Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနား – ဗန်းမော်လမ်းရှိ စစ်ကောင်စီစခန်း KIA တိုက်ခိုက်

ဝိုင်းမော်မြို့နယ် ကဇူးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို ဩဂုတ် ၅ရက် ညနေပိုင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံး အခြေအနေကို မသိရသေးဟုဆိုသည်။

(ရှေ့တန်းတစ်နေရာ၌ တွေ့ရသော ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ တပ်သားများ။ ဓာတ်ပုံ - People’s Spring)
(ရှေ့တန်းတစ်နေရာ၌ တွေ့ရသော ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ တပ်သားများ။ ဓာတ်ပုံ - People’s Spring)

▪️ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို KIA တန်ပြန်ထိုးစစ်ဖြင့် တုံ့ပြန်တိုက်ခိုက်နေဟု ဒေသခံပြော

ကချင်ပြည်နယ် မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်းရှိ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယမန်နေ့ ညနေပိုင်းတွင် လက်နက်ကြီး၊ ဒရုန်းအသုံးပြု တိုက်ခိုက်ခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

ဝိုင်းမော်မြို့နယ် ကဇူးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို ဩဂုတ် ၅ရက် ညနေပိုင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံး အခြေအနေကို မသိရသေးဟုဆိုသည်။

“ ကဇူး စခန်းကို ဒရုန်း၊ လက်နက်ကြီးနဲ့ ထုတာ ။ ဒဘတ်ချောင်းနားက စခန်း။ ဒဘတ်ယာန်၊ ကဇူး၊ ဂါရာယန်ရွာချင်းဆက် ။ အခုထိတော့ မသိမ်းရသေးဘူး” ဟု ဒေသခံက ပြောသည်။

ကဇူးကျေးရွာမှ နမ်ဆန်ချောင်းအထိ စစ်ကောင်စီတပ်စခန်းများကို KIAက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စခန်းတစ်ခုပြီး တစ်ခု စစ်ကောင်စီတပ်က ဆုတ်ခွာနေရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ ဒီဘက်(KIA)ကနေကို ထိုးစစ်စတာ။ကဇူးကို သိမ်းပြီးရင်တော့ ခမရ(၃၂၁)ပဲကျန်တော့တယ်။ ရွှေညောင်ပင်လမ်းမှာ။ အဲဒါပြီးရင် အောင်မြေ(၁)မှာ လီဆူးပြည်သူ့စစ်ပဲရှိတော့တယ်။ ဝိုင်းမော်ရောက်ပြီ အဲဒါဆိုရင်။KIAနဲ့ MOD (ကာကွယ်ရေးဝန်ကြီးဌာန)ဘက်ကလည်း ဒရုန်းနဲ့ လက်နက်ကြီးနဲ့ပဲ အများဆုံးသုံးတယ်ဆိုတော့ သူတို့လည်း သိပ်မလှုပ်ရှားရဲကြတော့ဘူး။ အခုက ။သူတို့ ကိုယ်တိုင် စခန်းအပြင် မထွက်ရဲကြတော့ဘူး” ဟု ကချင်ဒေသခံက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း မလိချောင်းအနီးရှိ စစ်ကောင်စီတပ်စခန်း တစ်ခုကို KIAက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းက တုံ့ပြန်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်သည် ဇူလိုင်လဆန်းတွင် KIO/KIA ဌာနချုပ် လိုင်ဇာနှင့်နီးသည့် နမ့်ဆန်ယန်ဒေသသို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သော်လည်း KIAနှင့် ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် အထိနာကာ လေကြောင်းပစ်ကူ လေးကြိမ်ထက်မနည်း အသုံးပြုခဲ့ရပြီး လက်နက်ကြီး ပစ်ခတ်မှုများလည်းလုပ်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာစစ်ရေးတင်းမာနေစဉ် စစ်ကောင်စီတပ်စစ်ကြောင်းက စစ်မှုထမ်းတပ်သား နှစ်ဦးဟာ လက်နက်ခဲယမ်းတွေယူထွက်ပြေးလာပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်ထံ အလင်းဝင်လာခဲ့ပါတယ်။

သတင်း

အနာဂတ်မှာနိုင်ငံရေး၊စီးပွားရေးမဟာမိတ်အဖြစ် ပူးပေါင်းချိတ်ဆက်ဖို့ဆွေးနွေးခဲ့ဟု ချင်းညီနောင်ပြော

သတင်း

ဖားကန့်မှာ ဒီ‌နေ့မနက်ပိုင်းအထိ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး KIA ၊KPDF ရဲ့ ပြင်းအားမြင့်တဲ့မိုင်းဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်တပ်ယာဉ်တန်းအထိနာပြီး ထိခိုက်သေဆုံးမှုတွေများပြားတယ်လို့ ​ဒေသခံစစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ )...