Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဆန်ဈေးတည်ငြိမ်ရေးဟုဆိုကာ ဆန်အိတ် ၅သောင်းထုတ်ရောင်းမည်ဟု ဆန်စပါးအသင်းချုပ်ဆို

စစ်ကောင်စီက လက်ရှိတွင် စစ်ကိုင်းနှင့်မကွေးတိုင်းအတွင်း ဆန်အိတ်များ သယ်ယူခွင့် တားမြစ်ထားပြီး အဆိုပါဒေသများတွင် ဆန်ဈေး ပိုမိုကြီးမြင့်နေသည်။

ဆန်ဈေးတည်ငြိမ်ရေးဟုဆိုကာ ဆန်အိတ် ၅သောင်းထုတ်ရောင်းမည်ဟု ဆန်စပါးအသင်းချုပ်ဆို
ဆန်ဈေးတည်ငြိမ်ရေးဟုဆိုကာ ဆန်အိတ် ၅သောင်းထုတ်ရောင်းမည်ဟု ဆန်စပါးအသင်းချုပ်ဆို

ဆန်ဈေးနှုန်းတည်ငြိမ်ရေးအတွက်ဟုဆိုကာ ပို့ကုန်ကုမ္ပဏီထံမှ ဆန်အိတ် ၅၀,၀၀၀ ထုတ်ရောင်းသွားမည်ဟု ဆန်စပါးအသင်းချုပ်က ယနေ့ ထုတ်ပြန်သည်။

အဆိုပါ ဆန်အိတ်များအပြင် လိုအပ်ပါကထက်မံတိုးမြှင့်ရောင်းချသွားမည်ဟုဆိုထားသော်လည်း ရောင်းချမည့်နှုန်းနှင့် ပုံစံကို ထုတ်ပြန်ကြေညာခြင်းမရှိပေ။

အသင်းချုပ်အနေဖြင့် ဆန်ဈေးတည်ငြိမ်မှန်ကန်ရေး၊ ပစ္စည်းမှန်၊ ဈေးမှန်ဖြစ်စေ‌ရေးအတွက် သိုလှောင်ရုံ မှတ်ပုံတင်မှု၊ သိုလှောင်ရုံ စစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း ဖော်ပြထားသည်။

ထိုပြင် အသင်းချုပ်၏အဆိုအရ လျှပ်စစ်မီးပိုမိုရရှိ၍ ဆန်စက်များ လည်ပတ်ချိန်ပိုများလာခြင်း၊ ပဲခူးတိုင်းအနောက်ပိုင်းနှင့် နိုင်ငံအလယ်ပိုင်းတွင် စပါးရိတ်သိမ်းချိန်၊စပါးပေါ်ထွက်နေဆဲဖြစ်၍ ဆန်ဈေး၊ စပါးဈေးတည်ငြိမ်ရမည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

လက်ရှိ ဆန်ဈေးမြင့်တက်ခြင်းရမှာ သတင်းမှားများ၊ ကောလဟာလများကြောင့် ပြည်သူများ စိုးရိမ်မှုဖြင့် ဆန်များဝယ်ယူ စုဆောင်းနေခြင်းကြောင့်ဟု အသင်းချုပ်က ယူဆသည်။

လက်ရှိဈေးကွက်အတွင်း ရွှေဘိုပေါ်ဆန်းတစ်အိမ် ကျပ် ၁၂၀၀,၀၀၊ ပေါ်ဆန်းအုပ်ဝင် ဆန်ချောတစ်အိတ် ကျပ် ၁၀၀,၀၀၀နှင့် ဆန်ကြမ်းတစ်အိတ်ကို ကျပ် ၈၀,၀၀၀ အထိပေါက်ဈေးရှိနေသည်။

“သူတို့ရောင်းတဲ့ နှုန်းက သာမန်ပြည်သူတွေ ဝယ်ဖို့လက်လှမ်းမီတဲ့နေရာမှာ မဟုတ်ရင် သယ်ယူခနဲ့ ဈေးကသက်သာမှမဟုတ်ဘူး။ နောက်ပြီး ဒီဆန်အိတ်တွေကကော တကယ်လိုအပ်တဲ့နေရာ ရောက်မရောက်လည်း မသိနိုင်သေးဘူး”ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီက လက်ရှိတွင် စစ်ကိုင်းနှင့်မကွေးတိုင်းအတွင်း ဆန်အိတ်များ သယ်ယူခွင့် တားမြစ်ထားပြီး အဆိုပါဒေသများတွင် ဆန်ဈေး ပိုမိုကြီးမြင့်နေသည်။

နိုင်ငံတွင်း ပြင်းထန်လာသည့်တိုက်ပွဲများနှင့် စစ်ကောင်စီတပ်က မီးရှို့မှုများကြောင့် စစ်ကိုင်းနှင့်မကွေးတိုင်းတို့တွင် ကောက်ပဲသီးနှံစိုက်ပျိုးမှု လျော့ကျနေသည်။ လက်ရှိတွင် စစ်ကောင်စီထုတ်မည့် ကျပ်နှစ်သောင်းတန် ငွေစက္ကူကြောင့်လည်း ဈေးကွက်အတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ တဆဆမြင့်တက်နေသည်။

ပြည်တွင်း ဆန်ထွက်ရှိမှုလျော့ကျနေသော်လည်း ဆန်စပါးအသင်းချုပ်နှင့် စစ်ကောင်စီပူးပေါင်းကာ ပြည်ပကို ဆန်တင်ပို့နေခြင်းကြောင့် ပြည်တွင်း ဆန်ဈေးမြင့်တက်နေခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ဇွန်လတွင် ကုမ္ပဏီ ၄၁ခုက ပြည်ပကို ဆန်တန်ချိန် ၁၁၀,၀၀၀ ကျော်တင်ပို့ခဲ့သည်။

စစ်ကောင်စီနှင့် ဆန်စပါးအသင်းချုပ်တို့က ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပကို ဆန်တန်ချိန် ၂၂ ဒဿမ ၆ သန်းတင်ပို့ပြီး ဒေါ်လာသန်း ၈၅၀ရရှိခဲ့သည်။ လာမည့် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင်လည်း ဆန်တန်ချိန် ၂သန်းခွဲတင်ပို့ကာ ဒေါ်လာ တစ်ဘီလီယံရရှိရန် စီစဉ်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်အုပ်စုဟာနိုင်ငံတစ်ဝန်းခုခံ​တော်လှန်မှု​တွေကို တိုက်ခိုက်နိုင်ဖို့ စစ်တပ်ရဲ့ အဓိကအားသာချက်ဖြစ်တဲ့ ​လေ​ကြောင်းက​နေတိုက်ခိုက်ဖို့ ​လေယာဥ်ဆီ၊ လက်နက်ခဲယမ်း ၊​ခေတ်မီ စစ်အသုံးအ​ဆောင်​တွေဝယ်ယူနိုင်ဖို့အတွက် ​ဒေါ်လာနဲ့ နိုင်ငံခြား​ငွေ အမြဲလိုအပ်​နေတာဖြစ်ပါတယ် ။

ဆောင်းပါး

"တကယ်တမ်း ကျွန်တော်တို့ရွာက ရေဦးနဲ့ ၈ မိုင်လောက်ကွာတယ်။ ဒါပေမယ့် ရေဦးက ထွက်တယ်ဆိုရင် အသင့်ပြင်ပြီးတော့ပြေးရတော့တာ။ပျိုးနှုတ်ပြီးသားလည်းပစ်ခဲ့ရတယ်။

သတင်း

စစ်ကောင်စီနှင့် ဆန်စပါးအသင်းချုပ်တို့က ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပကို ဆန်တန် ၂၂ ဒဿမ ၆ သန်းတင်ပို့ပြီး ဒေါ်လာ သန်း ၈၅၀ရရှိခဲ့သည်။ ယခုဘဏ္ဍာနှစ် ၂၀၂၃-၂၄ တွင်လည်း ဆန်တန်ချိန် ၂သန်းခွဲတင်ပို့ကာ ဒေါ်လာ တစ်ဘီလီယံရရှိရန် ဆိုကာ ပြည်ပသို့ ဆန်များတိုးပို့နေခြင်းဖြစ်သည်။

သတင်း

ပြင်ပပေါက်ဈေးတွင် ရွှေဘိုပေါ်ဆန်း တစ်အိတ် ၁၁၀,၀၀၀ ကျပ်မှ ၁၄၀,၀၀၀ ကျပ်၊ဧရာဝတီပေါ်ဆန်းတအိတ်ကို ကျပ် ၉၅,၀၀၀ မှ ၁၀,၃၀၀၀ ကျပ်နှင့် ဆန်ကြမ်းတစ်အိမ်ကို ကျပ် ၆၅,၀၀၀ဝန်းကျင် ရှိနေသည်။