Connect with us

Hi, what are you looking for?

သတင်း

KNLA ပူးပေါင်းတပ် သိမ်းပိုက်ထားသော လက်ခတ်တောင်ကုန်းစခန်းကို စစ်ကောင်စီတပ် ပြန်လည်ရရှိရေး ထိုးစစ်ဆင်

စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်တို့ အပြန်အလှန်ပစ်ခတ်မှုအတွင်း အရပ်သားပြည်သူ တစ်ဦးသေဆုံးခဲ့ပြီး အမျိုးသားတစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်း သိရသည်။ ယနေ့(ဇူလိုင် ၂၅ ရက်)တွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေသည်ဟု ဆိုသည်။

(လက်ခတ်​တောင်ကုန်း​ပေါ်တွင် စစ်​ကောင်စီတပ် ၏ ၁၂၀ မမ အမြောက်ထား​သော​နေရာနှင့် ​ကျေးရွာများကိုအလွယ်တကူပစ်ခတ်ရန် အမှတ်အသားများ ပြုလုပ်ထားမှု။ ဓါတ်ပုံ- KNU)
(လက်ခတ်​တောင်ကုန်း​ပေါ်တွင် စစ်​ကောင်စီတပ် ၏ ၁၂၀ မမ အမြောက်ထား​သော​နေရာနှင့် ​ကျေးရွာများကိုအလွယ်တကူပစ်ခတ်ရန် အမှတ်အသားများ ပြုလုပ်ထားမှု။ ဓါတ်ပုံ- KNU)

▪︎နှစ်ရက်တာထိတွေ့တိုက်ပွဲများအတွင်းစစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားနေဟုဗိုလ်ဒါဘောပြော

လက်ခတ်တောင်တာဝါတိုင်ကုန်းစခန်းကို စစ်ကောင်စီက ပြန်လည်ရရှိရေးအတွက် ထိုးစစ်ဆင်နေပြီး ယမန်နေ့နှင့် ယနေ့တွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုများ ရှိနေကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

KNU ၏ KNLA ပူးပေါင်းတပ်က သိမ်းပိုက်ထားသော မြဝတီမြို့အနီးရှိ လက်ခတ်တောင်တာဝါတိုင်ကုန်းစခန်းကို စစ်ကောင်စီတပ်က ဇူလိုင် ၂၄ ရက် နံနက် ၅ နာရီခန့်တွင် ပြန်လည်ထိုးစစ်ဆင်လာခဲ့ရာ မိနစ် ၄၀ ခန့်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများခဲ့ကြောင်း ဖော်ပြသည်။

“ရန်သူအကျအဆုံးကတော့ များပေမဲ့ အခြေအနေက ပူပူနွေနွေးဖြစ်နေသေးတဲ့အချိန်မို့ ကျနော်တို အသေးစိတ်မသိရသေးဘူး” ဟု KNLA−ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက ဒူးပလာယာခရိုင် သတင်း နှင့် ပြန်ကြားရေးသို့ ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်တို့ အပြန်အလှန်ပစ်ခတ်မှုအတွင်း အရပ်သားပြည်သူ တစ်ဦးသေဆုံးခဲ့ပြီး အမျိုးသားတစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်း သိရသည်။ ယနေ့(ဇူလိုင် ၂၅ ရက်)တွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

KNLA ပူးပေါင်းတပ်သည် ဇူလိုင် ၂၁ ရက် နံနက် ၅ နာရီခန့်တွင် လက်ခတ်တောင်တာဝါတိုင်ကုန်းစခန်းကို သိမ်းပိုက်ရရှိခဲ့ပြီး ယင်းစခန်းကို ပြန်လည်းရရှိရေးအတွက် စစ်ကောင်စီတပ်မှ တပ်မ(၄၄) မှူးမှ တိုက်ရိုက်ညွှန်ကြားပြီး ခမရ(၂) နှင့် ခမရ(၁၁၈) စုပေါင်းထုတ်နုတ်အင်အား (၁၀၀) ကျော်ဖြင့် ထိုးစစ်ဆင်လျှက် ရှိနေကြောင်း KNLA−ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက ပြောသည်။

“ရန်သူကတော့ လက်ခတ် တောင်စခန်းကို ပြန်ရဖို့၊ ပြန်စိုးမိုးနိုင်ဖို့ ကြိုးစားနေတာ ဒီရက်နဲ့ဆို နှစ်ရက်ရှိပြီပေါ့။ ဒါပေမဲ့ တောင်ခြေ အနားထိ သူတို့ရောက်မလာနိုင်ဘူး။ သူတို့ထိခိုက် ကျဆုံးတာများလို့ ပြန်ဆုတ်သွားတယ် ထိခိုက် သေဆုံးတဲ့ သူ့လူတွေကို ပြန်ဆွဲပြီး လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ကျနော်တို့ကို ပြန်ပစ်နေတယ်။ အခြေနေကတော့ ဆက်လက်ပြင်းထန်ဖို့ရှိတယ်”ဟု KNLA−ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘော မှ ဒူးပလာယာခရိုင် သတင်း နှင့် ပြန်ကြားရေးသို့ ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။