Connect with us

Hi, what are you looking for?

သတင်း

ကသာမြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်က ဒေသခံပြည်သူ ၁၉ဦး ဖမ်းဆီးထား

ကသာမြို့မှထွက်ခွာပါက ကချင်ပြည်နယ်၊ ရွှေကူမြို့သို့ ရောက်မည်ဖြစ်၍ မြစ်ကမ်းဘေးရှိ ကျေးရွာနေပြည်သူများ သတိပြုနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

(မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်‌ကြောင်းအတိုင်းထွက်လာသော စစ်ကောင်စီရေယာဉ်အုပ်စုအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်‌ကြောင်းအတိုင်းထွက်လာသော စစ်ကောင်စီရေယာဉ်အုပ်စုအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က အရပ်သားများအား ဖမ်းဆီးနေရာ ဩဂုတ် ပထမပတ်အတွင်း ဒေသခံပြည်သူ ၁၉ဦး အဖမ်းခံထားရကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်မှလာသော စစ်ကောင်စီ တပ်စစ်ကြောင်းသည် ကသာမြို့နယ် အင်းဒရမ်းနှင့်ကျောက်ထုံးကျေးရွာအပါအဝင် လမ်းတလျှောက်ကျေးရွာများအား စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

“အင်းဒရပ်၊ကုလားရွှေ၊ ပိုးဇာကုန်း၊ ချောင်းဝ ရွာတွေအပြင် တခြားရွာတွေကို လိုက်ပတ်ပြီး သောင်းကျန်းနေတာ။ တွေ့သမျှ လူကိုဖမ်းနေတာ။ အရပ်သား ၁၉ယောက် အဖမ်းခံထားရတယ်။အမျိုးသားတွေ။ ရွာက ၁၅ယောက်အထိပါတယ်”ဟု ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများအနက် ၁၁ဦး အသတ်ခံလိုက်ရကြောင်း ဩဂုတ် ၄ရက်တွင် သတင်းများရရှ်ိထားသော်လည်း အတည်မပြနိုင်သေးဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ကသာမြို့နယ်တွင် လတ်တလော ခြေလျင်စစ်ကြောင်း လေးခုအပြင် ထီးချိုင့်မြို့ဆိပ်ကမ်းမှ လာသော စစ်ကောင်စီ သင်္ဘောရေယာဉ်အုပ်စုသည် ကသာမြို့နယ် ဆိပ်ကမ်းတွင် ရပ်ထားသည်ဟု သိရသည်။

” သင်္ဘောတွေပေါ်ကနေ ဆန်အိတ်တွေ ချနေတယ်။ အကုန်လုံး ကသာဆိပ်ကမ်းမှာ ရပ်ထားတယ်။ ခြေလျင်စစ်ကြောင်းကလည်း ရှိနေတယ်”ဟု ကသာမြို့ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီရေယာဉ်အုပ်စုသည် ထီးချိုင့်မြို့ဆိပ်ကမ်းမှ ဩဂုတ် ၃ရက် နံနက်ပိုင်းတွင် ထွက်ခွာလာပြီး နံနက် ၁၁နာရီခွဲခန့်တွင် ကသာမြို့နယ်အတွင်းသို့ လက်နက်ကြီးပစ်ခတ် ဝင်ရောက်လာစဥ် ဧရာဝတီမြစ်ကမ်းဘေးကျေးရွာတစ်ရွာမှ (၁၀) နှစ်အရွယ်ကလေးငယ်တစ်ဦး လက်နက်ကြီးစ ထိမှန်ပြီး သေဆုံးခဲ့သည်။

ညနေပိုင်းတွင် အဆိုပါရေယာဉ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြသည်။ သို့သော် စစ်ကောင်စီဘက်မှ ထိခိုက်မှုကို မသိရပေ။

မြေပြင်မှ စစ်ကောင်စီ စစ်ကြောင်းကလည်း ‌ဩဂုတ် ၂ရက်နှင့် ၃ရက်တွင် ကျောက်ထုံးကြီးကျေးရွာ မီးရှို့ခဲ့ရာ နေအိမ် ၄၀ကျော်မီးလောင်သွားကြောင်း ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီသင်္ဘောရေယာဉ်အုပ်စုသည် ယနေ့ညနေအထိ ကသာမြို့ဆိပ်ကမ်း၌နေသည်။

ကသာမြို့မှထွက်ခွာပါက ကချင်ပြည်နယ်၊ ရွှေကူမြို့သို့ ရောက်မည်ဖြစ်၍ မြစ်ကမ်းဘေးရှိ ကျေးရွာနေပြည်သူများ သတိပြုနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

အဆိုပါ စစ်ကောင်စီရေယာဉ်အုပ်စုတွင် သင်္ဘာကိုးစီးပါဝင်ပြီး မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဇူလိုင် ၂၆ရက်တွင် စတင်ထွက်ခွာလာခြင်းဖြစ်သည်။

ကချင်ပြည်နယ်သို့ သွားမည်ဖြစ်ပြီး ရိက္ခာ၊ လက်နက်ခဲယမ်းနှင့် ဆက်သွယ်ရေးပစ္စည်းများ သယ်ဆောင်လာကြောင်းတော်လှန်ရေးအင်အားစုများက သတင်းရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။