲ(၂)၊ အထူးစစ်ဆင်ရေးတပ်ရင်းထံမှ သိရသည်။

အဆိုပါ ဇူလိုင် ၆ ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၀ ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရသူများလည်းရှိသဖြင့် ကျောက်တံခါးဆေးရုံသို့ ပြန်သယ်၍ ကုသမှုပေးနေကြောင်း မြေပြင်အတည်ပြုချက်ရထားသည်ဟု အထူးစစ်ဆင်ရေးတပ်ရင်းမှ တာဝန် ရှိသူက ရှင်းပြသည်။

(တိုက်ပွဲဖြစ်ပွားပြီးနယ်​မြေရှင်းရာစစ်တပ်ထံမှသိမ်းဆည်းရရှိ​သော ခဲယမ်းအချို့ နှင့် စစ်ကောင်စီတပ်ပြန်ဆုတ်ချိန် ဇူလိုင် ၉ ရက်နံနက်ပိုင်းက စဥ်းအိုးလဟာရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးနေစဥ်။ဓါတ်ပုံ-​ပေးပို့)
(တိုက်ပွဲဖြစ်ပွားပြီးနယ်​မြေရှင်းရာစစ်တပ်ထံမှသိမ်းဆည်းရရှိ​သော ခဲယမ်းအချို့ နှင့် စစ်ကောင်စီတပ်ပြန်ဆုတ်ချိန် ဇူလိုင် ၉ ရက်နံနက်ပိုင်းက စဥ်းအိုးလဟာရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးနေစဥ်။ဓါတ်ပုံ-​ပေးပို့)

ယင်းစစ်ကောင်စီတပ်စစ်ကြောင်းသည် တိုက်ခိုက်ခံရပြီး အထိနာသွားသောကြောင့် ယနေ့(ဇူလိုင် ၉)နံ နက်ပိုင်းတွင် နံဇရွာအရှေ့ဘက် စဥ်းအိုးလဟာကျေးရွာသို့ဝင်ရောက်၍ ပြည်သူ့အိုးအိမ်များအား မီးရှို့ဖျက်ဆီးပြီး တပ်ပြန်ဆုတ်နေကြောင်း စုံစမ်းသိရသည်။

အထက်ပါ နံဇရွာနှင့် ပေါက်ပင်ကုန်းအနီးတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်မှ စစ်သုံးပစ္စည်းများနှင့် ကျည်ဘောက်အပါအဝင် ကျည်အချို့သိမ်းဆည်းရရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ