Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲ – လွိုင်ကော်လမ်းပိုင်းတိုက်ပွဲ နှစ်ဖက်ထိခိုက်မှုရှိ

လက်ရှိတိုက်ပွဲအခြေအနေကြောင့် လွိုင်ကော်-မိုးဗြဲ ၊လွိိုင်ကော်-ဆီဆိုင်လမ်းကို ပြည်သူများအနေဖြင့် သွားလာခြင်းမပြုလုပ်ရန် ကရင်နီပူးပေါင်းတပ်က သတိပေးထားသည်။

(မိုးဗြဲ-လွိုင်ကော်လမ်းမကြီးတွင် စစ်ကောင်စီတပ် အား ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်နေစဉ်။(ပုံဟောင်းအသုံးပြုထားပါသည်)
(မိုးဗြဲ-လွိုင်ကော်လမ်းမကြီးတွင် စစ်ကောင်စီတပ် အား ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်နေစဉ်။(ပုံဟောင်းအသုံးပြုထားပါသည်)

မိုးဗြဲ – လွိုင်ကော်လမ်းမတစ်လျှောက် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်မှုရှိကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များက​ ပြောသည်။

မိုးဗြဲ – လွိုင်ကော်လမ်းမကြီးတစ်လျှောက် စစ်ကြောင်း ထိုးခြင်းအပါအဝင် ရှမ်းပြည်အခြေစိုက်တပ်များကို လွိုင်ကော်မြို့သို့ အင်အားဖြည့်နင်းနေသည့် စစ်ကောင်စီတပ် နှင့် ကရင်နီပူးပေါင်းတပ်များကြား ဇူလိုင် ၂၁ ရက်ကစ၍ တိုက်ပွဲများစတင်ခဲ့သည်ဟု ဆိုသည်။

“မနေ့ကဆို မိုးဗြဲအရှေ့ဘက် ဆောင်ကန်းနဲ့ ကန်းကျိုင်းမှာ တိုက်ပွဲဆက်ဖြစ်တယ်။အဓိကတော့ မိုးဗြဲကို စစ်ကူပို့ဖို့ရယ်။နောက်ပြီး လမ်းမကြီးကို စကစဘက်က ထိန်းချုပ်ဖို့ ကြိုးစားနေတာ”ဟု ကရင်နီစစ်ဘက်ရေးရာ သတင်းရင်းမြစ်က ရှင်းပြသည်။

ယမန်နေ့က တိုက်ပွဲမှာ ၆နာရီအထိကြာမြင်ခဲ့ပြီး စစ်ကောင်စီတပ်သားသေဆုံးမှုရှိကာ ကရင်နီပူးပေါင်းတပ်မှ ထိခိုက်ဒဏ်ရာရရှိသူရှိကြောင်းလည်း ဖယ်ခုံ PDF တပ်ဖွဲ့ဝင်တစ်ဦးက အသိပေးသည်။

Public Service Announcement

Public Service Announcement

“အင်အား ၂၀၀ လောက်နဲ့ ဝင်ထိုးလာတာ။လွိုင်ကော်နဲ့ ဖယ်ခုံအခြေစိုက် စစ်ကောင်စီတပ်တွေကနေ လက် နက်ကြီးနဲ့ နေ့ရော၊ညရော ပစ်ကူပေးနေတယ်”ဟု ၎င်းက ပြောသည်။

လွိုင်ကော် – မိုးဗြဲလမ်းပိုင်းတွင် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ကို ဖယ်ခုံ PDFတပ်ရင်း-၂၊ကရင်နီအမျိုးသားများကာကွယ်ရေးတပ်KNDF တပ်ရင်း (၃)၊မြို့ပြတော်လှန်ရေးတပ်ဦး(URF)တို့ပူးပေါင်း တိုက်ခိုက်နေသည်။

လက်ရှိတိုက်ပွဲအခြေအနေကြောင့် လွိုင်ကော်-မိုးဗြဲ ၊လွိိုင်ကော်-ဆီဆိုင်လမ်းကို ပြည်သူများအနေဖြင့် သွားလာခြင်းမပြုလုပ်ရန် ကရင်နီပူးပေါင်းတပ်က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။