Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သဘာဝတရားရိပ်သာ ကျောင်းထိုင်ဘုန်းကြီးကိုဆန်ဖရန်စ္စကိုရောက်မြန်မာများ ဆန္ဒပြ

ဆန္ဒပြပွဲကို Free Burma Action Committee-San Francisco ၏ဖေ့စ်ဘွတ်ခ်၌ Live လွှင့်ထားပြီး အဆိုပါဘုန်းကြီးသည် ကားရပ်ထား​သော်လည်း တစ်နာရီ​ကျော်သည်အထိ့ ဆင်းလာသည်ကိုမတွေ့ရပေ။

(ဆန်ဖရန်စ္စကို​ရောက်မြန်မာများက သဘာဝတရားရိပ်သာဆရာ​တော်ကို ဆန္ဒပြ​နေကြစဥ်။ဓါတ်ပုံ-CJ)
(ဆန်ဖရန်စ္စကို​ရောက်မြန်မာများက သဘာဝတရားရိပ်သာဆရာ​တော်ကို ဆန္ဒပြ​နေကြစဥ်။ဓါတ်ပုံ-CJ)

အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသည့် သန်လျင် သဘာဝတရားရိပ်သာကျောင်းထိုင်ဘုန်းကြီးဆန်ဖရန်စစ္စကိုမြို့သို့‌ရောက်ရှိစဉ် အ​မေရီကန်​ရောက် မြန်မာပြည်သူ ၆၀ ခန့်က ဆန္ဒပြကာ သံပုံးတီးခဲ့ကြသည်။

ဇူလိုင် ၂၇ ရက်က ဆန်ဖရန်စစ္စကိုဘေးဧရိယာ သို့ ရောက်ရှိစဉ် ယင်းမြို့ရှိမြန်မာပြည်သူများက သဘာဝတရားရိပ်သာ ကျောင်းထိုင်ဘုန်းကြီး၏ လုပ်ရပ်များကို ကန့်ကွက်ကြောင်း နှင့်စစ်ကောင်စီကို ထောက်ခံသည့်အပေါ် ကန့်ကွက်ဆန္ဒပြခဲ့သည်။

ဆန္ဒပြပွဲကို Free Burma Action Committee-San Francisco ၏ဖေ့စ်ဘွတ်ခ်၌ Live လွှင့်ထားပြီး အဆိုပါဘုန်းကြီးသည် ကားရပ်ထား​သော်လည်း တစ်နာရီ​ကျော်သည်အထိ့ ဆင်းလာသည်ကိုမတွေ့ရပေ။

“စစ်မိစ္ဆာလက်ပါးစေ သင်္ကန်းခြုံ အလိုမရှိ” ဟု ဆန္ဒပြပြည်သူများက ကားပတ်ပတ်လည်တွင်ရပ်ကာ ကြွေးကြော်ခဲ့ပြီးသံပုံးများတီး၍ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အမေရိကန်သို့ရောက်ရှိစဉ် တည်းခိုရန်အတွက် အခြားဘုန်း​တော်ကြီးကျောင်းများကလည်း လက်မခံကြောင်း နှင့် အဆိုပါနေရာ၌ ဆွမ်းဆန်အလှုခံရန် လာရောက်ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းနေရာသို့ လာရောက်ဆန္ဒပြသူများသည် အမေရိကန်နိုင်ငံတွင် သဘာဝတရားရိပ်သာဘုန်းကြီးကျောင်းဆောက်လုပ်သည့် အချိန်က အလှူငွေပါဝင်ဖူးသူများဖြစ်ကြောင်း Live လွှင့်သည့် San Lin အကောင့်ပိုင်ရှင်ကပြောကြားထားသည်။

“စကစကနေ ပြည်သူကိုသတ်နေတာ ရွာမီးရှို့နေတာကို လက်မခံကြောင်း Statement ထုတ်လိုက် ။ အဲဒါပြီးမှစကားဆက်ပြောမယ်။ အခုတော့ပြောစရာစကားမရှိဘူး။ နှင်ထုတ်တဲ့စကားပဲရှိတယ်” ဟု ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သည့် အမျိုးသားတစ်ဦးကပြောသည်။

ယင်းဘုန်းကြီး၏ ခရီးစဉ်နှင့်ပတ်သက်၍ ၎င်းတို့အားလုံးသိရှိထားသောကြောင့် ဆက်လက်လုပ်ဆောင်ခြင်းမပြုရန် ပြောကြားခဲ့သည်။

တစ်နာရီကျော်ကြာ ဆန္ဒပြပြီးနောက်ယင်းအဖွဲ့ထဲမှ အမျိုးသမီးတစ်ဦးက ကားအတွင်းမှ ဘုန်းကြီးနှင့်ဖုန်းပြောခဲ့ရာ မင်းအောင်လှိုင်ဘက်တွင် ရပ်တည်သလား၊ ပြည်သူဘက်တွင် ရပ်တည်သလား ပြတ်ပြတ်သားသားပြောရန်​မေးခဲ့သည်။

(ဆန်ဖရန်စ္စကို​ရောက်မြန်မာများက သဘာဝတရားရိပ်သာဆရာ​တော်ကို ဆန္ဒပြ​နေကြစဥ်။ဓါတ်ပုံ-CJ)
(ဆန်ဖရန်စ္စကို​ရောက်မြန်မာများက သဘာဝတရားရိပ်သာဆရာ​တော်ကို ဆန္ဒပြ​နေကြစဥ်။ဓါတ်ပုံ-CJ)

“ပြည်သူ့ဘက်မှာရပ်တည်တယ်လို့ Statement ထုတ်လိုက်။ ကျွန်မတို့က Welcome” ဟု ယင်းအမျိုးသမီးကပြောသည်။

သို့သော်လည်း အဆိုပါကိစ္စ‌အပေါ် ယင်းဘုန်ကြီးက တိတိကျကျဖြေကြားခြင်းမရှိခဲ့ပေ။

အဆိုပါဘုန်းကြီးသည် အမေရိကန် ငြိမ်းချမ်းရေးခရီးစဉ်ခေါင်းစဉ်ဖြင့် စစ်တပ်ရှိမှ ဘာသာ၊ သာသနာ တည်မြဲ မယ်ဟုဆိုကာ အကြမ်းဖက်စစ်ကောင်စီဘက်မှ အမေရိကန်ရောက် မြန်မာများကို စကားဝိုင်းမျာပြုလုပ်စည်းရုံးနေကြောင်း အ​မေရီကန်​ရောက်မြန်မာအချို့က​ပြောသည်။

“ဒီမိုကရေစီနိုင်ငံကိုလာပြီး စစ်မိစ္ဆာတွေကို အားပေးထောက်ခံတဲ့ သင်္ကန်းအရေခြုံထားတဲ့လူမှုရေးကို ဟန်ပြလုပ်နေတဲ့ဘုန်းကြီးက အမေရိကန်လာပြီး ငြိမ်းချမ်းရေးဆိုပြီး နာမည်လှလှသုံးပြီး လူလည်လာကြနေတာ No ပါ” ဟု San Lin အကောင့်ပိုင်ရှင်ကပြောသည်။

ဆန်ဖရန်စ္စကိုတွင် ဆန္ဒပြခံရခြင်းနှင့် ပတ်သပ်၍ သဘာဝတရားရိပ်သာဆရာ​တော်ထံ People’s Spring က​၎င်း၏ဖေစ်ဘွခ်မှတစ်ဆင့် သ​ဘောထားမှတ်ချက်​မေးမြန်း​သော်လည်းပြန်လည်​ဖြေကြားခြင်းမရှိ​ပေ။

သ‌ဘာဝတရားရိပ်သာကျောင်းထိုင်ဘုန်းကြီးသည် ပြီးခဲ့သည့်ဇွန်လ ၈ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးကိုသွားရောက်တွေ့ဆုံ၍ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးမှ အနားယူရန်တိုက်တွန်းခဲ့သည်။ဘုန်းကြီးလာပြီး​နောက်ပိုင်း ဦးတင်ဦး အိမ်တွင် ဧည်သည်လက်မခံ​ကြောင်း​ထောင်ခဲ့ရသည်။

လက်ရှိအာဏာသိမ်းဖြစ်စဉ်ခေါင်းဆောင် မင်းအောင်လှိူင်ကို တရားမချဘဲ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့်ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ရှာသည့်အပေါ် ယင်းဘုန်းကြီးကို ဝေဖန်မှုများရှိခဲ့ပြီး ယင်းကိစ္စနောက်ပိုင်း၌ ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် သဘာဝတရားရိပ်သာအတွက် ဆွမ်းမလောင်းသည့်ဖြစ်စဉ်အချို့လည်းရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။

နိုင်ငံတကာ

၂၀၂၂ ခုနှစ်တုန်းက ကောက်ယူတဲ့ စစ်တမ်းတစ်ခုအရ ကင်ညာနိုင်ငံမှာ အမျိုးသမီး သုံးပုံတစ်ပုံဟာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အနည်းနဲ့အများ ခံစားဖူးကြောင်း သိရှိရပါတယ်။

နိုင်ငံတကာ

မဏိပူရမှာ အင်ဖာလ်နဲ့ တချို့နေရာတွေမှာ နေဝင်မီးငြိမ်း ညမထွက်ရ အမိန့်ကို အကန့်အသတ်မရှိ ထုတ်ပြန်ထားပြီး မိုဘိုင်းအင်တာနက် ကွန်ရက်တွေကိုလည်း မြန်နှုန်းလျှော့ချထားတာ တစ်ပတ်နီးပါး ရှိလာပါပြီ။

သတင်း

မုံရွာမြို့ရဲ့ လူစည်ကားရာနေရာဖြစ်တဲ့ ကန်သာယာ အနီး ပြည်ထောင်စုလမ်းမပေါ်မှာ ဆန္ဒပြနေချိန် အိမ်စီးကားနဲ့ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖမ်းဆီးတာပါ။