Connect with us

Hi, what are you looking for?

သတင်း

ကန်ပက်လက်မှလာသည့် စစ်ကောင်စီတပ် ဆောနယ် ကျောက်ထုသို့ ဦးတည်လာ၊ တိုက်ပွဲဆက်ဖြစ်နိုင်ဟု ဒေသခံ PDFအသိပေး

ကျင်ဒွေးသို့ ဦးတည်စစ်ကြောင်းထိုးနေသော အင်အား ၃၀၀ကျော်ပါရှိသည့် စစ်ကောင်စီတပ်သည် လက်ရှိတွင် လှိုင်ဒုတ်ကျေးရွာသစ်အနီးသို့ ရောက်ရှိနေကြောင်း ကန်ပက်လက် CDFက ယမန်နေ့တွင် အသိပေးထားသည်။

(၂၀၂၂ ခုနှစ်တွင် မတူပီဘက်မှ ပြန်ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်းအားတွေ့ရစဥ်။ ဓာတ်ပုံ - HKL Mindat)
(၂၀၂၂ ခုနှစ်တွင် မတူပီဘက်မှ ပြန်ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်းအားတွေ့ရစဥ်။ ဓာတ်ပုံ - HKL Mindat)

ချင်းပြည်နယ် ကန်ပက်လက်မြို့မှ တပ်ချိန်းပြန်လာသည့် စစ်ကောင်စီတပ်သည် ဆောမြို့နယ် ကျောက်ထုသို့ ဦးတည်လာနေကြောင်း ဆောမြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကန်ပက်လက်မြို့မှ တပ်ချိန်းပြန်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းနှင့် ဒေသခံ ကာကွယ်ရေးတပ် ပူးပေါင်းဖွဲ့များသည် ဇူလိုင် ၂၃ရက်နှင့် ၂၄ရက်များက တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၅ဦးထက်မနည်းသေဆုံးကာ ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် တစ်ဦးကျဆုံးခဲ့သည်။

“ကျောက်ထုဘက်ကိုသူတို့လာမှာပေါ့။ လာရင် တိုက်ပွဲဖြစ်မှာပဲ။မနေ့ကလည်း ဖြစ်တယ်။ ကန်ပက်လက် အထွက် နတလ ကျောင်းနားမှာ ဖြစ်တယ်”ဟု ဆော PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့ တိုက်ပွဲ၌ စစ်ကောင်စီတပ်၏ အထိအခိုက်အခြေအနေ မသိရသေးဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“CDFနဲ့ ကျနော်တို့ အဖွဲ့တွေနဲ့ပူးပေါင်းတိုက်တာ။ သူတို့က ၁၂၀လောက်ရှိတယ် အင်အားက။ခြေလျင်လာတာ”ဟု ဆောနယ် PDF တာဝန်ရှိသူက ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်၏ စစ်ကြောင်းတစ်ခုသည် ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့သို့ သွားရောက်လျက်ရှိရာ ယင်းစစ်ကြောင်းနှင့်လည်း တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်ဟု ကန်ပက်လက် CDF က အသိပေးသည်။

ကျင်ဒွေးသို့ ဦးတည်စစ်ကြောင်းထိုးနေသော အင်အား ၃၀၀ကျော်ပါရှိသည့် စစ်ကောင်စီတပ်သည် လက်ရှိတွင် လှိုင်ဒုတ်ကျေးရွာသစ်အနီးသို့ ရောက်ရှိနေကြောင်း ကန်ပက်လက် CDFက ယမန်နေ့တွင် အသိပေးထားသည်။

ယင်းစစ်ကြောင်းနှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များအကြား ဇူလိုင် ၂၁ရက်က မဆာတွီရွာနှင့် မောချောင်းရွာအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်ဟုဆိုသည်။

အဆိုပါ စစ်ကြောင်းနှင့် ဆောနယ်ရှိ ကာကွယ်ရေးပူးပေါင်းတပ်များသည် ဇူလိုင်လကတည်းက တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ နှစ်ဖက်ထိခိုက်ကျဆုံးရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

မကွေးတိုင်း၊ဆောမြို့နယ်မှာ စစ်တပ်ရဲ့ တပ်မ(၉၉)စစ်ကြောင်းထံက လက်နက်ခဲယမ်းတွေ ထပ်မံသိမ်းရတယ်လို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။