Connect with us

Hi, what are you looking for?

သတင်း

ဖားဆောင်းနှင့် မယ်စဲ့မြို့နယ်ကြား ယနေ့ တိုက်ပွဲပြင်းထန်နေ

မြေပြင်စစ်ကြောင်းသုံးခုအပါအဝင် လက်နက်ကြီးနှင့် လေကြောင်းပစ်ကူ အဆမတန်အသုံးပြု၍ ဇူလိုင် ၂၁ ရက်ကစ၍ စစ်ကောင်စီက မယ်စဲ့မြို့ကို ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည်။

(မယ်စဲ့မြို့နယ် စစ်ရေးတစ်နေရာ၌ တွေ့ရသော ကရင်နီတပ်ပေါင်းမှ ရဲဘော်များ။ ဓာတ်ပုံ - CJ)
(မယ်စဲ့မြို့နယ် စစ်ရေးတစ်နေရာ၌ တွေ့ရသော ကရင်နီတပ်ပေါင်းမှ ရဲဘော်များ။ ဓာတ်ပုံ - CJ)

ကရင်နီပြည်နယ် ဖားဆောင်းနှင့် မယ်စဲ့မြို့နယ်ကြား၌ တိုက်ပွဲပြင်းထန်နေကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဇူလိုင် ၂၆ရက်) နေ့လယ်ပိုင်းကစ၍ သံလွင်မြစ်အရှေ့ဖက်ခြမ်းရှိ ဖားဆောင်းမြို့နယ် (ကျောက်ပန်းညိုရွာ)ကျော်ကာ မယ်စဲ့မြို့နယ်ရှိ ကျောက်စုကျေးရွာသို့ စစ်ထိုးဝင်လာသည့် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်များအကြား ထိတွေ့မှု ပြင်းထန်နေခြင်းဟု ဆိုသည်။

“မြေပြင်အခြေအနေမှာ စကစဘက်အကျအဆုံးများနေလို့ လေကြောင်းစစ်ကူခေါ်ပြီး ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်နေရပါတယ်”ဟု ကရင်နီစစ်ရေး သတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲဖြစ်စဥ်အသေးစိတ်ကိုမူ ဖားဆောင်း PDFထံ လူထုနွေဦးက ဆက်သွယ်ထားသော်လည်း အသေးစိတ်မသိရှိရသေးပေ။

Public Service Announcement

Public Service Announcement

မြေပြင်စစ်ကြောင်းသုံးခုအပါအဝင် လက်နက်ကြီးနှင့် လေကြောင်းပစ်ကူ အဆမတန်အသုံးပြု၍ ဇူလိုင် ၂၁ ရက်ကစ၍ စစ်ကောင်စီက မယ်စဲ့မြို့ကို ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည်။

Public Service Announcement
Public Service Announcement

အဆိုပါစစ်ကြောင်းများကို ဖားဆောင်း PDF ၊ ဘောလခဲ PDF ၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ၊ KNDF တပ်ရင်း (၂၀)နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU)တို့ ခုခံတိုက်ခိုက်ခဲ့ပြီး ဖားဆောင်း PDF မှအသက် (၂၂)နှစ်အရွယ်ရဲဘော် စောနိုဗယ် (ခေါ်)အာနိုးမှာ ဇူလိုင်၂၂ ရက်က ကျဆုံးခဲ့သည်။

ဇွန်လ ဒုတိယပတ်က မယ်စဲ့မြို့ကို ကရင်နီပူးပေါင်းတပ်က သိမ်းဆည်းလိုက်ပြီးနောက် ပြန်လည်ရယူနိုင်ရေး ရွာသစ်မြို့နှင့် ဖားဆောင်းမြို့တို့တွင်စစ်ကောင်စီက အင်အားအလုံး အရင်း ဖြည့်တင်းပြီးနောက် ဇွန်လတတိယပတ်ကစ၍ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။