Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကန်ပက်လက်မှလာသည့် စစ်ကောင်စီတပ် ဆောနယ် ကျောက်ထုသို့ ဦးတည်လာ၊ တိုက်ပွဲဆက်ဖြစ်နိုင်ဟု ဒေသခံ PDFအသိပေး

ကျင်ဒွေးသို့ ဦးတည်စစ်ကြောင်းထိုးနေသော အင်အား ၃၀၀ကျော်ပါရှိသည့် စစ်ကောင်စီတပ်သည် လက်ရှိတွင် လှိုင်ဒုတ်ကျေးရွာသစ်အနီးသို့ ရောက်ရှိနေကြောင်း ကန်ပက်လက် CDFက ယမန်နေ့တွင် အသိပေးထားသည်။

(၂၀၂၂ ခုနှစ်တွင် မတူပီဘက်မှ ပြန်ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်းအားတွေ့ရစဥ်။ ဓာတ်ပုံ - HKL Mindat)
(၂၀၂၂ ခုနှစ်တွင် မတူပီဘက်မှ ပြန်ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်းအားတွေ့ရစဥ်။ ဓာတ်ပုံ - HKL Mindat)

ချင်းပြည်နယ် ကန်ပက်လက်မြို့မှ တပ်ချိန်းပြန်လာသည့် စစ်ကောင်စီတပ်သည် ဆောမြို့နယ် ကျောက်ထုသို့ ဦးတည်လာနေကြောင်း ဆောမြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကန်ပက်လက်မြို့မှ တပ်ချိန်းပြန်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းနှင့် ဒေသခံ ကာကွယ်ရေးတပ် ပူးပေါင်းဖွဲ့များသည် ဇူလိုင် ၂၃ရက်နှင့် ၂၄ရက်များက တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၅ဦးထက်မနည်းသေဆုံးကာ ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် တစ်ဦးကျဆုံးခဲ့သည်။

“ကျောက်ထုဘက်ကိုသူတို့လာမှာပေါ့။ လာရင် တိုက်ပွဲဖြစ်မှာပဲ။မနေ့ကလည်း ဖြစ်တယ်။ ကန်ပက်လက် အထွက် နတလ ကျောင်းနားမှာ ဖြစ်တယ်”ဟု ဆော PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့ တိုက်ပွဲ၌ စစ်ကောင်စီတပ်၏ အထိအခိုက်အခြေအနေ မသိရသေးဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“CDFနဲ့ ကျနော်တို့ အဖွဲ့တွေနဲ့ပူးပေါင်းတိုက်တာ။ သူတို့က ၁၂၀လောက်ရှိတယ် အင်အားက။ခြေလျင်လာတာ”ဟု ဆောနယ် PDF တာဝန်ရှိသူက ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်၏ စစ်ကြောင်းတစ်ခုသည် ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့သို့ သွားရောက်လျက်ရှိရာ ယင်းစစ်ကြောင်းနှင့်လည်း တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်ဟု ကန်ပက်လက် CDF က အသိပေးသည်။

ကျင်ဒွေးသို့ ဦးတည်စစ်ကြောင်းထိုးနေသော အင်အား ၃၀၀ကျော်ပါရှိသည့် စစ်ကောင်စီတပ်သည် လက်ရှိတွင် လှိုင်ဒုတ်ကျေးရွာသစ်အနီးသို့ ရောက်ရှိနေကြောင်း ကန်ပက်လက် CDFက ယမန်နေ့တွင် အသိပေးထားသည်။

ယင်းစစ်ကြောင်းနှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များအကြား ဇူလိုင် ၂၁ရက်က မဆာတွီရွာနှင့် မောချောင်းရွာအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်ဟုဆိုသည်။

အဆိုပါ စစ်ကြောင်းနှင့် ဆောနယ်ရှိ ကာကွယ်ရေးပူးပေါင်းတပ်များသည် ဇူလိုင်လကတည်းက တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ နှစ်ဖက်ထိခိုက်ကျဆုံးရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။