Connect with us

Hi, what are you looking for?

သတင်း

လေကြောင်းဗုံးကြဲခံရ၍ ပျက်စီးသွားသည့် မလိစက်ရုံဓာတ်အားလိုင်း စစ်ရေးကြောင့် ပြုပြင်ရန်ခက်နေ

KIAနှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင်လဆန်းမှစ၍ မြစ်ကြီးနား ဗန်းမော်လမ်းတလျှောက်နှင့် နမ်ဆန်ယန်ဒေသတွင် တိုက်ပွဲများနေ့စဉ်နီးပါးဖြစ်ပွားခဲ့သည်မှာတစ်လကျော်ပြီဖြစ်သည်။

(ယမန်နေ့က မလိချောင်းအနီး လေကြောင်းတိုက်ခိုက်ခံရမှု သတင်းဖော်ပြရာ၌ KIA သတင်းပြန်ကြားရေးဌာနက အသုံးပြုခဲ့သည့်ဓာတ်ပုံ။ ဓာတ်ပုံ - The Kachinnet)
(ယမန်နေ့က မလိချောင်းအနီး လေကြောင်းတိုက်ခိုက်ခံရမှု သတင်းဖော်ပြရာ၌ KIA သတင်းပြန်ကြားရေးဌာနက အသုံးပြုခဲ့သည့်ဓာတ်ပုံ။ ဓာတ်ပုံ - The Kachinnet)

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့၍ ပျက်စီးခဲ့သည့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မလိရေအားလျှပ်စစ်စက်ရုံ ဓာတ်အားလိုင်းကို ပြုပြင်ရန်မှာ စစ်ရေးအခြေအနေများကြောင့် အခက်အခဲရှိနေကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောသည်။

မလိချောင်းအနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ဩဂုတ် ၃ရက်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က သိမ်းပိုက်ပြီးနောက် ယမန်နေ့ ဩဂုတ် ၄ရက် နံနက် ၁၁နာရီခွဲခန့်တွင် စစ်ကောင်စီက အဆိုပါဒေသသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“မနေ့က ပျက်သွားလို့ ၁၁နာရီကျော်လောက်မှာ ဖြစ်သွားလို့ မီးကလည်း မလိစက်ရုံကနေ လွှတ် တဲ့လိုင်းက မီးလွှတ်လို့မရတော့တာ။ ပြန်ပြင်ဖို့တော့ မလွယ်လောက်သေးဘူး။ အဲဒီမှာလည်း တိုက်ပွဲဖြစ်တယ်လို့ ကြားတယ်”ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

အဆိုပါ မလိရေအားလျှပ်စစ်စက်ရုံသည် ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)ပိုင် ဘူးဂါးကုမ္ပဏီက ဆောင်ရွက်သည့်လုပ်ငန်းဖြစ်ပြီး မြစ်ကြီးနား၊ ဝိုင်းမော်မြို့သို့ ဓာတ်အားပေးပို့ခြင်းဖြစ်သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မလိချောင်းအနီး စစ်ကောင်စီတပ်စခန်း သိမ်းပိုက်နိုင်မှုကို သတင်းကြားရကြောင်း နှင့် ယမန်နေ့တွင် စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်လာကြောင်း ပြောပြသည်။

“သူတို့ ဗုံးကြဲတဲ့အတွက် ကျနော်တို့ မလိကနေ ဝိုင်းမော်၊ မြစ်ကြီးနားဘက်ကိုသွယ်ပေးတဲ့ ရေအားလျှပ်စစ်ရဲ့မီးကြိုးတွေ ပျက်စီးသွားတယ်။ အခုတော့ မလိရေအားလျှပ်စစ်ကနေ မြစ်ကြီးနား၊ဝိုင်းမော်ဘက်ပေးတဲ့ဟာ နည်းနည်း အခက်အခဲရှိသွားတာ”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIAနှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင်လဆန်းမှစ၍ မြစ်ကြီးနား ဗန်းမော်လမ်းတလျှောက်နှင့် နမ်ဆန်ယန်ဒေသတွင် တိုက်ပွဲများနေ့စဉ်နီးပါးဖြစ်ပွားခဲ့သည်မှာတစ်လကျော်ပြီဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

စစ်ရေးဆိုင်ရာ ပူးတွဲကော်မတီတစ်ခု ဖွဲ့စည်းနိုင်ရေးအတွက် ထိုင်းနဲ့ တရုတ်တို့ကြား ကနဦးအဆင့် သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။