Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲ – လွိုင်ကော်နှင့် မိုးဗြဲအရှေ့ဘက်ခြမ်း တိုက်ပွဲများတွင် စစ်ကောင်စီတပ် အထိနာ၊ ယာဥ်နှစ်စီး မီးလောင်

လက်ရှိ မိုးဗြဲ-လွိုင်ကော် တိုက်ပွဲအတွင်းရှိ ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးကလည်း “သေဆုံး အလောင်းတွေကို စက်မှုဇုံနားက အိမ်တစ်အိမ်ထဲကိုဆွဲသွင်းပြီး နေအိမ်နဲ့အတူ မီးရှို့ခဲ့တယ်”ဟု ပြောသည်။

(ယခုနှစ်မေလက မိုးဗြဲ-လွိုင်ကော်လမ်းပိုင်း၌ စစ်ကောင်စီယာဥ်တန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်နေစဥ်)
(ယခုနှစ်မေလက မိုးဗြဲ-လွိုင်ကော်လမ်းပိုင်း၌ စစ်ကောင်စီယာဥ်တန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်နေစဥ်)

မိုးဗြဲ – လွိုင်ကော်နှင့် မိုးဗြဲအရှေ့ဘက်ခြမ်း တိုက်ပွဲများတွင် စစ်ကောင်စီ ယာဥ်နှစ်စီးမီးလောင်ပြီး သေဆုံးသူလည်းများပြားကြောင်း ကရင်နီဒေသခံစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

အဆိုပါတိုက်ခိုက်မှုဖြစ်စဥ်အရ အောင်ပန်းအခြေစိုက် စစ်ကောင်စီတပ်ရင်းများကို ကရင်နီဒေသသို့ စစ်ကူပို့စဥ် မိုးဗြဲ – လွိုင်ကော်လမ်း၌ ကြားဖြတ်တိုက်ခိုက်ခံရခြင်းဟု ဆိုသည်။

“၂၄ ရက်နေ့က နွားလဝိုးရွာလမ်းခွဲမှာ ကြားဖြတ်တိုက်ခံရတာ။အဲဒီနေ့က စကစ ကားအစီးရေ ၄၅စီး လောက်ရှိတယ်။အောင်ပန်းဘက်ကနေ တပ်ဖြည့်လာတာ။အစုလိုက် မဟုတ်ဘူး။၅ စီးတစ်ဖြတ်၊သုံးစီးတစ်ဖြတ် ဆင်းလာတာမျိုး။အဲဒီကို ကြားဖြတ်တိုက်တာ။စကစ ကားနှစ်စီးမီးလောင်တာတော့ သေချာတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မိုးဗြဲ – လွိုင်ကော် လမ်းပိုင်းနှင့် မိုးဗြဲအရှေ့ဘက်ခြမ်းရှိ တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိနေပြီး အသေးစိတ်စာရင်းကို သက်ဆိုင်ရာ တပ်ရင်းများမှ အသိပေးမည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ထိတွေ့မှုတွေက သူတို့ဘက်က အင်အားဖြည့်တာကို ဖြတ်တိုက်တယ်။နောက်ပြီး စစ်ထိုးလာတာလည်းပါတာပေါ့”၎င်းက ပြောသည်။

လက်ရှိ မိုးဗြဲ-လွိုင်ကော် တိုက်ပွဲအတွင်းရှိ ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးကလည်း “သေဆုံး အလောင်းတွေကို စက်မှုဇုံနားက အိမ်တစ်အိမ်ထဲကိုဆွဲသွင်းပြီး နေအိမ်နဲ့အတူ မီးရှို့ခဲ့တယ်”ဟု ပြောသည်။

မိုးဗြဲ – လွိုင်ကော် နှင့် မိုးဗြဲမြို့ဆီဆိုင်လမ်းမကြီးကို စစ်ကောင်စီက ထိန်းချုပ်နိုင်ရန် စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလှုပ်ရှားခဲ့သည်။

ထို့အတူ ယခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်မှတဆင့် ကရင်နီဒေသသို့ စစ်ကားအစီးရေ ၇၀ ကျော်အထိ ဝင်ရောက်လာပြီး အင်အား ၁,၀၀၀ထက်မနည်းပါရှိနိုင်ကြောင်း ကရင်နီစစ်ဖက်ရေးရာသတင်းရင်း မြစ်များက ခန့်မှန်းသည်။

ဖယ်ခုံမြို့မှအစပြု၍ မိုးဗြဲ -နန်းဖယ်ခုံ၊ မိုးဗြဲ-လွိုင်ကော် ၊ ဖားဆောင်း -မယ်စဲ့တို့တွင် တိုက်ပွဲများ ပြင်းထန်လာမည်ဟု ၎င်းတို့က သုံးသပ်သည်။

“ဒီနေ့လည်း တိုက်ပွဲဖြစ်နေတယ်။အသေးစိတ်အခြေအနေတော့ ပြောမရသေးဘူး”ဟု မိုးဗြဲ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။