Connect with us

Hi, what are you looking for?

သတင်း

ဆန်တန်ချိန် ၅၀ နှင့် အထက်သို့လှောင်သူများမဖြစ်မနေမှတ်ပုံတင်ရမည်ဟုစစ်ကောင်စီ ခြိမ်းခြောက်

ပြည်ပသို့ စနစ်တကျ ဆန်တင်ပို့ရောင်းချနိုင်ရေးနှင့် ဆန်စပါးဈေးကွက် တည်ငြိမ်မှန်ကန်စေရေးအတွက် ဆိုကာ ဆန်စပါးသို့လှောင်မှုအခြေအနေကို သိရှိလို၍ဖြစ်သည်ဟုစစ်ကောင်စီကအ​ကြောင်းပြထားသည်။

ဆန်တန်ချိန် ၅၀ နှင့် အထက်သို့လှောင်သူများမဖြစ်မနေမှတ်ပုံတင်ရမည်ဟုစစ်ကောင်စီ ခြိမ်းခြောက်
ဆန်တန်ချိန် ၅၀ နှင့် အထက်သို့လှောင်သူများမဖြစ်မနေမှတ်ပုံတင်ရမည်ဟုစစ်ကောင်စီ ခြိမ်းခြောက်

စောနွေဦး/People’s Spring

ဆန်တန်ချိန် ၅၀ သို့မဟုတ် စပါးတင်း ၅၀၀၀ အထက်ပိုင်ဆိုင်ထားသူများ စစ်ကောင်စီထံ မဖြစ်မနေမှတ်ပုံတင်ထားရမည်ဟု စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကဇွန် ၂၄ ရက်တွင်ထုတ်ပြန်ကန့်သတ်လိုက်သည်။

ပြည်ပသို့ စနစ်တကျ ဆန်တင်ပို့ရောင်းချနိုင်ရေးနှင့် ဆန်စပါးဈေးကွက် တည်ငြိမ်မှန်ကန်စေရေးအတွက် ဆိုကာ ဆန်စပါးသို့လှောင်မှုအခြေအနေကို သိရှိလို၍ဖြစ်သည်ဟုစစ်ကောင်စီကအ​ကြောင်းပြထားသည်။

“တကယ်တန်းတော့ ဆန်တွေဘယ်နားမှာသိုလှောင်ထားတယ်ဆိုတာ သူတို့(စစ်ကောင်စီ)သိထားချင်တာရယ်။ သူတို့လိုလာရင် ချက်ချင်းတောင်းနိုင်အောင်လို့ အခုလို လုပ်နေတာပါ။ ပြည်သူအတွက်တော့ မဟုတ်ပါဘူး”ဟု ဆန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် စစ်ကောင်စီထံ ဆန်စပါးသို့လှောင်ရုံ ၇၂၆ လုံး စာရင်းရရှိထားသည်ဟုလည်း စစ်ကောင်စီကဆိုသည်။ ထိုသို့ စာရင်းများရရှိရန် စစ်ကောင်စီက ပြီးခဲ့သည့်နှစ်နိုဝင်ဘာလကတည်းက ကြံစည်​နေခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း စစ်တပ်က ​ဒေါ်လာရရန် ပြည်ပသို့ဆန်အများအပြားတင်ပို့ခြင်း ၊ပြည်သူများစစ်​ဘေး​ရှောင်ထွက်​ပြေးရ​သောပြည်သူများလာပြီး စိုက်ပျိုးမှု​လျော့ကျခြင်း ၊ နိုင်ငံစီးပွား​ရေးကြပ်တည်းကာ စစ်​ကောင်စီက​ငွေစက္ကူအများအပြားရိုက်ထုတ်သဖြင့် နိုင်ငံအတွင်း ဆန်အပါအဝင် ကုန်ဈေးနှုန်းများမြင့်တက်လာပြီး ဆန်ဈေးသည် စစ်တပ်အာဏာမသိမ်းခင်ကထက် ၃ ဆကျော်မြင့်တက်လာခြင်းဖြစ်သည်။

ဆန်ဈေးမြင့်တက်လာချိန်တွင် စစ်ကောင်စီက ၎င်းတို့ သတ်မှတ်နှုန်းအတိုင်းရောင်းချရန် သတ်မှတ်ထားပြီး ဆန်ဝယ်ယူရာတွင်လည်း အိမ်ထောင်စုစာရင်း၊မှတ်ပုံတင်စသည့်တိုပြသပြီး တန်းစီဝယ်ယူ​နေကြရသည်။

စစ်ကောင်စီက ဆန်ကြမ်းတအိတ်ကို ကျပ် ၇၀၀၀၀ ဝန်းကျင် နှင့် ရွှေဘိုပေါ်ဆန်းတအိတ်ကို ကျပ် ၁၃၅,၀၀၀ ဖြင့်​ရောင်းချရန်သတ်မှတ်ထားသည်။ ပြင်ပပေါက်ဈေးတွင် ဆန်ကြမ်းတအိတ် ကျပ် ၉၀,၀၀၀ နှင့် ရွှေဘိုပေါ်ဆန်းတအိတ်ကို ကျပ် ၁၈၀,၀၀၀ ပေါက်ဈေးရှိနေသည်။

ထိုပြင် စစ်ကောင်စီက ဈေးကွက်အတွင်းရောင်းချနှုန်းမှုကို၎င်းတို့သတ်မှတ်နှုန်း၏ ၅ ရာခိုင်နှုန်းမှာ ၁၀ ရာခိုင်နှုန်းသာ ကွာခြားရန်နှင့် စူပါမားကတ်၊မီနီမတ်များတွင် ၁၀ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းကွာခြားရန်လည်း သတ်မှတ်ထားသည်။

သတ်မှတ်နှုန်းအတိုင်းမရောင်းချသည့် ဆန်ဆိုင်၃၀၀ကျော်ကို စစ်ကောင်စီက ဝန်ခံကတိထိုးခိုင်းပြီး မထိုးပါက ထောင်ဒဏ် ၆ လမှ တစ်နှစ်အထိချမှတ်မည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ထားသည်။

စစ်ကောင်စီက ဖိအား​ပေးပြီး ဆန်စပါးဈေးနှုန်းကို သတ်မှတ်ပြီးနောက် ဆန်စပါးဈေးကွက်အတွင်း အရောင်းအဝယ်ရပ်တန့်နေသည်။

ထိုအပြင်စစ်​ကောင်စီသည် ဆန်​ဈေးတက်သည်ဆိုကာ ဆန်းစပါးအသင်း ဥက္ကဌ အပါအဝင် လုပ်ငန်းရှင်များကို ဖမ်းဆီး စစ်​ဆေးခဲ့​သေးသည်။

ဆန်​ဈေးတက်သည်ဆိုကာ ဆန်ကုန်သည်များ ၊ဆန်ဆိုင်များကို ခြိမ်း​ခြောက်ကန့်သတ်​နေ​သော်လည်း လက်နက်ခဲယမ်းနှင့် ​လေယာဥ်ဆီဝယ်ယူနိုင်​ရေး ​ဒေါ်လာရရန်အတွက် စစ်​ကောင်စီက ဆန်ကို ပြည်ပသို့ ဆက်လက်​ရောင်းချ​နေဆဲဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် ဆန်တန်ချိန် တစ်သန်း​ကျော်တင်ပို့ခဲ့ပြီး ယခုနှစ် ​မေလတစ်လတည်းမှာပင် တန်ချိန် ခုနှစ်​သောင်း​ကျော်တင်ပို့ထားသည်။

ဆန်​ဈေးများတက်​နေ​သော်လည်း၂၀၂၄-၂၀၂၅ ဘဏ္ဍာ​ရေးနှစ်တွင် စစ်​ကောင်စီနှင့် ဆန်စပါးအသင်းချုပ်က ဆန်တင်ပို့မှုကိုစံချိန်တင်၍ တန်ချိန် ၂ သန်းတင်ပို့ရန် လျာထားခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။